ရသေ့တောင်မြို့ပေါ်ကို စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိနေပြီး စားရေးသောက်ရေးအခက်တွေ့နေ

ရသေ့တောင်၊ ဧပြီ ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဒေသခံကျေးရွာသား တွေဟာ စိုးရိမ်ကြောက်လန့်ပြီးတော့ နေ့စဉ်လိုလိုထွက်ပြေးနေကြတာကြောင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိခိုလှုံနေကြတာဖြစ်ပါတယ်။

အခုလို စစ်ဘေးရှောင်ကျေးရွာသားတွေ တိုးပွားလာနေတဲ့အချိန်မှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့  စစ်ဘေးရှောင်တွေ အတွက် အလှုငွေကောက်ခံမှုတွေကို ဟန့်တားခံနေရပြီး အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ရရှိမှ ကောက်ခံခွင့်ပြုမယ်လို့ စာထုတ်တားမြစ်ထားတဲ့အတွက် သူတို့တွေရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေကပြောပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #ရသေ့တောင် #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW