ဝက်သက်ရောဂါကာကွယ်ရေး ပျံကျရွေ့လျားနေထိုင်သူတွေပါဝင်ဖို့ QGIS စနစ်အသုံးပြုမယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းအတွင်းက  မြို့နယ် ၇ မြို့နယ်မှာ ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံတဲ့ အခါ ပျံကျရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်ကိုပါ အတိအကျသိရှိနိုင်မယ့် QGIS စနစ်သုံးပြီး ပထဝီမြေပြင် တည်နေရာနဲ့  သတင်းအချက်အလက် စနစ်အသုံးချ ဆောင်ရွက်သွားမယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုပါတယ်။   ဒီစနစ်နဲ့  ပျံကျ ရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်တွေကောက်ယူဖို့ ကနဦး စီစဉ်ထားတဲ့ နေရာတွေကတော့ အရှေ့ပိုင်းခရိုင် ထဲက ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့  မြောက်ပိုင်းခရိုင်ထဲက  လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တွေဖြစ်ပါတယ်။ QGIS software အသုံးပြုဆောင်ရွက်တဲ့အခါ  သက်ဆိုင်ရာ နေရာဒေသအလိုက် ကာကွယ်ဆေးထိုးရမယ့်  ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေ တွေရဲ့ တည်နေရာ၊ ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေ၊ ကျန်းမာရေးဌာနတည်နေရာ၊ ကာကွယ်ဆေးထိုးလုပ်ဆောင်ရွက်ရာမှာ…

Read More

ငွေရတုမွေးနေ့အကြို စီးရီး ၇ခွေ မိတ်ဆက် လိုက်တဲ့ ပိုးအိစံ

  ရန်ကုန် ဖေဖော်ဝါရီ ၁၃- ၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာသံ တေးသီချင်းတွေနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ပိုးအိစံကတော့ ငွေရတုမွေးနေ့အုကြို စီးရီး ခွေ၇ခွေ မိတ်ဆက် လိုက်ပါတယ်။ ပိုးအိစံ၏ ငွေရတုအကြို အနေနဲ့ ” ငွေရတုပိုးအိစံ”အထိမ်းအမှတ် သီချင်းခွေ ၇ ခွေဖြစ်တဲ့ ”ပိုးအိစံ မွေးဖွားခြင်း နှစ် ၂၀ ပြည့် Live Show” ၂ နှင့် ၃ ၊”နှလုံးသား ပုဂံပြည်” ၊”စောင်ညှို့သံနှလုံးသား”၊”ငွေသောင်ယံ”၊”လရောင်ပျိုးတဲ့ ကုမုဒြာ” နဲ့ ”လားရှိုးမင်းသားလေး” ဆိုတဲ့သီချင်းခွေတွေကို ထုတ်ဝေလိုက်ပါတယ်။ ”အစ်မရဲ့ ငွေရတုအကြိုအနေနဲ့ ဒီခွေလေးတွေကို ထုတ်ဖြစ်တာပါ။အစ်မရဲ့ သီချင်းတွေက အရမ်းလည်း များနေတော့ ဒီလိုမှမထုတ်ရင် မထုတ်ဖြစ်တော့ဘူးလေ။နောက် နှစ်၆၀ ဆိုရင်အစ်မရှိချင် မှရှိတော့မှာလေ”လို့ဆိုပါတယ်။ သူမရဲ့ အခွေတွေကတော့ တေးသီချင်းဟောင်းတွေပါသလို တေးသီချင်းသစ်တွေလည်း…

Read More

စစ်ကိုင်းတိုင်းအဆင့် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်း

မုံရွာ ဖေဖေါ်ဝါရီ ၁၃-၂၀၁၉ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ကာ တိုင်းအတွင်းက တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်လာစေရေးကို ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ် ရုံးခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ်ကို စစ်ကိုင်းတိုင်းအတွင်း ခရိုင် ၁၀ ခရိုင်က တောင်သူလယ်သမားတွေနဲ့ ရွေးချယ်ကာ ၂၀၁၄ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ တရားဝင်မှတ်ပုံတင်ကာ ရပ်တည်လာတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သမဂ္ဂအနေနဲ့ တိုင်းအတွင်းက မြေသိမ်း၊ ယာသိမ်းကိစ္စတွေမှာ မြို့နယ်၊ ခရိုင်၊ တိုင်း လယ်မြေစစ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ အကူအညီပေးနေပြီး မြေယာဥပဒေသင်တန်း၊ မြေသြဇာသင်တန်းတွေ၊ သွင်းအားစု စနစ်တကျသုံးစွဲနိုင်ရေးသင်တန်းတွေကိုလည်း တောင်သူတွေကို ပို့ချပေးနေပါတယ်။ နောက်ထပ်လည်း တောင်သူတွေနဲ့ပတ်သက်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကာ တောင်သူတွေအဓိကကြုံတွေ့နေရတဲ့အခက်အခဲဖြစ်တဲ့…

Read More

ဥရောပနည်းပညာနဲ့ လျှပ်စစ်ကားများ ထုတ်လုပ်ဖို့ သာဂရ အကြီးစားစက်ရုံမှာ စမ်းသပ်ဆောင်ရွက်နေ

နေပြည်တော်၊ဖေဖော်ဝါရီ ၁၃-၂၀၁၉ ဒီပ(နေပြည်တော်) ဟန်ဂေရီနိုင်ငံ၊ CSEPLE Holding Ltd.မှ ထုတ်လုပ်တဲ့ MODULO Brand Electric Bus များကို ဥရောပနည်းပညာနဲ့ Green Power Myanmar Co.,Ltdနဲ့ ပူးပေါင်းပြီး အမှတ်(၁၄) အကြီးစားစက်ရုံ (သာဂရ)မှာ စမ်းသပ်ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ “လျှပ်စစ်ဘတ်စ်ကားများအတွက် Axle,Suspension, Steering,Brake, Drive Motor, Batteryနဲ့ Control Unitများ၊ အားသွင်းစနစ်များနဲ့ အခြားဆက်စပ် ပစ္စည်းများကိုတော့ ဂျာမနီနိုင်ငံ၊ဟန်ဂေရီနိုင်ငံများက ရယူပြီး တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဓိကကျတဲ့ ဘတ်ထရီကိုတော့ ဥရောပနဲ့ တရုတ်နိုင်ငံတွေကနေ မှာယူအသုံးပြုသွားမှာ ဖြစ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုခဲ့ပါတယ်။ ခရီးသည်တင် ဘတ်စ်အမျိုးအစားကိုတော့ Model(၃)မျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်သလို…

Read More

စမ်းချောင်းမြို့နယ်မှာ အခန်းအတွင်း အပုပ်နံ့ထွက်လာမှ အဖွားအိုတဦး အလောင်းတွေ့

ရန်ကုန် ဖေဖော်ဝါရီ ၁၃ -၂၀၁၉ TGH (VOM)   နေအိမ်အခန်းအတွင်း အပုပ်နံ့ထွက်ပေါ်မှ အသက် ၇၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးသေဆုံးနေကြောင်း သိရှိရတဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ယနေ့ဖြစ်ပွားခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်၊ မင်းလမ်းမှာရှိတဲ့ အိမ်အမှတ် ၆၈ ရဲ့ ပထမထပ် နေအိမ်အခန်းတွင်းက ယနေ့ ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အပုပ်နံ့ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုအပုပ်နံ့ထွက်တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက နေအိမ်အတွင်း ၀င်ရောက်စစ်ဆေးတဲ့အခါ အိမ်ရှင်အမျိုးသမီးတစ်ဦးသေဆုံးနေ တာကိုတွေ့ရှိခဲ့ရတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး ဦးမျိုးမြင့်က ပြောပါတယ်။ ”သူက စမ်းချောင်းသူပါ။ လမ်းသွားလမ်းလာတွေက ဒီရှေ့ကနေဖြတ်သွားတိုင်း ပုပ်စော်နံတယ်ပြောကြလို့ ခုလို လာစစ်ဆေးကြည့်တော့ သေနေတာတွေ့ရတယ် အလောင်းက တော်တော်လေးပုပ်နေပြီ။ ခန့်မှန်း  ၄ ရက် ၅ ရက်လောက်ရှိနေပြီထင်တယ် ၊ သူ့မှာရန်ငြိုးရန်စလည်းမရှိဘူး အသက်လည်းကြီးနေပြီဆိုတော့ သမားရိုးကျဖြစ်ဖို့များပါတယ်”လို့ဆိုပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့နာမည်က …

Read More

ရတနာပုံတက္ကသိုလ် ​ဗကသ ​ကျောင်းသားခုနှစ်ဦးကို အပြီးသတ် အမိန့်ချ

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၁၃-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်မှာ ​ကျောင်းတွင်းလုံခြုံ​ရေး တိုးမြင့်​ချထား​ပေးဖို့ နိုင်​ငံ​တော်​အကြီးအကဲ​တွေရဲ့ ဓာတ်​ပုံ​တွေကို မီးရှို့ဆန္ဒပြခဲ့ကြတဲ့ ဗကသ​ကျောင်းသား (၇)ဦး ကို ဒီက​နေ့မနက်​ပိုင်းက အမရပူရတရားရုံးက​နေ အပြီးသတ်​အမိန့်​ချမှတ်​ခဲ့ပါတယ်​။   ​ပုဒ်မ ၄၃၅ နဲ့ ​ထောင်​ဒဏ်​  သုံးလ၊ ပုဒ်မ ၁၉ နဲ့ ​ထောင်​ဒဏ်​ နှစ်လ ချမှတ်ခဲ့ရာ အဆိုပါ ပုဒ်မနှစ်ခုမှ ပြစ်ဒဏ်​တွေကို တစ်ပေါင်းတည်း ကျခံစေဖို့အတွက်​ တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရမှုကို ပလပ်​ခဲ့တာ ဖြစ်​ပါတယ်​။ ရတနာပုံတက္ကသိုလ်​ ​ဗကသများအဖွဲ့ချုပ် စည်းရုံး​ရေးမှူး ကိုရဲမျိုး​ဆွေက စီရင်ချက်ချအပြီးမှာ ခုလိုဆိုခဲ့ပါတယ်။ “ကျွနိ​တော်​တို့က ဒီတရားစ်ီရင်​​ရေးစနစ်​ကို အယုံကြည်​မရှိဘူး ၊ပြစ်​ဒဏ်​ကို သူတို့ကြိုက်​သ​လောက်​ ချ​ပေါ့ ၊ ကျွန်ေ​တာ်​တို့က ဒီတရားစ်ီရင်​​ရေးစနစ်​ကို အယုံကြည်​မရှိဘူး ၊ကျွန်​​တော်​တို့က…

Read More

ဟေတီနိုင်ငံရှိအကျဉ်းထောင်တစ်ခုမှ အကျဉ်းသားအားလုံး ထောင်ဖောက်ပြေး

ပို့အော့ပရင့်၊ ဖေဖော်ဝါရီ-၁၃ မျိုးဆက် (VOM) ဟေတီနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသားစုစုပေါင်း ၇၈ဦးလုံးဟာ ချုပ်နှောင်ထားရာမှ ထောင်ဖောက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်က လွတ်မြောက်သွားတယ်လို့ ဟေတီရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ အနီးတစ်ဝှိုက်ရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် အာရုံစိုက်နေချိန်မှည အကျဉ်းသားများဟာ အက်ကွင်အကျဉ်းထောင်ကနေ ထောင်ဖောက်ပြေးသွားတာဖြစ်ပါတယ်။ ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဟေတီအမျိုးသားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လူလေးဦးထက်မနည်းသေဆုံးခဲ့တဲ့ သမ္မတဂျိုဗွီနယ်မွိုက်စကို ဆန္ဒပြပွဲတွေရက်အနည်းငယ်ကြာပြီးနောက်မှာ ဒီလိုထောင်ဖောက်တဲ့ဖြစ်စဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အကျဉ်းသားတွေဟာ ရေချိုးချိန်အတွက် ၎င်းတို့ကိုဖမ်းဆီးထားတဲ့ အခန်းတွေကနေ ကနဦးထွက်ခွာခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးရေးမှုး ရပ်ဖ်စတေန်လေဘရိုက်စ်က ဟေတီသတင်းစာတစ်စောင်ကိုပြောပါတယ်။ ထို့နောက်မှာတော့ အခန်းတွေအတွင်းပြန်လည်ဝင်ဖို့ ငြင်းဆန်ကြပြီး အကျဉ်းထောင်ပြင်ပနဲ့ ရဲကင်းစခန်းမှာ ဆန္ဒပြပွဲတစ်ခုက လူတွေကို ရဲတွေကအာရုံစိုက်ဖြေရှင်းနေချိန်မှာ အခွင့်ကောင်းယူပြီး ထောင်ဖောက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။ Ref: BBC Photo : Getty Image

Read More

မင်းပြားမြို့နယ်မှာ ကျေးရွာသားတစ်ဦးပစ်သတ်ခံရ

မင်းပြား၊ ဖေဖော်ဝါရီ ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှာ ပြီးခဲ့တဲ့ညက ကျေးရွားသားတစ်ဦးဟာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။ အဲဒီပစ်ခတ်ခံရသူဟာ ကျောက်ခုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ကျော်ဖြစ်ပြီး နေအိမ်ခြံဝင်းအတွင်း မိတ်ဆွေတစ်ဦးနဲ့စကားပြောနေစဉ် လူလေးဦးရောက်ရှိလာပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။ “မနေ့က ည ၉ နာရီလောက်မှာဖြစ်တာပါ။ ပစ်သတ်ခံလိုက်ရတဲ့ ဦးမောင်ကျော်က သူ့အသိတစ်ယောက်နဲ့စကား ပြောနေတာပါ။ လူလေးယောက်ရောက်လာတယ်။ နှစ်ယောက်ကခြံထဲကိုဝင်လာပြီးတော့ သူ့ကိုပစ်သတ်သွားခဲ့တာပါ။”လို့ ကျေးရွာသူတစ်ဦးကပြောပါတယ်။ အဲဒီပစ်ခတ်သွားခဲ့တဲ့ သေနတ်သမားတွေဟာ ဘယ်သူဘယ်ဝါဆိုတာမသိရှိကြောင်းနဲ့ ဘယ်ကိစ္စနဲ့ဖြစ်တယ်ဆိုတာကိုလည်းမသိရကြောင်း အခင်းဖြစ်ပွားချိန်မှာတော့ ဦးကျော်မောင်ရဲ့မိသားစုတွေလည်း အပြင်ကိုရောက်ရှိနေကြတယ်လို့ ပြောပါတယ်။ “ပစ်သွားတာက စုစုပေါင်း လေးချက်ပါ။ လည်ပင်းမှာနှစ်ချက်။ ခွးမှာတစ်ဖက်တစ်ချက်ဒါဏ်ရာရှိပါတယ်။ အဲဒီနေရာမှာပဲ သေဆုံးသွားတာပါ။ ဘယ်သူတွေဆိုတာတော့မသိဘူးပေါ့။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း အခုလိုမျိုးသေနတ်နဲ့ပစ်ခတ်ခံရမှုမှာ လေးမှုအထိရှိလာနေပြီဖြစ်ပြီး စစ်တွေမြို့နယ်မှာ တစ်မှု၊ မြေပုံမြို့နယ်မှာတစ်မှုနဲ့ မင်းပြားမြို့နယ်အတွင်းမှာ…

Read More

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရလို့ မြန်မာနိုင်ငံကနေ လျော်ကြေးတောင်းသင့်ဟုဆို

ဒါကာ၊ ဖေဖော်ဝါရီ-၁၃ မျိုးဆက်( VOM) မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၁ သန်းကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရတဲ့အတွက် လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေအတွက် မြန်မာနိုင်ငံက လျော်ကြေးငွေတောင်းဖို့ ဘင်္ဂလားဒေ့ရှ်က လုပ်ဆောင်သင့်ကြောင်း ရိုဟင်ဂျာအရေး လေ့လာနေတဲ့ သုတေသနပညာရှင်တစ်ဦးကအကြံပြု ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်ထွက်ပြေးခြင်းအတွက် ဘယ်သူလျော်ကြေးပေးသင့်လဲ၊ ဘယ်လောက်ပမာဏ လဲဆိုတဲ့ ခေါင်းစဉ်နဲ့ သုတွေသနစာတမ်းရှင်ဖြစ်သူ သြစတြေးလျနိုင်ငံ ဆွင်ဘန်းနည်းပညာတက္ကသိုလ်က ဒေါက်တာ မို့ရှင်ဟာဘစ်က ဖေဖော်ဝါရီ ၁၂ ရက်က ဒါကာမှာ ပြုလုပ်တဲ့စာတမ်းဖတ်ပွဲမှာ ယင်းသို့ အကြံပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကထွက်ပြေးလာချိန်ကစလို့ ယခုဇန်န၀ါရီလအထိ ၁၇ လအတွင်း  ဒေါ်လာ ၆ ဘီလီယံအထိ ဘင်္ဂလားဒေ့ရှ်က ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ အဆိုပါ စာတမ်းမှာဖော်ပြပါတယ်။ အခြားတစ်ဘက်မှာတော့ မြန်မာစစ်တပ်ကနေ…

Read More

ရသေ့တောင်မြို့နယ် မေယုကမ်းတောင်ဦးဘုရားအနီး မိုင်းသုံးလုံးပေါက်ကွဲ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၂-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အနောက်တောင်ဘက် မေယုကမ်းဒေသ တောင်ဦးဘုရားအနီးမှာ ဒီးကနေ့နေ့လည် ၂ နာရီဝန်းကျင်လောက်က မိုင်းသုံးလုံးပေါက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမိုင်းပေါက်ကွဲမှုဟာ တပ်မတော်ကားတန်းသွားလာနေစဉ် အောင်ဗလကျေးရွာအုပ်စုအတွင်းရှိ ကုန်တန်းကျေးရွာနဲ့ သာစည်ကုန်းကျေးရွာအကြားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “နေ့လည် ၂ နာရီလောက်မှာ ပေါက်ကွဲမှုသုံးခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့သတင်းပို့ချက်အရသိရပါတယ်။ အဲ့ဒီနားမှာ ရှိတဲ့ရွာကိုတော့ တပ်မတော်က ၀င်လာပြီးစစ်ဆေးမှုတွေလုပ်တယ်။ နေအိမ်တွေကိုသေနတ်တွေနဲ့ ပစ်သွားတယ်လို့ ပြောပါတယ်။”လို့ရခိုင်အမျိုးသားပါတီရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ သာစည်ကုန်းကျေးရွာက လမ်းနံဘေးနေအိမ်တချို့ကို ၀င်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်သွားတဲ့အတွက် ကျေးရွာသားတွေစိုးရိမ်ကြောက်လန့်နေကြတာဖြစ်ပါတယ်။ “ကျွန်မတို့ရွာနဲ့ ပေါက်ကွဲတဲ့နေရာက ၁၀ ဖာလုံလောက်ဝေးပါတယ်။ စစ်သားတွေရောက်လာပြီး ဒီရွာကပဲလုပ်တာဖြစ်မယ် ဆိုပြီးတော့ ပြောပါတယ်။ ကျွန်မယောက်ျားကို မြေကြီးပေါ်မှာမှောက်ခိုင်းထားပါတယ်။ သမီးကိုလည်းဘယ်မှမသွားနဲ့ လို့ပြောပါတယ်။ ကျွန်မတို့ကိုလည်း ရွာနားက ဗောဓိပင်အောက်မှာ ထိုင်ခိုင်းထားပါတယ်။ ပြီးတော့ အိမ်ကိုတက်ပြီး မွှေကြတယ်။”လို့  ဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်။…

Read More
VOM News

FREE
VIEW