ငွေရတုမွေးနေ့အကြို စီးရီး ၇ခွေ မိတ်ဆက် လိုက်တဲ့ ပိုးအိစံ

 

ရန်ကုန် ဖေဖော်ဝါရီ ၁၃- ၂၀၁၉

သင်းသဒ္ဒါ (VOM)

မြန်မာသံ တေးသီချင်းတွေနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ပိုးအိစံကတော့ ငွေရတုမွေးနေ့အုကြို စီးရီး ခွေ၇ခွေ မိတ်ဆက် လိုက်ပါတယ်။

ပိုးအိစံ၏ ငွေရတုအကြို အနေနဲ့ ” ငွေရတုပိုးအိစံ”အထိမ်းအမှတ် သီချင်းခွေ ၇ ခွေဖြစ်တဲ့ ”ပိုးအိစံ မွေးဖွားခြင်း နှစ် ၂၀ ပြည့် Live Show” ၂ နှင့် ၃ ၊”နှလုံးသား ပုဂံပြည်” ၊”စောင်ညှို့သံနှလုံးသား”၊”ငွေသောင်ယံ”၊”လရောင်ပျိုးတဲ့ ကုမုဒြာ” နဲ့ ”လားရှိုးမင်းသားလေး” ဆိုတဲ့သီချင်းခွေတွေကို ထုတ်ဝေလိုက်ပါတယ်။

”အစ်မရဲ့ ငွေရတုအကြိုအနေနဲ့ ဒီခွေလေးတွေကို ထုတ်ဖြစ်တာပါ။အစ်မရဲ့ သီချင်းတွေက အရမ်းလည်း များနေတော့ ဒီလိုမှမထုတ်ရင် မထုတ်ဖြစ်တော့ဘူးလေ။နောက် နှစ်၆၀ ဆိုရင်အစ်မရှိချင် မှရှိတော့မှာလေ”လို့ဆိုပါတယ်။

သူမရဲ့ အခွေတွေကတော့ တေးသီချင်းဟောင်းတွေပါသလို တေးသီချင်းသစ်တွေလည်း ပါဝင်ပြီးတော့ ဒီဗီဒီ ၂ခွေ နဲ့ စီဒီ ၅ခွေကို တော့ ဖေဖော်ဝါရီ ၁၃ ရက် (ယနေ့)တွင် San Production မှ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW