မန္တလေး၊ မတ် ၁၉-၂၀၁၉
ဟိန်းကို(VOM)
ငွေကျပ်တန်ဖိုး (၁၉.၇၃)ဘီလ်ီယံ အကုန်ကျခံ တည်ဆောက်ထားတဲ့ မြစ်ငယ်-ထုံးဘို-ပြင်ဦးလွင်လမ်း (မန္တလေး-ပြင်ဦးလွင်) လမ်းအပိုင်း ၄၈ပေအကျယ်ရှိ (၄)လမ်းသွား နိုင်လွန်ကတ္တရာလမ်း ဖွင်လှစ်တဲ့ အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက မန္တလေး-ပြင်ဦးလွင် မိုင်တိုင်(၁၉/၁)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နိုင်လွန်ကတ္တရာလမ်းခင်းတာကို B.O.T စနစ်နဲ့ ဆောင်ရွက်ထားတာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနဲ့ ORIENTAL HIGHWAY ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
” မန္တလေး – ပြင်ဦးလွင်လမ်း ပိုမိုကောင်းမွန်စေချင်ပါတယ်၊ မန္တလေးမြို့သစ်စီမံကိန်းက ပြင်ဉ်ီးလွင်မှာ လုပ်မှာဗျ ဒါဟာကျွန်တော်တို့အားလုံး အလုပ်အကိုင်ရှာဖွေ ဖန်တီးနိုင်သလို ၊ နှစ်ရှည်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် အားလုံး စည်းကမ်းရှိမှဖြစ်မှာ၊ အားလုံးညီညွတ်မှဖြစ်မှာ ၊ အစိုးရပိုင်းက အဂတိ ကင်းရမယ်၊ ပြည်သူပိုင်းက စည်းကမ်းရှိရမယ်၊ စေတနာထား လုပ်မှသာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာ ” လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
မန္တလေး-ပြင်ဦးလွင် လမ်းအပိုင်း (၄)လမ်းသွား နိုင်လွန်ကတ္တရာလမ်းကို ၂၀၁၇ခုနှစ် ဧပြီလ ကနေ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ခုနှစ် မတ်လအထိ အပြီးသတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #မန္တလေးပြင်ဦးလွင်လမ်း #နိုင်လွန်ကတ္တရာ #ဒေါက်တာဇော်မြင့်မောင်