ငါးမွေးမြူခြင်းဆိုင်ရာဥပဒေမူကြမ်းကို အမျိုးသားငါးမွေးမြူခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ ယခုလအတွင်း တင်ပြမယ်

ရန်ကုန်၊ ဧပြီ ၂၄-၂၀၁၉ TGH (VOM)   ငါးမွေးမြူ​ရေး​ တောင်သူတွေအတွက် ရပိုင်ခွင့် အခွင့်အရေး ထည့်သွင်းရေးဆွဲထားခြင်းမရှိတဲ့ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေမူကြမ်းကို အမျိုးသားငါးမွေးမြူ ခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ဖို့  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ကို ယခုလအတွင်း ဆွေးနွေးအကြံပြုတင်ပြသွားမယ်လို့သိရပါတယ်။   အဲဒီ ဥပဒေမှာက  ငါးမွေးမြူ ရေးလို့ သတ်မှတ်ထားပေမယ့်လည်း ငါး၊ ပုဇွန်မွေးမြူခြင်းနဲ့ပတ်သက်ပြီး အစာပိုင်း ၊   ဆေးဝါး၊ ရောဂါနဲ့ ပတ်သက်လို့တစ်ခုမှ မပါဝင်သလို ဓါတ် ခွဲခန်းကိစ္စ၊ မွေးမြူ ရေးနည်စနစ်နဲ့ ပတ်သက်တဲ့ကိစ္စတွေလည်းမပါဝင်ဘူးလို့ဆိုပါတယ်။ဒါကြောင့် အမျိုးသားငါးမွေးမြူ ခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ တင်ပြရန်စီစဉ်ခြင်းဖြစ်တယ်လို့  ငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။   “ပြည်ထောင်စုလွှတ်တော်က ကြေငြာတာက ငါးမွေးမြူ ခြင်းဆိုင်ရာ ဥပဒေမူကြမ်းပေါ့။ လက်ရှိတည်ဆဲဥပဒေကလည်း ငါးမွေးမြူခြင်းဆိုင်ရာဥပဒေပဲ။ အခုပြန်ပြီး အသစ်ရေးဆွဲမယ့် ဥပဒေကလည်း ဒါပဲ။  ရေသယံဇာတ၊…

Read More

တောင်ကုတ်မှာ စခန်းမှူးကားနဲ့ ဆိုင်ကယ်တိုက် ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံး

တောင်ကုတ်၊ ဧပြီ ၂၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ မနေ့ ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက တောင်ကုတ်မြို့မရဲစခန်းမှူး ကိုယ်တိုင်မောင်းနှင်လာတဲ့ကားနဲ့ ဆိုင်ကယ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီးတော့ ဆိုင်ကယ်သမားဟာ အဲ့ဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။   ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာမှာ တောင်ကုတ်မြို့ပေါ် လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ လျှပ်စစ်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့မိသားစုတွေပြောပြတာကတော့   “မနေ့က ကျွန်တော်ညက လျှပ်စစ်လမ်းကနေ လာတယ်။ သူကကိုယ့်လမ်းကိုသွားတာပါ။ အဲ့ဒီနားမှာ ကားလေး တစ်စီးက ရပ်ထားတယ်။ လမ်းကလည်းကျဉ်းတယ်။ စခန်းမှူးကားက အရှိန်နဲ့လာတယ်။ ဘရိတ်နင်းလိုက်တဲ့အခါမှာ ဆိုင်ကယ်က ရှေ့ဘီးထောင်တက်သွားတယ်လို့ပြောပါတယ်။ မှောက်သွားတယ်။ အဲ့ဒီမှာ စခန်းမှူးကားက သူ့ခြေထောက်ကို စပြီးတော့နင်းလိုက်တယ်။ သူကကားနင်းခံလိုက်ရတဲ့အတွက် နာပြီးတော့ ကုန်းထတဲ့အခါမှာ ကားက သူ့ရဲ့နဖူးကိုထပ်ပြီးတိုက်လိုက်တယ်။ ဦးထုပ်ကွဲပြီး နောက်စေ့က ကွန်ကရစ်လမ်းမပေါ်မှာ ဆောင့်ကျသွားတယ်။ အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီး သေတာပါ။”လို့…

Read More

AA မီးရှို့ဖျက်ဆီးခဲ့တဲ့ တံတားသံဘောင်တွေဟာ  ဆေးသုတ်ပြီး ပြန်လည်အသုံးပြုနိုင်

ရန်ကုန် ၊ ဧပြီ ၂၄-၂၀၁၉ TGH(VOM)   AAရဲ့ မီးရှို့မှုကြောင့် မီးလောင်ခဲ့တဲ့ ကုလားတန်မြစ်ကူးတံတား  သံဘောင်တွေနဲ့ပတ်သက်ပြီး  လတ်တလောစစ်ဆေးချက်တွေအရ သံဘောင်ရဲ့အရည်အသွေးပိုင်းနဲ့ ခံနိုင်ရည်ပိုင်း  မထိခိုက်တာကြောင့် သံဘောင်တွေကို ဆေးသုတ်ပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း သိရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ် ။   ” ဂျပန်ပညာရှင်တွေစစ်ဆေးချက်အရ သံဘောင်ရဲ့အရည်အသွေးပိုင်းနဲ့ခံနိုင်ရည်ပိုင်းမှာ မထိခိုက်ဘူးလို့သိရတယ်၊ ခံနိုင်ရည်ပိုင်းမှာ သေချာမှုရှိဖို့စစ်ဆေးထားတယ်၊ အဖြေတော့မထွက်သေးဘူး။ ဂျပန်ပညာရှင်တွေကတောဒီ သံဘောင်တွေကို ဆေးသုတ်အသုံးပြုလို့ရတယ်ပြောတယ်။ ဒီသံဘောင်တွေဟာ မြစ်ရဲ့အလယ်မှာ အသုံးပြုတဲ့တံတားတိုင်တွေဖြစ်ပါတယ်”လို့  ဦးစိုးထက်ကပြောပါတယ်။   တကယ်လို့ သံဘောင်တွေ ခံနိုင်ရည်ပြည့်မှီပြီး ပြန်လည်အသုံးပြုလို့ရအုံးမယ်ဆိုပါက တံတားအတွက် ပြန်လည်အသုံးပြုနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။   ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့အနီးရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အတွက် MVရတနာဝင်းသင်္ဘောနဲ့   သယ်ဆောင်လာတဲ့ အမေရိကန်ဒေါ်လာ (၇၁၅၀၀၀)နှင့်…

Read More

ပြည် နဝဒေးတံတားအောက် လုယက်သတ်ဖြတ်ခံရမှု ၆နှစ်ပြည့်သော်လည်း အမှုမှန်မပေါ်လို့ ဆုတောင်းပွဲလုပ်

ပြည် ဧပြီ ၂၄-၂၀၁၉ ဂျန်ကိုးလ် (VOM)   လွန်ခဲ့တဲ့ ၆နှစ်က ပြည်​မြို့နဝ​ဒေးတံတား​အောက်​ အကြမ်းဖက်​လုယက်​ခံ​ရလို့ သေဆုံးခဲ့ရ​တဲ့ ကို​ဇော်​မင်းဦး​ သေဆုံးတဲ့အမှု ဒီ​နေ့ထိအမှုမှန်​ မ​ပေါ်​သေး​တာကြောင့် နဝဒေးတံတားနားက ရှုခင်းသာမှာ သေဆုံးသူရဲ့ အသိမိတ်ဆွေတွေက ဧပြီ၂၃ရက်နေ့ညနေက ဆီမီးထွန်းဆုတောင်းပွဲလုပ်ခဲ့ပါတယ်။     ‘အမှန်တရားမပေါ်ပေါက်သေးဘူး တရားဥပဒေအရဆုံးဖြတ်ချက် မချရသေးတာကိုလည်း မမေ့သေးဘူးဆိုတာကိုပြောချင်တဲ့အတွက် လုပ်​တာ လွန်ခဲ့တဲ့ ၆ နှစ်ကဒီနေရာမှာအသတ်ခံခဲ့ရတဲ့ ကိုဇော်မင်းဦး အတွက် အမှတ်တရပွဲလေးလာလုပ်တာပါ။”လို့ ဆုတောင်းပွဲမှာ ပါဝင်သူ ကိုသန့်စင်ထွန်းက ပြောသည်။   ပြည်မြို့ခံများက အရင်အစိုးရလက်ထက် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့သော အမှုမှန်ပေါ်ပေါက်ရေးပန်ကြားစာတွင် ဖေါ်ပြချက်​အရ ၂၀၁၃ ခုနှစ် ဧပြီလ(၂၃)ရက် ည(၉း၁၅)အချိန်ခန့်တွင် အရပ်သားလူငယ်စုံတွဲနှစ်ဦးအား ပြစ်မှုကျူးလွန်သူသုံးဦးက အကြမ်းဖက်လုယက် သတ်ဖြတ်မှုဖြစ်​ခဲ့ပြီး အခင်းဖြစ်ပွားချိန်နှင့် တစ်ဆက်တည်းအချိန်တွင် တံတားအလွန်သောင်ပြင် ကိုင်းတောထဲ၌ ရပ်ကွက်နေပြည်သူလုထုမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ နှစ်ဦးက…

Read More

အိုင်ဗရီကို့စ်နိုင်ငံ နဲ့ မြန်မာနိုင်ငံဟာ သံတမန်အဆက်အသွယ်မရှိတာကြောင့်   ဖျက်ဆီးခံလိုက်ရတဲ့ဆန်နဲ့ပတ်သက်ပြီး ချိတ်ဆက်မှုအားနည်း

ရန်ကုန် ၊ဧပြီ ၂၄-၂၀၁၉ TGH (VOM)   အိုင်ဗရီကို့စ်နိုင်ငံ နဲ့ မြန်မာနိုင်ငံဟာ သံတမန်အဆက်အသွယ်မရှိတာကြောင့်   ဖျက်ဆီးခံလိုက်ရတဲ့ဆန်နဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင် ရွက်နိုင်မှု အားနည်းနေတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။   ” မြန်မာ့ဆန်ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။အဲ့ဒီအတွက် မြန်မာ့ပုံရိပ်ကိုထိခိုက်တယ်။ဆန်တွေမဖျက်ဆီးခင်  မြန်မာနိုင်ငံကို ဘာကြောင့်မဆက်သွယ်လဲဆိုတာကတော့ အိုင်ဗရီကို့စ်နိုင်ငနဲ့ မြန်မာနိုင်ငံက သံတမန်အဆက်အသွယ်မရှိဘူး။နောက်ပြီး ပြောချင်တာက အရည်အသွေးမမီရင် ဘာကြောင့်ချလဲ၊သတ်မှတ်ချက်မမီရင် ကမ်းကနေ ချက်ချင်းခွာရမှာ၊သင်္ဘောပေါ်ကနေလည်း ချခွင့်မရှိဘူး၊ဒါဆို ဘာကြောင့် သင်္ဘောပေါ်ကချလဲ ၊ ဘာကြောင့်စားသုံးရန်အသင့်လို့ ပြောလဲ မသိရသေးဘူး။”လို့ ဦးခင်မောင်လွင်ကပြောပါတယ်။     ဒါကြောင့် နောက်ပြီး ဆန်တွေကို ခုလို ဖျက်ဆီးလိုက်တာဟာ သမရိုးကျဟုတ်ရဲ့လား ၊လုပ်ထုံးလုပ်နည်းတွေနဲ့မှန်ရဲ့လားဆိုတာကို လေ့လာဆန်းစစ်မှာဖြစ်ကြောင်းနဲ့   မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ပြောဆိုချက်ဟာ မြန်မာ့ပုံရိပ်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။     ဒါ ကြောင့် ဆန်တင်ပို့ခဲ့တဲ့  …

Read More

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး နည်းလမ်းရှာဖွေမယ်လို့ ကုလအကြီးအကဲပြော

ကုလသမဂ္ဂ၊ ဧပြီ-၂၄ မျိုးဆက် (VOM)   မြန်မာနိုင်ငံက  ရိုက်တာသတင်းထောက်နှစ်ဦးကို တရားစွဲဆိုထောင်ချမှုဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယုံကြည်ကြောင်းနဲ့ သတင်းထောက် နှစ်ဦးလွှတ်မြောက်ရေးအတွက် နည်းလမ်းရှာဖွေသွားမှာဖြစ်တယ်လို့ ကုလအကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။     ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်ပူပန်နေဆဲဖြစ်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သတင်းထောက်နှစ်ဦးရဲ့ အယူခံလျှောက်ထားမှုကို ပယ်ချလိုက်ပြီးနောက် ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။     ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်တဲ့ကိစ္စအပေါ် သတင်းရေးသားတဲ့အတွက် အဲဒီသတင်းထောက်နှစ်ဦးကို တရားစွဲဆိုတာဟာ လက်မခံနိုင်စရာကိစ္စဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။     သူတို့လွတ်မြောက်ရေးအတွက် ထောက်ခံမှုတွေ၊ ရှေးရှုလုပ်ဆောင်တာတွေနဲ့ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်မှု အားကောင်းလာစေဖို့ မိမိတို့ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဒူဂျာရစ်က ဆိုပါတယ်။…

Read More

ရှမ်းပြည်တပ်မတော်(SSPP/SSA) တည်ထောင်ခြင်း (၅၅)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား

ဝမ်ဟိုင်း ဧပြီ ၂၄-၂၀၁၉ သစ်တော်(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းစစ်ဌာနချုပ်မှာရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) တည်ထောင်ခြင်း (၅၅)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကိုဒီနေ့မနက် ၆ နာရီက ကျင်းပခဲ့ပါတယ် ။ ဒီနေ့ကျရောက်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) တည်ထောင်ခြင်း (၅၅)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားမှာ စစ်ရေးပြတာတွေ မပါဝင်ခဲ့ဘူးအရင်နှစ်စဉ်ကျင်းပတဲ့နှစ်ပြည့်အခမ်းအနားတွေမှာ စစ်ရေးပြတဲ့အစီအစဉ်အစဉ်တွေ ပါတယ်လို့လည်းသိရပါတယ် ။ ရှမ်းပြည်တပ်မတော်(SSPP/SSA) က ပြောရေးဆိုခွင့်ရှိသူ ဒုတိယုဗိုလ်မှူးကြီး စိုင်းစုပြောပြတာ ကတော့”ဒီနှစ် စစ်ရေး မပြတာက စစ်ပွဲ တွေ မလိုလားလို့ဖြစ်တယ်” လို့ ပြောပါတယ်။

Read More

သီရိလင်္ကာတိုက်ခိုက်မှု သေဆုံးသူဦးရေ ၃၅၉ ဦးအထိရှိလာ

 ကိုလံဘို၊ ဧပြီ-၂၄-၂၀၁၉  မျိုးဆက် (VOM) သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက်က အီစတာပွဲတော်ကာလမှာ ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့က တိုက်ခိုက် သေဆုံးသူအရေအတွက် ၃၅၉ ဦးအထိ မြင့်တက်လာပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူ ၁၈ ဦးကို စစ်ဆေးဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သီရိလင်္ကာ ရဲတပ်ဖွဲ့က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။ မတ်လအတွင်းက လူ ၅၀ ဦးသေဆုံးခဲ့တဲ့ နယူးဇီလန်နိုင်ငံက ဗလီနှစ်ခုတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သီရိလင်္ကာတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးနောက် ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ အစွန်းရောက်အိုင်အက်စ်အဖွဲ့က ၀န်ခံထားပါတယ်။ ဘုရားကျောင်းသုံးခုနဲ့ ဟိုတယ်လေးလုံးကို ဗုံးခွဲတိုက်လိုက်မှုမှာ သေဆုံးသူအရေအတွက်ဟာ ၃၅၉ ဦးရှိပြီး လူ ၅၀၀ ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝန်ဂူနာဆီကီရာက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို…

Read More
VOM News

FREE
VIEW