အီဂျစ်သမ္မတကို လုပ်ကြံဖို့ကြံစည်ခဲ့သူ ရှစ်ဦးကို သေဒဏ်ချ

ကိုင်ရို၊ ဖေဖော်ဝါရီ-၅-၂၀၁၉

မျိုးဆက် (VOM)

အီဂျစ်သမ္မတ စီစီကို ၂၀၁၄ ခုနှစ်က လုပ်ကြံဖို့ ကြိုးစားရာမှာ ပါဝင်တဲ့ လူရှစ်ဦးကို ပြစ်မှုထင်ရှားတာကြောင့် အီဂျစ်တရားရုံးက ဖေဖော်ဝါရီ ၄ ရက်မှာ သေဒဏ်ပေးလိုက်ပါတယ်။

အဆိုပါလူရှစ်ဦးဟာ သမ္မတစီစီနဲ့ ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုဟာမက်ဘင်နာရစ်တို့ကို ဘာသာရေးခရီးစဉ်တစ်ခုအတွက် ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်ချိန်မှာ သတ်ဖြတ်ဖို့ ကြံစည်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ လူ ၂၉၂ ဦးထဲကဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ တရားခံတွေကိုတော့ မတ်လ ၆ ရက်မှာ ပဏာမ စီရင်ချက်ချဖို့ ကြားနာမှာဖြစ်ပါတယ်။ သေဒဏ်ပေးလိုက်တဲ့ လူရှစ်ဦးကိုတော့ ၂၀၁၆ ခုနှစ် ဆိုင်နိုင်းမြောက်ပိုင်းမှာ တရားသူကြီး သုံးဦးကို သတ်ဖြတ်မှု၊ ပါလီမန်ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ တရားသူကြီး နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦးသေဆုံးခဲ့ရတဲ့ ဆိုင်နိုင်းက ဟိုတယ်တစ်ခုကို တိုက်ခိုက်မှုအပါအ၀င် နောက်ထပ်စွဲချက်တွေ တင်ပြီးနောက်မှာ ယခုလို သေဒဏ်ပေးလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့ဟာ စစ်သား ၃၀ ဦးသေဆုံးခဲ့ရတဲ့ ဆိုင်နိုင်းမြောက်ပိုင်းရှိ အီဂျစ်စစ်တပ် တပ်ရင်း ဌာနချုပ်တစ်ခုကို ၂၀၁၅ ခုနှစ်က တိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

၎င်းတို့ဟာ အီရတ်နဲ့ ဆီးရီးယားရှိ အိုင်အက်စ်တွေရဲ့ လေ့ကျင့်သင်ကြားခံထားရသူတွေဖြစ်တယ်လို့ အစိုးရရှေ့နေတွေက တရားရုံးမှာ ပြောပါတယ်။

Ref : UPI

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW