ကျောက်ဆည်၊ ဧပြီ – ၂၆- ၂၀၂၄
SA(VOM)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးရှေ့မှာ ဂိတ်ထိုးတဲ့ အိုးဝေယာဥ်မောင်းတဦး ဧပြီ လ ၁၉ ရက်နေ့က ယာဥ်အငှားလိုက်သွားရင်းကနေ ဒီကနေ့အချိန်ထိ အဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေသူ ကိုအောင်ကိုကို ဟာ ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆည်ဆေးရုံရှေ့မှာရှိတဲ့ အိုးဝေဂိတ်မှာ စစ်ကိုင်းမြို့ကို အောက်စီဂျင်အိုးပို့ချင်တယ်ဆိုပြီး အမျိုး သားနှစ်ယောက်က အိုးဝေလာငှားလို့ လိုက်သွားပြီးကတည်းက အဆက်အသွယ်မရတော့တာလို့ အိုးဝေဂိတ်က ယာဥ်မောင်တဦးက ပြောပါတယ်။
” စဥ့်ကိုင်တိုးဂိတ်အထွက်မှာတော့ CCTV မှတ်တမ်းအရ သူ့ဘေးကနေ ညှပ်ပြီးထိုင်လိုက်သွားတဲ့ အနေအ ထားတွေ့ရတယ်၊ အနောက်မှာတော့ အောက်စီဂျင်အိုးတင်ထားတာ မတွေ့ရဘူး” လို့ ကိုအောင်ကိုကို ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
အိုးဝေယာဥ်အမှတ် MDY 12 U/4403 ယာဥ်တစီးနဲ့အတူ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကိုအောင်ကိုကို ကို ဒီကနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်း မန္တလေးတိုင်းမှာ ဆိုင်ကယ်၊ ကား၊ အိုးဝေတွေကို ပစ်မှတ်ထား လုယက်သတ်ဖြတ်ခံရတဲ့ အရေအတွက် များပြားလာပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကလည်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး – မတ္တရာကားလမ်းအရှေ့ဘက် အင်ကျယ်ရွာနဲ့ မင်းကန်ရွာကြား အိမ်ရှေ့ မင်းထန်းတောအနီးမှာ အိုးဝေမောင်းတဲ့သူကို သတ်ပြီး TVS ယာဥ်အမျိုးစား အိုးဝေတစီး လုယူခံရမှု ဖြစ်ခဲ့ပါတယ်။
ဇန်နဂါရီ ၁၈ ရက်နေ့ကလည်း ပြင်ဦးလွင်ကို ကားအဌားလိုက်သွားတဲ့ အမျိုးသားတဦး သတ်ဖြတ်ခံရပြီး Suzuki ကားလုခံရသလို ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ရွှေစာရံဘုရားဖူးလိုက်ပို့တဲ့ မီနီအိုးဝေ တစီး ခိုးခံရပြီး ဒီကနေ့အချိန်ထိ ပြန်မတွေ့သေးဘူးလို့သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ယက်
Related posts
-
ယောကျ်ားလေးတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ဖြေလျှော့
ရန်ကုန် ၊ မေ ၈ – ၂၀၂၄ GG (VOM) ပြည်အလုပ်အကိုင်... -
မကွေးမြို့ရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ကျူးကျော်လို့ဆိုကာ တလအတွင်း ဖယ်ရှားခိုင်း
မေ ၇ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ... -
ဘီးလင်း-ဖာပွန် လမ်းပေါ်က တံတားတစင်း မိုင်းခွဲခံရလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ
မေ ၇ – ၂၀၂၄ SN (VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ဖာပွန်...