ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရလို့ မြန်မာနိုင်ငံကနေ လျော်ကြေးတောင်းသင့်ဟုဆို

ဒါကာ၊ ဖေဖော်ဝါရီ-၁၃

မျိုးဆက်( VOM)

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၁ သန်းကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရတဲ့အတွက် လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေအတွက် မြန်မာနိုင်ငံက လျော်ကြေးငွေတောင်းဖို့ ဘင်္ဂလားဒေ့ရှ်က လုပ်ဆောင်သင့်ကြောင်း ရိုဟင်ဂျာအရေး လေ့လာနေတဲ့ သုတေသနပညာရှင်တစ်ဦးကအကြံပြု ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်ထွက်ပြေးခြင်းအတွက် ဘယ်သူလျော်ကြေးပေးသင့်လဲ၊ ဘယ်လောက်ပမာဏ လဲဆိုတဲ့ ခေါင်းစဉ်နဲ့ သုတွေသနစာတမ်းရှင်ဖြစ်သူ သြစတြေးလျနိုင်ငံ ဆွင်ဘန်းနည်းပညာတက္ကသိုလ်က ဒေါက်တာ မို့ရှင်ဟာဘစ်က ဖေဖော်ဝါရီ ၁၂ ရက်က ဒါကာမှာ ပြုလုပ်တဲ့စာတမ်းဖတ်ပွဲမှာ ယင်းသို့ အကြံပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကထွက်ပြေးလာချိန်ကစလို့ ယခုဇန်န၀ါရီလအထိ ၁၇ လအတွင်း  ဒေါ်လာ ၆ ဘီလီယံအထိ ဘင်္ဂလားဒေ့ရှ်က ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ အဆိုပါ စာတမ်းမှာဖော်ပြပါတယ်။

အခြားတစ်ဘက်မှာတော့ မြန်မာစစ်တပ်ကနေ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ မောင်းထုတ်လိုက်တာကြောင့် မြန်မာနိုင်ငံဟာ နှစ်စဉ် အကျိုးအမြတ် ဒေါ်လာ ၂ ဘီလီယံရရှိနေတယ်လို့ ၎င်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး  နိုင်ငံပေါင်း ၂၂ နိုင်ငံနဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတွေထံကနေ ဒေါ်လာသန်း ၇၃၀ တန်ဖိုးရှိ အကူအညီတွေလက်ခံရရှိထားတယ်လို့ နိုင်ငံတကာစီးပွားရေးဆိုင်ရာ ထိပ်တန်းကထိကတစ်ဦးဖြစ်သူ ဒေါက်တာဟာဘစ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် မြန်မာနိုင်ငံထံမှ  လျော်ကြေးတိုးမြင့် တောင်းခံဖို့မကြာမီအချိန်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုပ်ဆောင်သင့်တယ်လို့ ၎င်းက အကြံပြုခဲ့ပြီး ရိုဟင်ဂျာတွေပြန်လည်လက်ခံရေး မြန်မာအပေါ် နိုင်ငံတကာက ဖိအားတိုးမြင့်ပေးဖို့နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် တာဝန်ယူဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Ref & Photo : bdnews24

Related posts

Leave a Comment

VOM News

FREE
VIEW