ရခိုင်​ပြည်​နယ်​အတွင်း ရဲစခန်းတချို့ ရုတ်​သိမ်း

မင်းပြား၊ မတ်​ ၁၁-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ဒေသအခြေအနေတွေ တည်​ငြိမ်​မှုမရှိတာကြောင့်​ ရခိုင်​ပြည်​နယ်​အတွင်းက နယ်​မြေလုံခြုံရေးဆောင်​ရွက်​နေတဲ့ ရဲစခန်းတချို့ကို မနေ့ညနေပိုင်းကစတင်​ပြီး ရုတ်​သိမ်းလိုက်​တာဖြစ်​ပါတယ်​။

 

အဲ့လိုရုတ်​သိမ်းလိုက်​တဲ့ ရဲစခန်းတွေကတော့ မင်းပြားမြို့နယ်​ လေးမြို့မြစ်​ကြောင်းအတွင်းမှာရှိနေတဲ့ ပန်းမြောင်းမြို့နယ်​ခွဲ စခန်းအပါအဝင်​ ရသေ့တောင်​မြို့နယ်​ အိုးဖောက်​နဲ့ ချွတ်​ပြင်​ နယ်​ခြားစောင့်​ရဲစခန်း၊ ဘူးသီးတောင်​မြို့နယ်​က စေတီတောင်​စခန်းစတဲ့ စခန်း ၄ ခုတို့ ဖြစ်​ပါတယ်​။

 

“ကျွန်​တော်​တို့ ပန်းမြောင်းရဲစခန်းကို ရုတ်​သိမ်းလိုက်​တာ ဟုတ်​ပါတယ်​။ မနေ့က ညနေပိုင်း ၃ နာရီလောက်​မှာ ရုတ်​သိမ်းသွားတာပါ။ ဒီကရဲတပ်​ဖွဲ့ဝငိတွေကို မင်းပြားကိုခေါ်သွားတာပါ။ လက်​ရှိမှာတော့ စခန်းပိတ်​ထားတာပေါ့”လို့ ပန်းမြောင်းကျေးရွာအုပ်​ချုပ်​ရေးမှုး ဦးတင်​အောင်​ကျော်​ကပြောပါတယ်​။

 

မနေ့က ညနေပိုင်းမှာ ရုတ်​သိမ်းသွားတဲ့စခန်းတွေကတော့ ရခိုင်​ပြည်​နယ်​အတွင်းမှာ တိုက်​ပွဲတွေဖြစ်​ပွားနေတဲ့ဒေသတွေက အင်​အားနည်းပြီး လုံခြုံရေးစိုးရိမ်​ရတဲ့ စခန်းတွေဖြစ်​ကြပါတယ်​။

 

“စခန်းမှာက ရဲအင်​အား ၁၁ ယောက်​ပဲရှိပါတယ်​။ စခန်းမှူးကတော့ လုံခြုံရေးအခြေအနေကြောင့်​ ရုတ်​သိမ်းတာလို့ ပြောခဲ့ပါတယ်​။ ရဲစခန်းမရှိတဲ့အတွက်​ အရေးပေါ်အခြေအနေတွေ ဖြ၀်​လာခဲ့ရင်​ ဘယ်​လိုဆောင်​ရွက်​လဲဆိုတာနဲ့ ပတ်​သက်​လို့ မြို့နယ်​အုပ်​ချုပ်​ရေးမှူးဆီကို တင်​ပြထားပါတယ်​။” လို့ ပန်းမြောင်းအုပ်​ချုပ်​ရေးမှူးကပြောပါတယ်​။

 

ရသေ့တောင်​မြို့နယ်​က ရုတ်​သိမ်းလိုက်​တဲ့ အိုးဖောက်​စခန်းကို ဘူးသီးတောင်​မြို့နယ်​က ညောင်​ချောင်းစခန်းနဲ့ပေါင်းထားပြီး ချွတ်​ပြင်​စခန်းကိုတော့ သဇင်​မြိုင်​စခန်းမှာ ပေါင်းထားတာဖြစ်​ပါတယ်​။ ဒါ့အပြင်​ ရုတ်​သိမ်းလိုက်​တဲ့ အိုးဖောက်​စခန်းက နယ်​ခြားစောင့်​ရဲတပ်​ဖွဲ့ဝင်​တွေ ညောင်​ချောင်းကိုစက်​လှေတွေနဲ့လာတဲ့လမ်းမှာ တိုက်​ခိုက်​ခံလိုက်​ရတဲ့အတွက်​ ထိခိုက်​မှုတွေရှိခဲ့တယ်​လို့ သတင်းကြားသိရပါတယ်​။

 

#voiceofmyanmar #ရဲစခန်းများ #မင်းပြား #ရခိုင်ပြည်နယ် #နယ်မြေတည်ငြိမ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW