AA မီးရှို့ဖျက်ဆီးခဲ့တဲ့ တံတားသံဘောင်တွေဟာ  ဆေးသုတ်ပြီး ပြန်လည်အသုံးပြုနိုင်

ရန်ကုန် ၊ ဧပြီ ၂၄-၂၀၁၉

TGH(VOM)

 

AAရဲ့ မီးရှို့မှုကြောင့် မီးလောင်ခဲ့တဲ့ ကုလားတန်မြစ်ကူးတံတား  သံဘောင်တွေနဲ့ပတ်သက်ပြီး  လတ်တလောစစ်ဆေးချက်တွေအရ သံဘောင်ရဲ့အရည်အသွေးပိုင်းနဲ့ ခံနိုင်ရည်ပိုင်း  မထိခိုက်တာကြောင့် သံဘောင်တွေကို ဆေးသုတ်ပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း သိရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ် ။

 

” ဂျပန်ပညာရှင်တွေစစ်ဆေးချက်အရ သံဘောင်ရဲ့အရည်အသွေးပိုင်းနဲ့ခံနိုင်ရည်ပိုင်းမှာ မထိခိုက်ဘူးလို့သိရတယ်၊ ခံနိုင်ရည်ပိုင်းမှာ သေချာမှုရှိဖို့စစ်ဆေးထားတယ်၊ အဖြေတော့မထွက်သေးဘူး။ ဂျပန်ပညာရှင်တွေကတောဒီ သံဘောင်တွေကို ဆေးသုတ်အသုံးပြုလို့ရတယ်ပြောတယ်။ ဒီသံဘောင်တွေဟာ မြစ်ရဲ့အလယ်မှာ အသုံးပြုတဲ့တံတားတိုင်တွေဖြစ်ပါတယ်”လို့  ဦးစိုးထက်ကပြောပါတယ်။

 

တကယ်လို့ သံဘောင်တွေ ခံနိုင်ရည်ပြည့်မှီပြီး ပြန်လည်အသုံးပြုလို့ရအုံးမယ်ဆိုပါက တံတားအတွက် ပြန်လည်အသုံးပြုနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့အနီးရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အတွက် MVရတနာဝင်းသင်္ဘောနဲ့   သယ်ဆောင်လာတဲ့ အမေရိကန်ဒေါ်လာ (၇၁၅၀၀၀)နှင့် ညီမျှတဲ့ မြန်မာ ကျပ်ငွေ(၁,၀၇၂,၅၀၀,၀၀၀.၀၀) တန်ဘိုးရှိ လိုအပ်တဲ့ သံပေါင် တန်ချိန် (၂၈၆.၂၃)တန်နဲ့ဆက်စပ်ပစ္စည်း တွေကိုAA လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

 

ကုလားတန်မြစ်ကူးတံတားကို  ၂၀၁၆ နှစ်ကုန်ပိုင်းမှာ တံတားအထူးအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ တာဝန်ယူဆောက်လုပ်နေတာဖြစ်ပြီး  ကျပ်ငွေ (၂၇) ဘီလီယံ အသုံးပြုနေကြောင်းနဲ့လက်ရှိမှာတော့ တံတား တည်ဆောက်မှု ၅၇ ရာခိုင်နှုန်းကျော် ပြီးနေပြီလို့ဆိုပါတယ်။

 

တံတားအရှည်ကဆိုရင်  ၁၉၄၂ပေ(၅၉၂မီတာ) ရှိပြီး၊ အကျယ် (က) ယာဉ်သွားလမ်း ၂၄ပေ ၇လက်မ(၇.၅)မီတာ၊ (ခ) လူသွားလမ်း တဖက်လျှင် (၃)ပေ၊ အမျိုးအစား သံကူကွန်ကရစ်+သံမဏိသံဘောင် ဖြစ်ပြီး တံတားဖွင့်ပွဲကိုတော့ လာမယ့် ၂၀၂၀ခုနှစ်  ချင်းအမျိုးသားနေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

 

#voiceofmyanmar #AA #ပလက်ဝ #ကုလားတန်မြစ်ကူးတံတား

 

 

Related posts

Leave a Comment

VOM News

FREE
VIEW