လူ ၃ ယောက်သေတဲ့ အောင်ပန်းက ကျောက်မီးသွေးတွင်း

ရန်ကုန် ၊ ဧပြီ ၅-၂၀၁၉ TGH (VOM) ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ ကျောက်မီးတွင်းတစ်ခုမှာ အောက်ဆီဂျင်ပြတ်ပြီး လုပ်သား ၃ ဦးသေဆုံးခဲ့ပါတယ်။ ယနေ့ မနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖို့ အောင်ပန်းရဲစခန်းကို VOM သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ သတင်းထောက်ဖြစ်ကြောင်းဘယ်လိုယုံကြည်ရမလဲမသိတဲ့အတွက်ဖုန်းနဲ့ဖြေလို့မရကြောင်း၊ ရဲစခန်းကိုလာရောက်မေးမှသာဖြေဆိုနိုင်မယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ” အလွတ်ပြောပိုင်ခွင့်မရှိဘူး ၊ စခန်းကိုလာခဲ့ပါ၊အလွတ်ဆိုတာ လက်လွတ်စပယ်ပေါ့၊ လမ်းဘေးကတောင်ဖုန်းဆက်လို့ရနေတယ်ဆိုတော့ အမက သတင်းထောက်ပါ သတင်းဌာနကပါ ဆိုတာ ဘယ်လိုအချက်အလက်တွေကိုကြည့်ပြီးယုံကြည်ရမလဲ၊ဘယ်လိုယုံကြည့်ရမှာလဲ၊”လို့ အောင်ပန်းရဲစခန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။ လူမှု့ကွန်ယက် စာမျက်နာမှာ ထွက်ပေါ်ခဲ့တဲ့တဲ့သတင်းတွေ့အရ ဒီကနေ့ ဧပြီ ၅ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ နောင်ရဲကျေးရွာအုပ်စု၊ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ “တပြုသားမိုင်းနင်း” ကျောက်မီးသွေးတွင်းမှာ အောက်ဆီဂျင်ပြတ်ပြီး အလုပ်သမား ၃ ဦးသေဆုံးခဲ့တဲ့ကိစ္စကို မေးမြန်းစဉ် ခုလိုပြန်လည်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။…

Read More

နိုင်ငံခြားကုမ္ပဏီတွေရဲ့ တက္ကစီယာဉ်မောင်းတွေအနေနဲ့ အခက်အခဲတွေရှိနေ

ရန်ကုန် ၊ဧပြီ ၅ TGH (VOM) တက္ကစီ ယာဉ်မောင်းတွေအတွက် စာချုပ်ပါ အချက်အလက်တွေက ပြည့်စုံမှုမရှိတဲ့အပြင် ကော်မရှင်နှုန်းထားခကလည်း တည်ငြိမ်မှုမရှိသလို ပြဿနာတစ်စုံတလည်းတစ်ရာဖြစ်ခဲ့ပါကလည်း ကိုယ်နိုင်ငံအတွင်းထဲမှာပင် တရားစွဲဆိုလို့မရတာကြောင့်  အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး လုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။     ” မြန်မာနိုင်ငံမှာ လာလုပ်ရင် ဒီနိုင်ငံကဥပဒေကိုတော့ လိုက်နာရမယ်။ ခုကအဲ့လိုမဟုတတ်ဘူး သူတို့ကို တရားစွဲမယ်ဆိုရင် စင်ကာပူမှာ သွားပြီးတရားစွဲရမှာဆိုတော့ ကျွန်တော်မေးချင်တယ်  သူတို့က ဘယ်မှာပိုက်ဆံလာရှာနေလဲပေါ့ ။ သူတို့ကုမ္ပဏီအခြေစိုက်တဲ့နိုင်ငံမှာ သွားတရားစွဲရမယ်ဆိုတာ ဟုတ်တော့ မဟုတ်သေးဘူး။ လုံခြုံရေးအပိုင်းမှာ တက္ကစီယာဉ်မောင်းတွေနဲ့ အက်ပလီကေးရှင်း ကုမ္ပဏီတွေ ကြားထဲမှာ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ချက်ချင်းထိန်းသိမ်းနိုင်ဖို့ လိုပါတယ်”လို့ ရန်ကုန်တိုင်းသယ်ယူ ပို့ဆောင်ရေး လုပ်သားများသမဂ္ဂရဲ့ အတွင်းရေးမှူး ဦးချိုဝင်းက ပြောပါတယ်။     တစ်ချို့ ကုမ္ပဏီတွေရဲ့ စာချုပ်တွေမှာ…

Read More

မင်္ဂလာဈေး မီးလောင်မှု (၃)နှစ်ပြည့်သွားပေမယ့် တိကျတဲ့အဖြေတစ်ခု မှ မထွက်သေး

မန္တလေး၊ ဧပြီ ၅-၂၀၁၉ ဟိန်းကို(VOM) မီးဘေးသင့် မင်္ဂလာဈေးကြီး (၃)နှစ်ပြည့်သွားပေမယ့် မြို့တော်စည်ပင်ကနေ ဈေးဆောက်မယ်ဆိုပြီးချပြခဲ့တဲ့ ပုံစံက အရင်က ကတိက၀တ်ပြုထားတာတွေနဲ့ ကွဲလွဲနေတာတွေကြောင့် ဈေးသူဈေးသားအချို့က ဒီကနေ့ နေ့လည်ပိုင်းက မန္တလေး ကွန်မြူနတီစင်တာ မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #မင်္ဂလာဈေး #မီးလောင်

Read More

မင်္ဂလာဈေး မီးလောင်မှု (၃)နှစ်ပြည့်သွားသော်လည်း တိကျတဲ့အဖြေတစ်ခု မှ မထွက်သေး

  မန္တလေး၊ ဧပြီ ၅-၂၀၁၉ ဟိန်းကို(VOM) မီးဘေးသင့် မင်္ဂလာဈေးကြီး (၃)နှစ်ပြည့်သွားပေမယ့် မြို့တော်စည်ပင်ကနေ ဈေးဆောက်မယ်ဆိုပြီးချပြခဲ့တဲ့ ပုံစံက ယခင်က ကတိက၀တ်ပြုထားတာတွေနဲ့ ကွဲလွဲနေတာတွေကြောင့် ဈေးသူဈေးသားအချို့က ဂီကနေ့ နေ့လည်ပိုင်းက မန္တလေး ကွန်မြူနတီစင်တာ မှာ ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #မင်္ဂလာဈေး #မီးလောင်

Read More

ဝေလံခေါင်ဖျားတဲ့အရပ်တွေက လမ်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပံ့ပိုးပေး

  ဧပြီ ၅-၂၀၁၉ ဂျန်​ကိုးလ်​   ပဲခူးတိုင်းအတွင်းတိုင်းရင်းသားတွေ ​နေထိုင်တဲ့​​ဝေးလံအရပ်​​​​တွေမှာ ရှိတဲ့လမ်း​​တွေကို​ ပဲခူးတိုင်း​၂၈မြို့နယ်​ရဲ့လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ စုပေါင်းတိုင်ပင်ပြီး ၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်​မှာကျပ်​သိန်း၂၀၀၀ဘိုးခန့်​ ပံ့ပိုး​ပေးခဲ့တယ်​လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်​တိုင်းရင်းသားဝန်​ကြီး​နော်​ပွယ်​​စေးထံကသိရပါတယ်​။ “တိုင်းရင်းသားတွေက ဝေးလံခေါင်းဖျားတဲ့ဒေသတွေမှာ နေတာများတယ်။နောက်ပြီးတော့ ဖွံ့ဖြိုးမှုလည်း နောက်ကျတော့ လမ်းပမ်းဆက်သွယ်ရေး​ကြောင့်​ နောက်ကျတာဖြစ်တဲ့တွက် သွားရေးလာရေးတွေ အဆင်ပြေအောင် ကျောင်းသားကျောင်းသူတွေ ကျောင်းသွားကျောင်းလာအဆင်ပြေအောင် ပံပိုးပေးတာ ဖြစ်တယ်”လို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးနော်ပွယ်စေးကပြောပါတယ်။ သူတို့ ​ပံ့ပိုးပေးတဲ့လမ်း​​တွေဟာ အဓိကအနေနဲ့ ကျေးလက်လမ်းဦးစီးဌာနက လုပ်ဆောင်ပေးတဲ့ သတ်မှတ်ထားတဲ့ ဒီဇိုင်း၊ စံချိန်စံညွှန်းတွေမှာ ပါဝင်နိုင်ခြင်း ​​မရှိတဲ့ လမ်းအကျယ် ပေနည်းနေတဲ့ လမ်းတွေ၊ ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းတွေ၊ ရွာလယ်လမ်းတွေ ကို ပံ့ပိုးပေးပြီး ဒေသခံပြည်သူတွေကိုယ်တိုင် ပူပေါင်းပါဝင်တဲ့ပုံစံ နဲ့ ပံ့ပိုးကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်​။ ပဲခူးတိုင်းဒေသကြီးမှာ ကရင်၊ ချင်း၊ တိုင်းရင်းသားတွေ နဲ့ ပအို့၊ ရှမ်း၊ ရခိုင်အပြင်​​တခြား…

Read More

ပြည်မြို့မှာ သင်္ကြန်ကာလအတွင်း အိတ်ဇောဖွင့်ဆိုင်ကယ်တွေကို အရေးယူမယ်

ဧပြီ ၅-၂၀၁၉ ဂျန်ကိုးလ်(VOM) ပြည်မြို့မှာ သင်္ကြန်ကာလအတွင်းအများသူငါစိတ်အနှောင့်အယှက်ဖြစ် စေတဲ့ အိပ်ဇောဖွင့်ဆိုင်ကယ်များ အသံဆူညံစေတဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်တွေကို ထိရောက်စွာ အရေးယူသွား မယ်လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။ “သင်္ကြန်ကာလမှာ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်စေမယ့် ပါဝါအိတ်ဇော တပ်တာတွေ အိတ်ဇောဖွင့်မောင်းတာတွေ မရှိရအောင် သင်္ကြန်ကာလမတိုင်ခင်ကတည်းကိုက ဖမ်းဆီးအရေးယူ ဖြုတ်သိမ်း ဆောင်ရွက်သွားဖို့ရှိပါတယ်။”လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကပြောပါတယ်။ ပြည်မြို့လမ်းဆုံလမ်းခွတွေ လူစည်ကားရာနေရာတွေ အစရှိတဲ့ နေရာ ၈ နေရာသတ်မှတ်ပြီး ရဲတပ်ဖွဲ့၊မီးသတ်၊ သက်ဆိုင်ရာရပ်ကျေးအဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေက ညတိုင်း ပိတ်ဆို့ စစ်ဆေး ပြီး လုံခြုံရေး ဆောင်ရွက်နေသလို စည်းကမ်းမဲ့ဆိုင်ကယ်တွေ တွေ့ရှိပါကလည်း ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ် သွားမှာဖြစ်တယ်လို့သိရပါတယ်။ စည်းကမ်းမဲ့ ဆိုင်ကယ်တွေအပြင် လိုင်စင်မရှိတဲ့ အရက်ဆိုင်တွေ သင်္ကြန်ကာလအတွင်း လက်တွန်းလှည်း၊ သုံးဘီးဆိုင်ကယ်တွေနဲ့ရောင်းချတဲ့ ရွှေ့လျားအရက်ဆိုင်တွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။ #voiceofmyanmar #ပြည်မြို့…

Read More

သင်္ကြန်ပွဲတော်ကာလ ချင်းပြည်နယ်ရှိ ခိုင်ကမ်းဆင်စခန်းဖွင့်လှစ်ထားမယ်

  ခိုင်ကမ်း- ဧပြီ ၅-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ခိုင်ကမ်းမြို့ အနီးမှာ ဖွင့်လှစ်ထားတဲ့ ခိုင်ကမ်း ဆင်စခန်းကို သင်္ကြန်ပွဲတော်ကာလ မှာ ခရီးသွားဧည့်သည် တွေ လာရောက် အပန်းဖြေနိုင်ဖို့ အတွက် ပိတ်ရက်မရှိ ဖွင့်လှစ်ထားမှာ ဖြစ်တယ်လို့ ခိုင်ကမ်းဆင်စခန်း တာဝန်ခံ ဦးတိုးချစ်မှူးပိုင် က ပြောပါတယ်။ “ဒီဇင်ဘာလ နောက်ပိုင်းမှာ လမ်းခင်းလိုက်တော့ စခန်းကို လူဝင်တော်တော် ကျသွားတယ်။လာရောက်လည်ပတ်သူတွေက ချောင်းထဲက ကျောက်တိုက်တဲ့ လမ်းအတိုင်း လာရတာဆိုတော့ အဆင်မပြေတော့ လူအ၀င်နည်းသွားတယ်။ဒီတော့ သင်္ကြန်တွင်းကို ပိုပြီးတော့ ဖွင့်မယ်လို့ ဆုံးဖြတ်တယ်။လမ်းလုပ်တဲ့ ကုမ္မဏီကလည်း သင်္ကြန်တွင်းကို လမ်းဖွင့်ပေးမယ်လို့ ပြောထားလို့ အဲ့တာကြောင့်။အဲ့တာဆိုရင်တော့ ခရီးသွား ဧည့်သည် ပိုလာလိမ့်မယ် ထင်တာပေါ့ ” လို့ သူကပြောပါတယ်။ ခိုင်ကမ်းဆင်စခန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေ စတင်ပြီးတော့…

Read More

ပြည်မြို့မှာ တီဗီ Safe Guard အပူရှိန်လွန်ကဲရာမှတဆင့် နေအိမ်တလုံးမီးလောင်ဆုံးရှုံး ဧပြီ  ၅-၂၀၁၉ လမင်း (VOM) ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ရုံးလမ်းမှာရှိတဲ့ ဒေါ်သိန်းရင် ထမင်းဟင်းဆိုင်ဘေးက လူနေအိမ်တလုံးမှာ ဧပြီလ ၅ ရက်နေ့မနက် ၉း၃၀ ခန့်က မီးလောင်ခဲ့တာဖြစ်ပါတယ် ။ ” မီးလည်းမြင်ရောအိမ်ထဲကိုပြေးဝင်သွားကော ဝင်သွားတော့အိမ်ထဲမှာဘုရားစင်လောင်နေပြီ ဘုရားစင်ကနေအပေါ်ထပ်ကသစ်သားဆိုတော့သစ်သားကိုကူးနေပြီ အဲ့တော့အကိုနဲ့နှစ်ယောက်သုံးယောက်ရေပတ်ကော ပတ်တော့ဘုရားစင်ကပြိုကျသွားကော ” လို့ မီးလောင်အိမ်မျက်နှာချင်းဆိုင်မှာနေထိုင်တဲ့ ရာအိမ်မှူးဦးသိန်းလွင်ကဟြေပါတယ် ။ အဲ့ဒီအိမ်မီးလောင်မှုဟာ အိမ်ထဲမှာရှိတဲ့ တီဗီ Safe Guard အပူရှိန်လွန်ကဲရာကနေတဆင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပြည်ခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ် ။ ” မီးကကြိတ်ပြီးတော့လောင်နေတာပါ မီးတောက်ထွက်လာကာမှသိရတာပေါ့ အိမ်တလုံးနဲ့ ဟိုဘက်အိမ်က ထရံတစ်ချပ်လောင်သွားပါတယ် မီးငြိမ်းတာကမကြာပါဘူး ၃ မိနစ် ၄ မိနစ်လောက်ဆို ငြိမ်းသွားပါတယ် မီးသတ်ကားက ၂၁…

Read More
VOM News

FREE
VIEW