မြောက်ဦး၊ မတ် ၁၆-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်းမှာ မနေ့ည ၁၀ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ထမ္မရာဇ်၊ ကျောက်ရာဇ်ကေ၊ ကြက်ဈေးရပ်ကဃက်တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်
“မနေ့က ၁၀ နာရီလောက်မှာ သေနတ်ပစ်သံတွေကြားလိုက်ရတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ စပစ်ပစ်ချင်းပဲ အိမ်ခေါင်မိုးပေါ်မှာ ကျတယ်။ အမေအိပ်နေတာ တင်ပါးဆုံကို ထိသွားတယ်။ တစ်ညလုံးဆေးရုံလည်းမသွားရဲဘူး။ ဒီမနက်မှ ဆေးရုံပို့လိုက်ရတယ်။”လို့ ကျည်ထိဒဏ်ရာရရှိခဲ့တဲ့ ကျောက်ရာဇ်ကေ ရပ်ကွက်က ဒေါ်ခင်ခင်သိန်းရဲ့သမီးဖြစ်သူကပြောပါတယ်။
ဒါ့အပြင် ထမ္မရာဇ်ရပ်ကွက်အတွင်းက လူနေအိမ်တစ်အိမ်ရှေ့မှာကျရောက်တဲ့ လက်နက်ကြီးကျည်းတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
“ပစ်တာကိုကြားရတာနဲ့ အသံကျယ်ကြီးတွေထွက်လာတယ်။ ကျွန်မကမအိပ်သေးဘူး။။ အိမ်အောက်မှာ ဓနိထိုးနေတာ။ ပစ်ခတ်လိုက်တဲ့မီးခဲကြီလို လာတာကိုတွေတယ်။ ထိန်ထိန်လင်းနေတာပဲ။ အိမ်ခေါ်င်မိုးပေါ်က ကျော်ပြီးတော့ ခြံစည်းရိုးနားမှာကျတယ်။ မကွဲသေးဘူး။ သေသွားနိုင်တယ်”လို့ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုကို ကျော်က်ရာဇ်ကေ ရပ်ကွက်အတွင်း စစ်တွေ-ရန်ကုန်အဝေးပြေးလမ်းမပေါ်နဲ့ တောင်ပေါ်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းတစ်ခု မြို့ထဲကိုဝင်ရောက်လာပြီးတော့ မကြာခင်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကျောက်ရာဇ်ရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
#voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #လက်နက်ကြီး