ဟိုတယ်တွေကို ကြယ်ပွင့်တွေနဲ့အဆင့် သတ်မှတ်သွားမယ်

ရန်ကုန် ၊ မတ် ၁၉

TGH (VOM)

ဟိုတယ် တစ်ခုမှာ ရှိသင့်တဲ့ အချက်တွေနဲ့ ၀န်ဆောင်မှုတွေကို အကဲဖြတ်ပြီး ကြယ်ပွင့် နဲ့အဆင့်သတ်မှတ်သွားဖို့ ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကနေသိရပါတယ်။

အဲ့ဒီလိုအဆင့်သတ်မှတ်ဖို့ အတွက် နိုင်ငံတကာက ပညာရှင်တွေပါဝင်တဲ့ အဖွဲ့အစည်းတွေပူးပေါင်းပြီး သတ်မှတ်သွားဖို့ အတွက် ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့ တွေ ဆွေးနွေးမှုတွေစတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

“ နိုင်ငံတကာမှာလည်း ဟိုတယ်တွေက ကြယ်ပွင့်အဆင့်သတ်မှတ်ထားတာရှိတယ်။မြန်မာနိုင်ငံမှာ လည်း  အဆင့်သတ်မှတ်တယ်ဆိုတာမျိုးစလုပ်တာဖြစ်တယ်။ ဈေးနှုန်းပိုင်းတော့မဆိုင်ဘူး။သူ့ဘာသာ ဟိုတယ်တွေ ဈေးနှုန်းသတ်မှတ်ပေါ့။ ကြယ်ပွင့်အဆင့်၃ ရှိတဲ့ဟိုတယ်က ကြယ်ပွင့်အဆင့် ၄ ရှိတဲ့ဟိုတယ်ဈေးတောင်းရင်လည်း တည်းတဲ့သူက ကြည့်မှာပဲလေ။ ရန်ကုန်က ဟိုတယ်တွေကို စလုပ်မှာဖြစ်တယ်။ လုပ်မယ့်အထဲ နိုင်ငံခြားပညာရှင်တွေလည်းပါမယ်”။လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးရန်ဝင်းက အခုလိုပြောပါတယ်။

 

ဟိုတယ်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အချက်အလက် ၊ ၀န်ဆောင်မှုအပိုင်း စတဲ့ အနေအထားအားလုံး အပေါ်လိုက်ပြီး ကြယ်ပွင့်အဆင့်ကို သတ်မှတ်မှာဖြစ်ပြီး အဆင့်တိုင်းအလိုက် စံနှုန်းသတ်မှတ်ချက်တွေ ထားရှိလုပ်ဆောင်မယ်လို့သိရပါတယ်။

ဒီလိုကြယ်ပွင့်အဆင့်သတ်မှတ်တဲ့အခါမှာ နိုင်ငံတကာ နဲ့  UNWTO က ကျွမ်းကျင် ပညာရှင်တွေလည်းပါဝင်မှာဖြစ်ပြီး  ဒေသတွင်း သတ်မှတ် ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်အခြေခံကာ နိုင်ငံတွင်းအခြေအနေ နဲ့  လိုက်လျောညီထွေမှုရှိမယ့် သတ်မှတ်ချက်တွေ ဖော်ထုတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #ဟိုတယ် #ကြယ်ပွင့် #၀န်ဆောင်မှု #UNWTO

 

 

Related posts

Leave a Comment

VOM News

FREE
VIEW