စစ်ကိုင်းတိုင်းအဆင့် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်း

မုံရွာ ဖေဖေါ်ဝါရီ ၁၃-၂၀၁၉

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ကာ တိုင်းအတွင်းက တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်လာစေရေးကို ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ် ရုံးခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ်ကို စစ်ကိုင်းတိုင်းအတွင်း ခရိုင် ၁၀ ခရိုင်က တောင်သူလယ်သမားတွေနဲ့ ရွေးချယ်ကာ ၂၀၁၄ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ တရားဝင်မှတ်ပုံတင်ကာ ရပ်တည်လာတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ သမဂ္ဂအနေနဲ့ တိုင်းအတွင်းက မြေသိမ်း၊ ယာသိမ်းကိစ္စတွေမှာ မြို့နယ်၊ ခရိုင်၊ တိုင်း လယ်မြေစစ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ အကူအညီပေးနေပြီး မြေယာဥပဒေသင်တန်း၊ မြေသြဇာသင်တန်းတွေ၊ သွင်းအားစု စနစ်တကျသုံးစွဲနိုင်ရေးသင်တန်းတွေကိုလည်း တောင်သူတွေကို ပို့ချပေးနေပါတယ်။

နောက်ထပ်လည်း တောင်သူတွေနဲ့ပတ်သက်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကာ တောင်သူတွေအဓိကကြုံတွေ့နေရတဲ့အခက်အခဲဖြစ်တဲ့ မျိုးစေ့အာမခံချက်၊ ဈေးကွက်အာမခံချက်၊ သွင်းအားစုစတဲ့ကိစ္စရပ်တွေကိုလည်း စာတမ်းတွေရေးသားကာ အစိုးရထံတင်ပြသွားမှာဖြစ်ပြီး လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

#voiceofmyanmar#စစ်ကိုင်း#တောင်သူလယ်သမားအဖွဲ့ချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW