အင်းလျားလမ်း လမ်းလျှောက်သင်္ကြန် သိန်းပေါင်း၂၅၀၀သုံးစွဲမယ်

  ရန်ကုန် မတ် ၁၉-၂၀၁၉ သင်းသဒ္ဒါ အခုနှစ်အင်းလျားလမ်းလျှောက်သင်္ကြန်ကို သိန်းပေါင်း၂၅၀၀သုံးစွဲသွားမှာဖြစ်တယ်လို့ မြတ်မေတ္တာမွန်ကုမ္ပဏီ ၊ ဆူးလေဒိုင်ယာရီရဲ့ ဒါရိုက်တာ ကိုထွဋ်ခိုင်ဝင်းကပြောပါတယ်။ ” အင်းယားလမ်းလမ်းလျှောက် သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်ကို သိန်း၂၅၀၀ကုန်ကျခံဆောက်လုပ်သွားမှာပါ။ တိုင်းရင်းသား ရိုးရာမျိုးနွယ်စု ၈ခုရဲ့ ရိုးရာသင်္ကြန်တွေပါဝင်မယ်။ အလှပြယာဉ်တန်းတွေ ၊ အင်းယားကန်ဘောင်ပေါ်မှာ ရေကစားနိုင်မဲ့ ပွိုင့်တွေ ၊အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ ၊ကာလာရောင်စုံကစားနိုင်မဲ့ကာလာအမှုန့်တွေ ၊ ရေပြွန်နဲ့ ကစားတာတွေအတွက် ရေရယူနိုင်မဲ့နေရာတွေ ထားရှိမယ်။မနက် ကိုးနာရီကညနေခြောက်နာရီအထိကစားခွင့်ပြုသွားမယ်”လို့ဆိုပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမအကြိမ်အင်းယားလမ်းလမ်းလျှောက်သင်္ကြန်ကိုတော့ တက္ကသိုလ် ရိပ်သာလမ်းနဲ့ အင်းယားလမ်းထိပ်ကနေ ပြည်လမ်းအင်းယားကန်ဘောင်အထိကို ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်လို့ မတ် ၁၉ရက် စာနယ်ဇင်းရှင်းလင်းပွဲ ကနေသိရပါတယ်။ ”ဒီ လမ်းလျှောက်သင်္ကြန်ကို စတင်တည်ဆောက်ရေးလုပ်ငန်းကိုတော့ မတ်လ ၂၅ရက်နေ့အကောင်ထည်ဖော်သွားမှာ ဖြစ်သလိုလာရောက်ရေကစားကြမယ့် သူတွေအတွက် ကားပါကင်နေရာ၆ခု စီစဉ်ထားပြီးတော့ ရေပတ်ကစားချိန်ကိုလည်း နံနက် ၉နာရီကနေ ညနေ ၆…

Read More

ကမ္ဘာ့နေထိုင်မှုစရိတ်အမြင့်ဆုံးအဖြစ် စင်ကာပူ၊ ဟောင်ကောင်နဲ့ ပါရီမြို့တို့ ထိပ်ဆုံးမှာ ရပ်တည်

ပါရီ ၊ မတ်-၁၉-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာပေါ်မှာ နေထိုင်မှုစရိတ်အမြင့်ဆုံးအဖြစ် စင်ကာပူ၊ ဟောင်ကောင်နဲ့ပါရီမြို့တို့က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ စီးပွားရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ ( EIU) ရဲ့ မတ် ၁၉ ရက်ကထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်ရှိ မြို့ကြီး ၁၃၃ မြို့က ကုန်ကျစရိတ်နဲ့ပတ်သက်တဲ့ ဈေးနှုန်းတွေကို နှိုင်းယှဉ်လေ့လာခဲ့တဲ့ အဆိုပါအဖွဲ့ရဲ့ စစ်တမ်းမှာတော့ နှစ် ၃၀ အတွင်း ထိပ်ဆုံးနေရာကို စင်ကာပူ၊ ဟောင်ကောင်နဲ့ ပါရီမြို့တို့က ပထမဆုံးအကြိမ်အဖြစ် ပူးတွဲပြီး ရပ်တည်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလမှာ နေထိုင်မှုစရိတ်အကြီးမြင့်ဆုံးအဖြစ် ပထမနေရာမှာ စင်ကာပူနိုင်ငံက ရပ်တည်နေခဲ့ပြီး ပါရီနဲ့ ဟောင်ကောင်တို့ကတော့ ပြီးခဲ့တဲ့နှစ်က ဒုတိယနေရာနဲ့ စတုတ္ထနေရာတို့မှာ ရပ်နေခဲ့ပါတယ်။ EIU အဖွဲ့ဟာ ပုဂ္ဂလိကစာသင်ကျောင်းစရိတ်၊ အပန်းဖြေကုန်ကျစရိတ်တွေအပါအ၀င် အစားအသောက်၊ အဖျော်ယမကာ၊ အ၀တ်အထည်၊ မီးဖိုချောင်သုံးပစ္စည်းတွေလို…

Read More

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ပြစ်ဒဏ် ၂၂ နှစ်ချမှတ်

စစ်တွေ၊ မတ် ၁၉-၂၀၁၉ ခိုင်လင်းစံ(VOM) အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့နဲ့ ဒီကနေ့ စစ်တွေခရိုင်တရားရုံးကနေ ပြစ်ဒဏ် ၂၂ နှစ်ချမှတ်လိုက်ပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးဟာ မူလဖမ်းဆီးခံရစဉ်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) အပါအဝင် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၁၇ (၁) ကိုတော့ အယူခံကပယ်ဖျက် ပေးခဲ့တာဖြစ်ပါတယ်။ “နိုင်ငံရေးပါတီထူထောင်ပြီးခါမှ နိုင်ငံတော်ကြီးကို ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်၊ တန်းတူအခွင့်အရေးရှိအောင် လုပ်နိုင်တဲ့နေ့ဟာ ဒီနေ့ရပ်တန့်သွားသလား ရှေ့ဆက်သွားသလားဆိုတာ အဖြေကိုသိရတာပါ။ ကျွန်တော်တို့ကတော့ လက်တစ်ဖက်ကိုချည်ထားရင် နောက်တစ်ဖက်နဲ့သွားမယ်။”လို့ ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ဦးစလုံးကို စွဲဆိုထားတဲ့ပုဒ်မှ နှစ်ခုနဲ့ စစ်တွေခရိုင်တရားရုံးက ပြစ်ဒဏ် ၂၂ နှစ်ချမှတ်လိုက်တာဖြစ်ပြီး ချမှတ်လိုက်တဲ့ပြစ်ဒဏ်အပေါ်မှာ ကျေနပ်မှုမရှိနိုင်ကြောင်း ရခိုင်အမျိုးသားပါတီက…

Read More

အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရ သံတမန်အဆောက်အဦတွေကို အတိုက်အခံတွေက သိမ်းယူ

ဝါရှင်တန်၊ မတ်-၁၉ ၊၂၀၁၉ မျိုးဆက် ( VOM)   ဗင်နီဇွဲလားနိုင်ငံမှာ ဆိုရှယ်လစ်သမ္မတ နီကိုလပ်မာဒူရိုကို ဖြုတ်ချဖို့ အတိုက်အခံတို့က ဖိအားပေးနေချိန်မှာဘဲ အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရပိုင် သံတမန်အဆောက်အဦတွေကို အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုရဲ့ ကိုယ်စားလှယ်တွေက သိမ်းယူလိုက်တယ်လို့ ဂွိုင်ဒိုရဲ့ အမေရိကန်ဆိုင်ရာ အထူးကိုယ်စားလှယ်က မတ် ၁၈ ရက်ကပြောပါတယ်။ ၀ါရှင်တန်ရှိ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အဆောက်အဦနှစ်ခုနဲ့ နယူးယောက်ရှိ ကောင်စစ်ဝန်အဆောက်အဦးတို့ကို အတိုက်အခံတို့က ထိန်းချုပ်ရရှိခဲ့တယ်လို့ ကားလို့စ်ဗက်ချီအိုက ပြောဆိုပြီး လာမယ့် ရက်အနည်းငယ်အတွင်း ၀ါရှင်တန်ရှိ ဗင်နီဇွဲလားသံရုံးကို သိမ်းယူဖို့ မျှော်လင့်ထားတယ်လို့သူကဆိုပါတယ်။ သမ္မတ မာဒူရိုရဲ့ မေလအတွင်းက ရွေးကောက်ပွဲဟာ တရားမ၀င်ဘူးဆိုပြီး အမျိုးသားလွှတ်တော်ဥက္ကဌဖြစ်သူ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြားဖြတ်သမ္မတအဖြစ်ဇန်န၀ါရီလက ကြေညာခဲ့ပါတယ်။ သူ့ကို ဗင်နီဇွဲလားနိုင်ငံအတွက် မှန်ကန်တဲ့ ခေါင်းဆောင်အဖြစ် အမေရိကန်အပါအ၀င် အနောက်နိုင်ငံအများစုက…

Read More

တပ်မတော်ဘက်က ပစ်ခတ်မှုတွေကြောင့် မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ ဈေးတွေပိတ်ထား

  မြောက်ဦး၊ မတ် ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် မြောက်ဦးမြို့ပေါ်နဲ့အနီးဝန်းကျင်တွေမှာ မြန်မာ့တပ်မတော် ဘက်က ပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီးတော့ ဒီကန့မနက်ပိုင်းကစတင်ပြီး မြောက်ဦးမြို့က ဈေးကိုပိတ်ထားလိုက်ကြတာဖြစ်ပါတယ်။ အခုလိုမျိုး မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ ပစ်ခတ်မှုတွေရှိနေပြီး တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ကျည်တွေ ကျေးရွာအတွင်းကျရောက်ပြီး မီးလောင်တာတွေအပြင် ဒေသခံတွေကိုပါထိခိုက်မှုတွေရှိနေတာကြောင့် တစ်မြို့လုံးမှာဈေးဆိုင်ခန်းတွေကို ပိတ်သိမ်းထားကြတာဖြစ်ပါတယ်။ “ဒီကနေ့မနက်ပိုင်းကစပြီးတော့ ပိတ်လိုက်ကြတာပေါ့။ မြို့ပေါ်တွေမှာရော။ မြို့နဲ့အနီးအနားမှာပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ကြောက်ပြီး ပိတ်လိုက်တာဖြစ်ပါတယ်။ ဘာတွေဖြစ်လာမလဲမပြောနိုင်ဘူးလေ။ ဒါကြောင့် စိုးရိမ်ပြီးတော့ ပိတ်လိုက်ကြတာပါ။”လို့ ဈေးဆိုင်သည်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း မြို့မဈေးကြီးကို မနက်တစ်ပိုင်းသာဖွင့်ခဲ့ပြီးတော့ နေ့လည်ပိုင်းမှာ ပိတ်လိုက်ကြတာဖြစ်ပါတယ်။ “လောလောဆယ်မှာတော့ မြောက်ဦးမှာတိုက်ပွဲဖြစ်တာမရှိဘူး။ စစ်တပ်ကနေ ပစ်ခတ်မှုတွေပြုလုပ်နေတာ ဒီကနေ့ဆိုရင် သုံးရက်ရှိပြီ။ တစ်ရက်ထက်တစ်ရက် ပြင်းထန်လာတယ်။ ဒေသခံတွေထိခိုက်ဒဏ်ရာတွေရကြတယ်ဆိုတော့ အပြင်မှာလည်း သွားလာတဲ့သူတွေ မရှိသလောက်ဖြစ်နေတယ်။ တစ်မြို့လုံးကစိုးရိမ်နေကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။…

Read More

မြရွာက သကြားစက်ဝန်းကျင်အနီးမှာ ကြိတ်စကြံဖတ်ခြောက်များမီးလောင်မှု နှစ်ရက်ကြာအထိမငြိမ်းသေး

မတ် ၁၉-၂၀၁၉ လမင်း (VOM)   ပြည်မြို့ ၊ မြရွာ ၊ နဝဒေးသကြားစက်ပတ်ဝန်းကျင်မှာရှိတဲ့ ကြံကြိတ်ဖတ်ခြောက်တွေစွန့်ပစ်ထားတဲ့နေရာမှာ မတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်က အပူရှိန်လွန်ကဲပြီး မီးလောင်မှု့တစ်ခုဖြစ်ပွားခဲ့ပါတယ် ။ ” စက်ရုံမှုးရဲ့ဟြေပြချက်အရတော့ ကြိတ်စတွေကြိတ်ထားတဲ့အဖတ်တွေက အော်တိုမစ်တစ်လောင်တာပေါ့ သူကဖွဲနုသဘောမျိုးပါဘဲ အောက်က အောင်းနေတဲ့အပူလည်းရှိတယ် အပေါ်ကနေအပူလည်းရှိတော့ လောင်သွားတာပေါ့ ထိခိုက်ဆုံးရှုံးမှု့တော့မရှိပါဘူး ” ဟု ပြည်ခရိုင်မီးသတ်ဦးစီးဌာနလက်ထောက်ဦးစီးမှူးဦးအေးကျော် ကဟြေပါတယ် ။ အဲ့ဒီ မီးလောင်မှုကို ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ငြိမ်းသတ်နေတာဖြစ်ပြီး အခုလက်ရှိအခြေအနေမှာ မီးကိုထိန်းထားနိုင်ပြီဖြစ်ပေမယ့်  ကျန်ရှိနေတဲ့ မီးကြွင်းမီးကျန်တွေကိုလည်း အခုအချိန်ထိငြိမ်းသတ်နေရဆဲဖြစ် တယ်လို့ ပြည်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ် ။ #voiceofmyanmar #မီးလောင် #သကြားစက် #ပြည်မြို့

Read More

ဟိုတယ်တွေကို ကြယ်ပွင့်တွေနဲ့အဆင့် သတ်မှတ်သွားမယ်

ရန်ကုန် ၊ မတ် ၁၉ TGH (VOM) ဟိုတယ် တစ်ခုမှာ ရှိသင့်တဲ့ အချက်တွေနဲ့ ၀န်ဆောင်မှုတွေကို အကဲဖြတ်ပြီး ကြယ်ပွင့် နဲ့အဆင့်သတ်မှတ်သွားဖို့ ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကနေသိရပါတယ်။ အဲ့ဒီလိုအဆင့်သတ်မှတ်ဖို့ အတွက် နိုင်ငံတကာက ပညာရှင်တွေပါဝင်တဲ့ အဖွဲ့အစည်းတွေပူးပေါင်းပြီး သတ်မှတ်သွားဖို့ အတွက် ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့ တွေ ဆွေးနွေးမှုတွေစတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ “ နိုင်ငံတကာမှာလည်း ဟိုတယ်တွေက ကြယ်ပွင့်အဆင့်သတ်မှတ်ထားတာရှိတယ်။မြန်မာနိုင်ငံမှာ လည်း  အဆင့်သတ်မှတ်တယ်ဆိုတာမျိုးစလုပ်တာဖြစ်တယ်။ ဈေးနှုန်းပိုင်းတော့မဆိုင်ဘူး။သူ့ဘာသာ ဟိုတယ်တွေ ဈေးနှုန်းသတ်မှတ်ပေါ့။ ကြယ်ပွင့်အဆင့်၃ ရှိတဲ့ဟိုတယ်က ကြယ်ပွင့်အဆင့် ၄ ရှိတဲ့ဟိုတယ်ဈေးတောင်းရင်လည်း တည်းတဲ့သူက ကြည့်မှာပဲလေ။ ရန်ကုန်က ဟိုတယ်တွေကို စလုပ်မှာဖြစ်တယ်။ လုပ်မယ့်အထဲ နိုင်ငံခြားပညာရှင်တွေလည်းပါမယ်”။လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးရန်ဝင်းက အခုလိုပြောပါတယ်။   ဟိုတယ်တစ်ခုမှာ…

Read More

ငွေကျပ် ၁၉ဘီလီယံကျော် အကုန်ကျခံ တည်ဆောက်ထားတဲ့ မန္တ​လေး-ပြင်​ဦးလွင်​ လမ်းသစ် စတင်ဖွင့်လှစ်

မန္တ​လေး၊ ​မတ်​ ၁၉-၂၀၁၉ ဟိန်းကို(VOM) ငွေကျပ်တန်ဖိုး​ (၁၉.၇၃)ဘီလ်ီယံ အကုန်​ကျခံ တည်ဆောက်ထားတဲ့  မြစ်​ငယ်​-ထုံးဘို-ပြင်​ဦးလွင်လမ်း (မန္တ​လေး-ပြင်​ဦးလွင်​) လမ်းအပိုင်း ၄၈​ပေအကျယ်​ရှိ (၄)လမ်းသွား နိုင်​လွန်​ကတ္တရာလမ်း ဖွင်​လှစ်​တဲ့ အခမ်းအနားကို ဒီက​နေ့နံနက်​ပိုင်းက မန္တ​လေး-ပြင်​ဦးလွင်​ မိုင်​တိုင်​(၁၉/၁)မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ နိုင်​လွန်​ကတ္တရာလမ်းခင်းတာကို B.O.T စနစ်​နဲ့ ​ဆောင်​ရွက်​ထားတာဖြစ်​ပြီး ​ဆောက်​လုပ်​​ရေးဝန်​ကြီးဋ္ဌာနနဲ့ ORIENTAL HIGHWAY ကုမ္ပဏီတို့က အကျိုးတူ ပူး​ပေါင်း ​ဆောင်​ရွက်​ခဲ့တာလည်း ဖြစ်​ပါတယ်​။ ” မန္တ​လေး – ပြင်​ဦးလွင်​လမ်း ပိုမို​ကောင်းမွန်​​စေချင်​ပါတယ်​၊ မန္တ​လေးမြို့သစ်​စီမံကိန်းက ပြင်​ဉ်ီးလွင်​မှာ လုပ်​မှာ​ဗျ ဒါဟာကျွန်​​တော်​တို့အားလုံး အလုပ်​အကိုင်​ရှာ​ဖွေ ဖန်​တီးနိုင်​သလို ၊ နှစ်​ရှည်​စီမံကိန်းတစ်​ခုကို အ​ကောင်​အထည်​​ဖော်​မှာ ဖြစ်​တဲ့အတွက်​ အားလုံး စည်းကမ်းရှိမှဖြစ်​မှာ၊ အားလုံးညီညွတ်​မှဖြစ်​မှာ ၊ အစိုးရပိုင်းက အဂတိ ကင်းရမယ်​၊ ပြည်​သူပိုင်းက စည်းကမ်းရှိရမယ်​၊ ​စေတနာထား လုပ်​မှသာ တိုင်းပြည်​က ဖွံ့ဖြိုးတိုးတက်​မှာ…

Read More

လက်နက်ကြီးကျရောက်လို့ မြောက်ဦးမြို့မှာ နေအိမ်တစ်လုံးမီးလောင်ပြီး ဒေသခံအများအပြားဒဏ်ရာရရှိ

မြောက်ဦး၊ မတ် ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာဟောင်းတော ကျေးရွာမှာ နေအိမ်တစ်လုံးမီးလောင်ကျွမ်းသွားခဲ့ပြီး ဒေသခံ ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ မြောက်ဦးမြို့ အရှေ့ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ရွာဟောင်းကျေးရွာက ကလေးငယ်နှစ်ဦးအပါအဝင် ရွာသား ၆ ဦးနဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အလယ်ဈေးရပ်ကွက်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ “စစ်တပ်ကပစ်နေတာတော့ တစ်နေ့ကစပြီး ကျွန်တော်တို့ရွာနားမှာ ပစ်ခတ်မှုတွေလုပ်နေပါတယ်။ ဘယ်တပ်ကပစ်တယ်ဆိုတာတော့မသိဘူး။ ရွာရဲ့တောင်ဘက်ကနေပစ်ခတ်နေတာပါ။ မနေ့ကည ၉ နာရီလောက်မှာ လက်နက်ကြီးကျည်တစ်လုံးရွာထဲကိုကျတယ်။ အိမ်တစ်ဆောင်မီးလောင်သွားတယ်။ ရွာသားတွေ ဒဏ်ရာရကြပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ မနေ့ကညနေပိုင်းမှာ မြောက်ဦးမြို့ရဲ့မြောက် ကျောက်ရာဇ်ကေရပ်ကွက်ကို တပ်မတော်က ကားလေးစီးနဲ့ ဝင်ရောက်လာခဲ့ပြီး စတင်ပစ်ခတ်ခဲ့ကြတာဖြစ်ပြီးတော့ ည ၉ နာရီလောက်မှာ ရွာဟောင်းတောကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာဖြစ်ပါတယ်။ “ဒဏ်ရာရတာကတော့ ရွာဟောင်းတောရွာက…

Read More
VOM News

FREE
VIEW