နယူးဇီလန်နိုင်ငံ ဗလီနှစ်ခု ပစ်ခတ်တိုက်ခိုက်ခံရလို့ လူ ၄၀ သေဆုံး ခရစ်ချပ်ခ်ျ၊

မတ်၁၅-၂၀၁၉

မျိုးဆက် (VOM)

 

နယူးဇီလန်နိုင်ငံနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခရစ်ချပ်ခ်ျမြို့ရှိ ဗလီနှစ်ခုမှာ ပစ်ခတ်မှု တွေဖြစ်ပွားခဲ့တာကြောင့် လူ ၄၀ ဦးသေဆုံးပြီး ၂၀ ကျော်အပြင်းအထန်ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒရန်က ပြောဆိုလိုက်ပြီး နိုင်ငံကံဆိုးမိုးမှောင်ကျတဲ့နေ့တွေထဲက တစ်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး သံသယရှိသူအရေအတွက် ဒီထက်ပိုလာနိုင်တယ်လို့ ရဲမင်းကြီး မိုက်ဘုရှ်က ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူတွေထဲက တစ်ဦးထဲမှာ သြစတြေးလျနိုင်ငံသားတစ်ဦးပါဝင်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောဆိုပြီး တိုက်ခိုက်မှုဟာ အစွန်းရောက်လက်ယာယိမ်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် သံသယရှိတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ ဗလီနှစ်ခုထဲက အယ်လ်နော ဗလီအတွင်းမှာတော့ အသက်ဘေးကလွတ်အောင် လူတွေထွက်ပြေးနေခဲ့ကြပြီး အချို့ကတော့ ကြမ်းပြင်ပေါ်မှာ သွေးသံရဲရဲနဲ့တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေကပြောပါတယ်။

ဒုတိယတိုက်ခိုက်ခံရတာကတော့ မြို့ဆင်ခြေဖုံးမှာရှိတဲ့ လင်ဝုဒ်ဗလီဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုပစ်ခတ်နေတာကို သနတ်သမားတစ်ဦးက အွန်လိုင်းမှာ တိုက်ရိုက်လွှင့်တင်ခဲ့ပြီး ပြန်လည်မျှဝေတာတွေမပြုလုပ်ဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ တိုက်ခိုက်တာကို တိုက်ရိုက်လွှင့်တင်ခဲ့သူရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်အကောင့်တွေကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားပါတယ်။ Ref : BBC Photo :Reuters

#voiceofmyanmar #နယူးဇီလန် #အကြမ်းဖက် #ပလီ

Related posts

Leave a Comment

VOM News

FREE
VIEW