အမြန်လမ်းဖြတ်မယ့် လိုက်ထရပ်ကားတွေအနေနဲ့ ကားခေါင်မိုးပေါ်မှာ ပစ္စည်းတွေနဲ့၊လူတွေ တင်လာရင်  ဖြတ်သန်းခွင့်ပြုတော့မှာ မဟုတ်

 

 

ရန်ကုန် ၊ဧပြီ ၈-၂၀၁၉

ကား ခေါင်မိုးပေါ်မှာ ပစ္စည်းတွေ၊လူတွေတင်ဆောင်လာတဲ့  လိုက်ထရပ်ကားတွေကို အမြန်လမ်းမပေါ် ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော် )က ရဲမှူးဇာနည်မောင်ကပြောပါတယ်။

 

ဒီအချက်က အမြန်လမ်းကို ဖြတ်သန်းမယ့် Light Truck ယာဉ်တွေအတွက် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက် ၁၈ ချက်ထဲက တစ်ခုဖြစ်ပါတယ်။အဲ့ဒီအချက်တွေထဲက အချက်တစ်ချက်မပြည့်စုံရင်လည်း အမြန်လမ်းကိုဖြတ်သန်းမောင်းနှင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

 

” အဖွဲ့ ၇ ဖွဲ့ကနေ စစ်ဆေးတာတွေလုပ်မှာဖြစ်တယ်။ ဒီနေ့စတင်တာဖြစ်တယ်။ ထုတ်ပြန်ထားတဲ့ အချက်တွေမပြည့်စုံရင် ကျွန်တော်တို့က အမြန်လမ်းကိုဖြတ်ခွင့်ပြုမှာမဟုတ်ပါဘူး။လမ်းဟောင်းကပဲ မောင်းရမှာဖြစ်ပါတယ်”လို့ ရဲမှူးဇာနည်မောင်ကဆိုပါတယ်။

 

လိုက်ထရပ်တွေအတွက် ထုတ်ပြန်ထားတဲ့ အချက်တွေက ယာဉ်ရဲ့ အစိတ်အပိုင်း ကောင်းမွန်စွာ အလုပ်လုပ် ဖို့ ယာဉ်ရဲ့ ကိုယ်ထည် ကြံ့ခိုင်ကောင်းမွန်မှု ရှိဖို့ တာယာတွေ စံချိန်စံညွှန်းနဲ့အညီ ဖြစ်ဖို့  စတဲ့ အချပ်တွေဖြစ်ပါတယ်။

 

အခုလိုစစ်ဆေးတာတွေကိုအမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ တို့ ကပူးပေါင်းပြီး အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်၊ နေပြည်တော် စီလမ်းဆုံ တိုးလ်ဂိတ်၊စကားအင်း တိုးလ်ဂိတ် တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။

 

#voiceofmyanmar #အမြန်လမ်း #လိုက်ထရပ် #ရဲတပ်ဖွဲ့

 

 

Related posts

Leave a Comment

VOM News

FREE
VIEW