ပဲခူးတိုင်း ဥသျှစ်ပင်မြို့မှာ မီးလောင်မှုဖြစ်ပွား

  ဧပြီ ၆-၂၀၁၉ ဂျန်​ကိုးလ်​ ဧပြီ၆ရက်​မနက်​၈နာရီခန့်​က ပဲခူးတိုင်းပန်း​တောင်းမြို့နယ်​ဥသျှစ်​ပင်​မြို့ရတနာပုံရပ်​ကွက်​ ဇီဇ၀ါ၎လမ်းက လှိုင်​ရတနာ ပညာရိပ်မွန် ​​အမျိုးသမီးသီးသန့်​​ဘော်​ဒါ​ဆောင်​တလုံး မီး​လောင်​ဆုံးရှုံခဲ့တယ်​လို့သိရပါတယ်။ ​ မနက်​ခင်းစာချက်​ပြုတ်​တဲ့မီးကြွင်းမီးကျန်​က​နေ မီး​လောင်​မှုကြောင့်​​သွပ်​မိုး ​​ကျောက်​ပြားကာ၂ထပ်​အိမ်​တလုံးနဲ့​ခေါင်းရင်းအိမ်​တခြမ်းမီးဟပ်​မီးကျွမ်းထိခိုက်​မှု ရှိခဲ့တယ်​လို့မီးသတ်​တပ်​ဖွဲ့ရဲ့မှတ်​တမ်းတွေအရ သိရပါတယ်။ ​ “အဓိက က မီးသတ်​ကိုသတင်းပို့တာ​နောက်​ကျလို့ မီးသတ်​ကားက၄စီး​တောင်​ရှိတာ မြို့ထဲဆို​တော့၃မိနစ်​နဲ့မီးသတ်​ကား​ရောက်​လာတယ်​”လို့ပြည်​​တော်​သာအုပ်​ချုပ်​​ရေးမှူးဦး​အောင်​ကိုက​ပြောပါတယ်။မီး​လောင်​ရာကို ရပ်​ကွက်​​နေပြည်​သူတွေ မြို့​သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့​ မီးသတ်​တပ်​ဖွဲ့တွေ ပူးပေါင်းငြိမ်းသတ်​ခဲ့ကြပြီး ၅မိနစ်​အတွင်းမီးညွန့်​ချိုးနိုင်​ခဲ့တယ်​လို့ရပ်​ကွက်​​နေပြည်​သူ​တွေက​ပြောပါတယ်။ “အမှုကို မီးသတ်​လက်​​ထောက်​ဦးစီးမှူး​ကျော်​ကိုကိုကတရားလိုပြုလုပ်​ပြီး ဥသျှစ်​ပင်​နယ်​​မြေရဲစခန်းမှာဒုရဲအုပ်​​သော်​ဇင်​ထွဋ်​က (ပ)၃၁/၂၀၁၉ ပုဒ်မ၂၈၅နှင့်​​အမှုစစ်​အဖြစ်​​ဆောင်​ရွက်​​နေတယ်​”လို့ရဲအုပ်​၀င်းကိုက​ပြောပါတယ်​။ ဥသျှစ်​ပင်​နယ်​​မြေ မကျီးထုံး​ကျေးရွာမှာလည်းမ​နေ့ကဧပြီ၅ရက်​မှာအိမ်​တလုံးမီး​လောင်​ဆုံးရှုံးခဲ့​သေးတယ်​လို့သိရပါတယ်​။ #voiceofmyanmar #မီးလောင် #ပဲခူးတိုင်း #ဥသျှစ်ပင်မြို့

Read More

ကွန်ဒိုမီဒီယံ တည်ထောင်သူကို လုပ်ငန်းလိုင်စင်တွေ စတင်ထုတ်ပေး

ရန်ကုန် ၊ ဧပြီ ၆ TGH (VOM) စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒိုမီယံ)ဆိုင်ရာ တည်ထောင်သူ လုပ်ငန်းလိုင်စင်ကို ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ စုပေါင်းပိုင်အဆောက်အအုံတွေ တည်ဆောက်မယ့် လုပ်ငန်းရှင် ၃၂ ဦးကို  တရားဝင်ထုတ်ပေးခဲ့ပါတယ်။ ကွန်ဒိုမီဒီယံ(စုပေါင်းပိုင်အဆောက်အအုံ) ဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မယ့်သူတွေအပါအ၀င် တည်ဆောက်နေဆဲ ဖြစ်တဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းလိုင်စင်တွေ တရားဝင်စတင် ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ “ခုပွဲက လုပ်ငန်းလိုင်စင်ပေးအပ်ပွဲဖြစ်တယ်။အရင်တုန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင်ပဲရှိတယ်။အခု Developer လုပ်ငန်းလိုင်စင်ခေါ်တယ် စုပေါင်းပိုင်းအဆောက်အအုံများကို တည်ဆောက်တဲ့လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင်ပေးအပ်တဲ့ပွဲဖြစ်တယ်။အရင်တုန်းက Developer ဆိုပြီးတော့ တရားဝင်လုပ်ငန်းလိုင်စင်မရှိဘူး။အခု ကွန်ဒိုမီဒီယံဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မယ့်သူတွေကို အရင်ပေးအပ်တာဖြစ်တယ်။ဒီထဲမှာ ပြည်တွင်း နဲ့ဖက်စပ်လုပ်ငန်းတွေလည်းပါတယ်။”လို့ Myanmar Developer Association ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးဇော်ရဲဝင်းက ပြောပါတယ်။ လက်ရှိမှာ ကွန်ဒိုမီဒီယံဈေးကွက်အခြေနေအရ နိုင်ငံခြားသား ၀ယ်ယူမှုအခြေအနေ အားရစရာ မရှိသေးပေမယ့် လည်း စိတ်ဝင်တစားနဲ့မေးမြန်းမှုတွေရှိကြောင်းနဲ့ ကွန်ဒိုမီဒီယံဥပဒေအရ…

Read More

ကျောက်မီးသွေးပြာပုံထဲ လူတွေ ကူးခတ်နေတဲ့မြို့

ဧပြီ ၆-၂၀၁၉   စိုင်းထွန်းအောင်လွင်   (က) ငါးတွေကသေ ညှော်နံ့ကနံ   ကလော-အောင်ပန်းလမ်းခွဲကနေ ပင်လောင်းမြို့ဘက်ကို ချိုးလိုက်တာနဲ့ ကားလမ်းဘေးတဘက်တချက်ကို ဝှေ့ကြည့်လိုက်တော့ တောင်တန်းတွေနဲ့ ကားလမ်းအကြားမှာ စိုက်ခင်းတွေက စိမ်းစိမ်းလန်းလန်း ဝေေ၀ဆာဆာနဲ့ပါ။ အထက်ဘီလူးချောင်း တံတားကို ရောက်တာနဲ့ ကားလမ်းရဲ့ ဘယ်ဘက်မှာ မလှမ်းမကမ်းမှာ ဘိလပ်မြေ စက်ရုံခေါင်းတိုင်ကို တွေ့ရတဲ့ အတွက် ရွာမကျ တိုက်နယ်မကတော့တဲ့ တီကျစ်မြို့ကလေးကို ရောက်လာခဲ့ပြီဆိုတာ သတိပြုမိလိုက်ပါတယ်။   မြို့မဘုန်းကြီးကျောင်းဝန်းထဲ ရောက်တာနဲ့ ဒေသခံ တဦးဖြစ်တဲ့ ဦးကျင်မောင်က ကျောက်မီးသွေးမိုင်းခွဲမှုကြောင့် နံရံတွေ အက်နေတဲ့ ဘုန်းကြီးကျောင်း နံရံတွေကို လက်ညှိုးညွှန်ပြပါတယ်။   ‘ဒီရက်ပိုင်းက လူကြီးလာမယ်ဆိုလို့ မိုင်းမခွဲတာ၊ ခါတိုင်းက နေ့လည်တိုင်း ခွဲတယ်။ အိမ်တွေလည်း ခါတာပေါ့ အရင်က ပိုဆိုးတာပေါ့ ၊ ဒီရက်မှ မိုးကလည်း…

Read More

မိုးမကျမီ ရသေ့တောင်က စစ်ဘေးရှောင်တွေကို တဲအိမ်တွေဆောက်လုပ်ပေးဖို့လိုအပ်နေ 

  ရသေ့တောင်၊ ဧပြီ ၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရသေ့တောင်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်ကျေးရွာသားတွေဟာ လက်ရှိမှာ ရသေ့တောင်မြို့ပေါ်က နေရာ ၅ ခုမှာ ယာယီနေထိုင် နေကြရတာဖြစ်တဲ့အတွက် မိုးမကျမီ တဲအိမ်တွေဆောက်လုပ်ပေးဖို့ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူ တွေကပြောပါတယ်။   “လောလောဆယ်မှာတော့ ဘုန်းကြီးကျောင်းတွေမှာ ထားပါတယ်။ မကြာခင်မှာမိုးရွာတော့မယ်။ မိုးကျလို့ရှိရင်လည်း ဘုန်းကြီးကျောင်းတွေမှာ ဆက်ထားလို့အဆင်မပြေတော့ဘူး။ စခန်းတွေဆောက်ပေးဖို့လိုအပ်နေပါတယ်။ အစိုးရလည်း အကူအညီပေးစေချင်ပါတယ်။”လို့ စစ်ဘေးရှောင်ကူညီရေး CSO အဖွဲ့ပေါင်းစုံ ဥက္ကဌ ဦကျော်သာစိန်ကပြောပါတယ်။   ရသေ့တောင်မြို့ပေါ်ကို ရောက်ရှိခဲ့တဲ့ စစ်ဘေးရှောင်ဦးရေ ၆၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေဟာ ရွှေကျင်ဘုန်းတော်ကြီး ကျောင်း၊ ပရဟိတဘုန်းတော်ကြီးကျောင်း၊ ဇောဓိပါလ ဘုန်းတော်ကြီးကျောင်း၊ ဗုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းနဲ့ အမက ၆…

Read More

ပြဿနာဖြစ်နေတဲ့နေရာတွေကို ကပ်ဘိနပ်အဖွဲ့က ရောက်မလာတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့လိုအပ်ချက်ကို မသိတာလို့ လွှတ်တော်ကိုယ်စားလှယ်ပြော

  စစ်တွေ၊ ဧပြီ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံကျေးရွာအများအပြားက ကျေးရွာသား နှစ်သောင်းကျော်တို့ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီးတော့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး အခုလိုမျိုး ပြဿနာဖြစ်ပွာနေတဲ့ ဒေသတွေကို ကပ်ဘိနပ်အဖွဲ့ဝင်တွေ သွားရောက်လေ့လာမှုမရှိတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို မသိတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြသူ ၁၅၀၀ လောက်ရှိနေပြီးတော့ အဲ့ဒီလူတွေဟာ ကျေးရွာတွေကို တိုက်ခိုက်ပစ်ခတ်ခံရတဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြရတာဖြစ်ကြောင်းနဲ့ သူတို့ရဲ့အခက်အခဲတွေကို လစ်လျူရှုနေတဲ့ အစိုးရကိုတင်ပြတောင်းဆိုစရာမရှိဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။   #voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်

Read More

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လူအင်အား တစ်ထောင်ကျော်နဲ့ ဆန္ဒထုတ်ဖော်

ကလေး ဧပြီ ၆-၂၀၁၉ မိုင်ချယ်ရီ(VOM) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား တစ်ထောင်ကျော် နဲ့ ဒီနေ့ ကလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “ပုဒ်မ ၅၉(စ) ဖျက်မည့်သူ ဒို့ရန်သူ ဒို့ရန်သူ ၊ ပြည်ပ ပထွေးမျှော် အဖေတော်ချင်သူများအား ချေမှုန်းကြ ချေမှုန်းကြ ၊တိုင်းရင်းသား မဟုတ်သူ သမ္မတ ဖြစ်မည့် အကြံ ဒို့လက်မခံ ဒို့လက်မခံ ၊အမျိုးသားလုံခြုံရေး အတွက် ၅၉(စ) မပြင်ဆင်ရေး ဒို့အရေး ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေ နဲ့ ကြွေးကြော်ပြီးတော့ မနက် ၈ နာရီ အချိန်ခန့်ကနေ နေ့လယ် ၁၁ နာရီ အချိန်ထိ ကလေးမြို့ အတွင်းမှာ ရှိတဲ့ လမ်းမကြီးတစ်လျှောက် ကလေးမြို့နယ် အမျိုးသားအင်အားစုများ…

Read More

စစ်ဘေးရှောင်ထောက်ပံ့ရေးအလှူခံအဖွဲ့ရဲ့ အလှူခံနေမှုကို  ရဲတပ်ဖွဲ့ ကဟန့်တားမှုပြုလုပ်

  စစ်တွေ၊ ဧပြီ ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးမှာ ဒီကနေ့မနက်ပိုင်းက စစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီမှုပြုလုပ်ပေးနိုင် ရေးအတွက် အလှူငွေကောက်ခံနေကြတဲ့ မျိုးဆက်ရင်သွီး ပရဟိတလူငယ်များအဖွဲ့ကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က ဟန့်တားမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ စားရေးသောက်ရေး အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးနဲ့ပတ်သက်လို့ အခုလိုစေတနာရှင်တွေဆီကနေ အလှူငွေတွေကောက်ခံမှု ပြုလုပ်နေကြတာဖြစ်ပါတယ်။ “ကျွန်တော်တို့လူငယ်တွေစုပြီးတော့ စစ်ဘေးရှောက်တွေကို ထောက်ပံ့နိုင်ရေးအတွက် အလှူငွေတွေကောက်ခံနေတာပါ။ ကျွန်တော်တို့လျို့ဝှက် ကောက်ခံနေတာမဟုတ်ဘူး။ ဒါကို ထောက်ခံစာပါလား။ ခွင့်ပြုချက်ရှိလာဆိုပြီးတော့ မေးတယ်။ ဆက်မလုပ်ဖို့တားတယ်။ ကျွန်တော်တို့ကို ရဲစခန်းကိုခေါ်တယ်။ ထောက်ခံစာယူပေးရမှာလားမေးတော့လည်း ဘာမှရေရေရာရာမပြောဘူး။”လို့ အလှူငွေကောက်ခံတဲ့အဖွဲ့က ကိုမောင်ဝေကပြောပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အလှူငွေကောက်ခံနေသူတွေကို တားဆီးမှုပြုလုပ်တာဟာ ခွင့်ပြုချက်မရှိဘဲ ကောက်ခံနေတဲ့အတွက် အခုလိုတားဆီးမှုတွေပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့က ခွင့်ပြုချက်ကိုတောင်းတာ။ သူတို့မပြနိုင်ဘူး။ ဒါကြောင့်သူတို့ကို ပြန်ခိုင်းတာပါ။ အရေးယူဖို့လည်းမရှိပါဘူး။”လို့ ဟန့်တားတဲ့အဖွဲ့မှာပါဝင်တဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။…

Read More

ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ဆိုင်ကယ်စီးနင်းသူတွေ ပြည်မြို့ကိုရောက်ရှိ

ဧပြီ ၅-၂၀၁၉ လမင်း(VOM) ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် မိုင်ပေါင်းနှစ်ထောင်ကျော် ဆိုင်ကယ်စီးနင်းသူတွေ ပြည်မြို့ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ #voiceofmyanmar #ပြည်မြို့ #ငြိမ်းချမ်းရေးခရီးစဉ် #Biker

Read More
VOM News

FREE
VIEW