မင်းလှမှာ လူငယ်တဦး ကြိုးဆွဲချသေဆုံး

မင်းလှ ဧပြီ ၁၈-၂၀၁၉

မိုးယံ (ဇီးကုန်း)

 

သာယာဝတီ ခရိုင်​ မင်းလှ မြို့နယ်​မှာ ဧပြီ ၁၇ မနက်​ ၁၀နာရီ ဝန်းကျင်​က  အသက်​ ၂၇ နှစ်​ အရွယ်​ရှိတဲ့ အမျိုးသား တစ်​ဦးဟာ ကြိုးဆွဲချ ​သေဆုံးသွားတယ်​လို့ မင်းလှမြို့ မ ရဲစခန်းက သိရပါတယ်​။

 

ဖြစ်​စဉ်​မှာ ဒီက​နေ့မနက်​ ၁၀နာရီခန့်​က အ​နောက်​ကြို့ကုန်း ရွာက လူတစ်​ဦး ကြိုးဆွဲချ ​သေဆုံး​နေ​ကြောင်း ဆယ်​အိမ်​မှူး  ဦး​အောင်​မျိုးကနေ ရဲစခန်းသို့်​ ဖုန်းဆက်​ အ​ကြောင်းကြားလို့ သွားရောက်​စစ်​​ဆေးခဲ့တာမှာ  စွပ်​ကျယ်​ အဖြူ​ရောင်​ ပုဆိုးခရမ်း​ရောင်​ အကွက်​စိပ်​ ဝတ်​ဆင်​ပြီး ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကိုတွေ့ရတယ်လို့  ရဲမှတ်​တမ်းမှာ ဖော်​ပြထားပါတယ်​။

 

ဖြစ်​စဉ်​အ​သေးစိတ်​ကို ​သေဆုံးသူ ရဲ့အကို ဖြစ်​သူ ဦး​အောင်​မိုးက`ကျွန်​​တော့ ညီက အရက်​အလွန်​အကျွံ​သောက်​တတ်​တယ်​ အရက်​​ကြောင်​ ​ကြောင်​ပြီးအိမ်​က မနက်​ ၉နာရီက ထွက်​သွားတာ ပြန်​မလာလို့ လိုက်​ရှာ​တော့မှ အိမ်​​ရှေ့ဘက်​ခြံ​ထောင့်​ မရမ်းပင်​မှာ ကြိုးဆွဲချ ​သေ​နေတာ ​တွေ့ရတယ်​´လို့ ရဲစခန်းမှာ ထွက်​ဆိုထားပါတယ်​။

အမှုကို မင်းလှမြို့မရဲစခန်းမှ ​သေမှု​သေခင်းအမှတ်​စဉ်​(၉/၂၀၁၉)ဖြင့်​ အမှုဖွင့်လက်ခံထားပြီး ရဲလုပ်​ငန်းများ ဆက်​လက်​လုပ်​​ဆောင်​​နေတယ်​လို့ သိရပါတယ်​။

#voiceofmyanmar #မင်းလှ #လူငယ်တဦးကြိုးဆွဲချသေဆုံး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW