နတ်မတောင်အမျိုးသားဥယျာဉ်မှာ  ခရီးသွားဧည့်သည် ၀င်ကြေးကောက်ရန်စီစဉ်

ကန်ပက်လက် ဧပြီ ၂-၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် မင်းတပ်ခရိုင် အတွင်းရှိ နတ်မတောင်(ခေါ်)ခေါနူးစုမ် အမျိုးသားဥယျာဉ် အတွင်း ၀င်ရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေထဲကနေ ပြည်တွင်း ခရီးသွားဧည့်သည်တွေကိုလည်း ၀င်ကြေးကောက်ခံဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နတ်မတောင်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုး က ပြောပါတယ်။   နတ်မတောင် အမျိုးသားဥယျာဉ်အတွင်းကို ၀င်ရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ ထဲကနေ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ၂၀၁၄ ခုနှစ်ကနေ စတင်ပြီးတော့ လူတစ်ဦးကို မြန်မာငွေကျပ် တစ်သောင်း ကောက်ခံခဲ့ပါတယ်။ ဒီလို ကောက်ခံခဲ့ရာကနေ လာမယ့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ကုန်လောက်ကနေ စပြီးတော့ ပြည်တွင်းခရီးသွားဧည့်သည်တွေကိုလည်း  လူကြီးတစ်ဦးလျင် ငွေကျပ် တစ်ထောင် ၊ ၁၂ နှစ်အောက် ကလေးတစ်ဦးလျင် ငွေကျပ် ငါးရာ ကောက်ခံဖို့  ပြည်နယ်အစိုးရထံ ကို အစီအစဉ်တွေ…

Read More

ညမထွက်ရအမိန့်ထုတ်ပြန်မယ့် ညွှန်ကြားချက်စာရွက်ပေါက်ကြားမှုအပေါ် အရေးယူမယ်လို့ ရဲတပ်ဖွဲ့ပြော

စစ်တွေ၊ ဧပြီ ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ညွှန်ကြားချက်စာတစ်စောင်ဟာ ပေါက်ကြားခဲ့ပြီး မနေ့က ဧပြီလ ၁ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။   အဲ့ဒီညွှန်ကြားချက်စာရွက်ဟာ တရားဝင် အမိန့်ထုတ်ပြန်တာမျိုး မရှိသေးဘဲ အခုလိုပေါက်ကြားမှုတွေဖြစ်ပွားခဲ့တဲ့ စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်ပြီး အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲ့မှူးကြီးကြည်လင်းကပြောပါတယ်။   “ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့တော့မသိသေးဘူး။ တရားဝင်အကြောင်းကြားတာလည်းမရှိသေးဘူး။ ခင်ဗျားတို့သိတဲ့ဟာရှိရင်လည်း ကျွန်တော်တို့ဆီကို လှမ်းပို့ပေးပါ။ အဲ့ဒီစာရွက်က ဘယ်ကနေလာတာလဲဆိုတာကို ကျွန်တော်တို့ ဒီကနေ စိစစ်မယ်။”လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကပြောပါတယ်။   အဲ့ဒီညွှန်ကြာချက်မှာ စစ်တွေခရိုင်အတွင်းက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်၊ မြောက်ဦးခရိုင်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို…

Read More
VOM News

FREE
VIEW