ကမ္ဘာ့နေထိုင်မှုစရိတ်အမြင့်ဆုံးအဖြစ် စင်ကာပူ၊ ဟောင်ကောင်နဲ့ ပါရီမြို့တို့ ထိပ်ဆုံးမှာ ရပ်တည်

ပါရီ ၊ မတ်-၁၉-၂၀၁၉

မျိုးဆက် (VOM)

ကမ္ဘာပေါ်မှာ နေထိုင်မှုစရိတ်အမြင့်ဆုံးအဖြစ် စင်ကာပူ၊ ဟောင်ကောင်နဲ့ပါရီမြို့တို့က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ စီးပွားရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ ( EIU) ရဲ့ မတ် ၁၉ ရက်ကထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်ရှိ မြို့ကြီး ၁၃၃ မြို့က ကုန်ကျစရိတ်နဲ့ပတ်သက်တဲ့ ဈေးနှုန်းတွေကို နှိုင်းယှဉ်လေ့လာခဲ့တဲ့ အဆိုပါအဖွဲ့ရဲ့ စစ်တမ်းမှာတော့ နှစ် ၃၀ အတွင်း ထိပ်ဆုံးနေရာကို စင်ကာပူ၊ ဟောင်ကောင်နဲ့ ပါရီမြို့တို့က ပထမဆုံးအကြိမ်အဖြစ် ပူးတွဲပြီး ရပ်တည်နေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တာကာလမှာ နေထိုင်မှုစရိတ်အကြီးမြင့်ဆုံးအဖြစ် ပထမနေရာမှာ စင်ကာပူနိုင်ငံက ရပ်တည်နေခဲ့ပြီး ပါရီနဲ့ ဟောင်ကောင်တို့ကတော့ ပြီးခဲ့တဲ့နှစ်က ဒုတိယနေရာနဲ့ စတုတ္ထနေရာတို့မှာ ရပ်နေခဲ့ပါတယ်။

EIU အဖွဲ့ဟာ ပုဂ္ဂလိကစာသင်ကျောင်းစရိတ်၊ အပန်းဖြေကုန်ကျစရိတ်တွေအပါအ၀င် အစားအသောက်၊ အဖျော်ယမကာ၊ အ၀တ်အထည်၊ မီးဖိုချောင်သုံးပစ္စည်းတွေလို ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်တွေကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

ဒီလို အဆင့်သတ်မှတ်ရာမှာတော့ နယူးယောက်မြို့မှာ နေထိုင်တဲ့ ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ပြီး အသုံးစရိတ်ကြီးမြင့်တာ ဒါမှမဟုတ် နည်းပါးတာတွေကို သတ်မှတ်တာဖြစ်ပါတယ်။

နယူးယောက်မြို့နဲ့ နေထိုင်မှုစရိတ်တန်းတူရှိနေတဲ့နိုင်ငံတို့ကတော့ တောင်ကိုရီးနိုင်ငံ ဆိုးလ်မြို့နဲ့ ဒိန်းမတ်နိုင်ငံက ကိုပင်ဟေဂင်မြို့တို့ဖြစ်ပြီး အဆင့် ၇ မှာ သုံးမြို့စလုံး ပူးတွဲ ရပ်တည်နေပါတယ်။

Ref : CNA Photo : Pixabay

 

#voiceofmyanmar #အသုံးစရိတ် #စင်ကာပူ #ဟောင်ကောင် #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW