ပြည်မြို့မှာ တီဗီ Safe Guard အပူရှိန်လွန်ကဲရာမှတဆင့် နေအိမ်တလုံးမီးလောင်ဆုံးရှုံး

ဧပြီ  ၅-၂၀၁၉

လမင်း (VOM)

ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ရုံးလမ်းမှာရှိတဲ့ ဒေါ်သိန်းရင် ထမင်းဟင်းဆိုင်ဘေးက လူနေအိမ်တလုံးမှာ ဧပြီလ ၅ ရက်နေ့မနက် ၉း၃၀ ခန့်က မီးလောင်ခဲ့တာဖြစ်ပါတယ် ။

” မီးလည်းမြင်ရောအိမ်ထဲကိုပြေးဝင်သွားကော ဝင်သွားတော့အိမ်ထဲမှာဘုရားစင်လောင်နေပြီ ဘုရားစင်ကနေအပေါ်ထပ်ကသစ်သားဆိုတော့သစ်သားကိုကူးနေပြီ အဲ့တော့အကိုနဲ့နှစ်ယောက်သုံးယောက်ရေပတ်ကော ပတ်တော့ဘုရားစင်ကပြိုကျသွားကော ” လို့ မီးလောင်အိမ်မျက်နှာချင်းဆိုင်မှာနေထိုင်တဲ့ ရာအိမ်မှူးဦးသိန်းလွင်ကဟြေပါတယ် ။

အဲ့ဒီအိမ်မီးလောင်မှုဟာ အိမ်ထဲမှာရှိတဲ့ တီဗီ Safe Guard အပူရှိန်လွန်ကဲရာကနေတဆင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပြည်ခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ် ။

” မီးကကြိတ်ပြီးတော့လောင်နေတာပါ မီးတောက်ထွက်လာကာမှသိရတာပေါ့ အိမ်တလုံးနဲ့ ဟိုဘက်အိမ်က ထရံတစ်ချပ်လောင်သွားပါတယ် မီးငြိမ်းတာကမကြာပါဘူး ၃ မိနစ် ၄ မိနစ်လောက်ဆို ငြိမ်းသွားပါတယ် မီးသတ်ကားက ၂၁ စီးငြိမ်းသတ်ခဲ့ရပါတယ် ” လို့ခရိုင်မီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်ကဟြေပါတယ် ။  အဲ့ဒီမီးလောင်မှု ဖြစ်စဉ်ကြောင့် ဦးကြီးတင် ပိုင်ဆိုင်တဲ့ သွပ်မိုးပြင်ထောင် နေအိမ်တလုံးနဲ့ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး မီးလောင်အိမ်ဘေးမှာရှိတဲ့ ဦးစိုးမြင့် ပိုင်ဆိုင်တဲ့ သွပ်မိုးထရံကာအိမ်မှ ထရံတခြမ်းအနည်းငယ်မီးလောင်ခဲ့ပါတယ် ။

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးကြီးတင် အားပြည်မြို့နယ် အမှတ် ၁ နယ်မြေရဲစခန်းမှာ (ပ) ၃၁၅ / ၂၀၁၉ ၊ ပုဒ်မ ၂၈၅ နဲ့အမှု့ဖွင့်အရေးယူထားကြောင်းသိရပါတယ် ။

#voiceofmyanmar #ပြည်မြို့ #မီးလောင် #ပျက်စီးဆုံးရှုံး

Related posts

Leave a Comment

VOM News

FREE
VIEW