တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကချင်ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ တွေ့ဆုံ

မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉

မရမ်ဂျာထွယ်အောင် (VOM)

ကချင်ပြည်နယ်ကိုရောက်နေတဲ့ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ ဗိုလ်​ချုပ်​မှုးကြီးမင်း​အောင်​လှိုင်​ဟာ  KBC, ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်, RC  ရိုမန်ကက်သလစ်အသင်းတော်က ဘာသာရေးဆရာတွေနဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိတဲ့ မလိခရိပ်​သာမှာ ​တွေ့ဆုံ​ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ခရီးစဉ်အနေနဲ့ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ ဗိုလ်​ချုပ်​မှုးကြီးမင်း​အောင်​လှိုင်​ဟာ KBC, RC  ဘာသာရေးဆရာတွေနဲ့ ကချင်ပြည်နယ်မှာတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်တွေ့ဆုံတာဖြစ်ပါတယ်။ တွေ့ဆုံတဲ့အထဲမှာ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှုး သိက္ခာတော်ရဆရာတော် ဦးတူးမိုင်ဦးဆောင်တဲ့အဖွဲ့မှာ ဆရာတော်လေးပါးနဲ့ RC ကက်သလစ်အသင်းတော်ကဆရာတော် လေးပါး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံထဲ့အထဲမှာပါတဲ့ ကတ်သလစ်အသင်းတော်က  ဖာသာနော်လတ်ကတော့

“ကျတော်တို့ကတ်သလစ်အသင်းတော်အနေနဲ့က ပထမဆုံးဆရာတော်အနေနဲ့ ပြောတာကတော့ မြစ်ဆုံရေကာတာကို ကျနော်တို့ ကတ်သလစ်သဘောထားအမြင်တွေကိုပြောပါတယ်။ လူထုသဘောထားကိုဆန့်ကျင်ပြီးဘာမှမလုပ်ဖို့ ဆွေးနွေးပါတယ်။ လူထုနဲ့အတူရပ်တည်သွားမယ်ဆိုတဲ့အကြောင်းပြောပါတယ်။

ဖာသာနော်ဒင်ကတော့ “မြစ်ဆုံရေကာတာကိုဆောက်မယ်ဆိုရင် ကျတော်တို့ကချင်ပြည်နယ်ပျောက်သွားမယ် မဆောက်သင့်တဲ့အကြောင်းပြောပါတယ် “ လို့ ဖာသာနော်လတ်က မီဒီယာတွေကို ပြောပါတယ်။

ဒီတွေဆုံပွဲမှာ စစ်​​ဘေး​ရှောင်​ပြည်​သူများမိမိ​နေရပ်​သို့ ​အေးချမ်းလုံခြုံစွာ ပြန်​လည်​​နေထိုင်​ရေးနဲ့  မြစ်​ဆုံ​ရေကာတာစီမံကိန်းကို အများပြည်​သူဆန္ဒနဲ့အညီဆောင်​ရွက်​မှုပြုလုပ်ရန် အတွက် တင်ပြဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar#ကချင်ခရစ်ယာန်ခေါင်းဆောင်တွေနဲ့တပ်ချုပ်တွေ့ဆုံ

ဓာတ်ပုံ KBCဖေ့ဘွတ်

Related posts

Leave a Comment

VOM News

FREE
VIEW