ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဂျပန်နိုင်ငံဝင်ရောက်ရေး မြောက်ကိုရီးယားကန့်ကွက်

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၆

မျိုးဆက် (VOM)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဂျပန်နိုင်ငံက ၀င်ရောက်မယ့် အရေးကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်ကန့်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်ကထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၂၉ ရက်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ဂျပန်နိုင်ငံက လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် နေရာရယူရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ကန့်ကွက်တယ်ဆိုတာကို ရှင်းလင်းတင်ပြခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံရဲ့  သမိုင်းကြောင်းနဲ့  အတိတ်ကစစ်ရာဇ၀တ်မှုတွေအတွက် အပြစ်ကိုချေဖျက်တာမျိုး မရှိတဲ့ ဂျပန်နိုင်ငံကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်အဖြစ် ခွင့်မပြုသင့်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ကင်ဆောင်က ပြောပါတယ်။

နိုင်ငံတကာ တရားမျှတမှုလုပ်ထုံးတွေနဲ့အတူ  ဘက်မလိုက်အဖွဲ့နဲ့  ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့  ကိုယ်စားပြုအခွင့်အရေးတွေကို အာမခံတဲ့ မျှတတဲ့ ဒီမိုကရေစီဝါဒနဲ့အညီ  လုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်တယ်လို့ ၎င်းကပြောပါတယ်။

လက်ရှိမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  အမြဲတမ်းအဖွဲ့ဝင်သစ်နှစ်နေရာအတွက် ဂျပန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနှင့်အတူ ထည့်သွင်းစဉ်းစားခံထားရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Ref & Photo : UPI

#voiceofmyanmar#ဂျပန်#မြောက်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW