ငါးမွေးမြူခြင်းဆိုင်ရာဥပဒေမူကြမ်းကို အမျိုးသားငါးမွေးမြူခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ ယခုလအတွင်း တင်ပြမယ်

ရန်ကုန်၊ ဧပြီ ၂၄-၂၀၁၉

TGH (VOM)

 

ငါးမွေးမြူရေးတောင်သူတွေအတွက် ရပိုင်ခွင့် အခွင့်အရေး ထည့်သွင်းရေးဆွဲထားခြင်းမရှိတဲ့ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေမူကြမ်းကို အမျိုးသားငါးမွေးမြူ ခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ဖို့  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ကို ယခုလအတွင်း ဆွေးနွေးအကြံပြုတင်ပြသွားမယ်လို့သိရပါတယ်။

 

အဲဒီ ဥပဒေမှာက  ငါးမွေးမြူ ရေးလို့ သတ်မှတ်ထားပေမယ့်လည်း ငါး၊ ပုဇွန်မွေးမြူခြင်းနဲ့ပတ်သက်ပြီး အစာပိုင်း   ဆေးဝါး၊ ရောဂါနဲ့ ပတ်သက်လို့တစ်ခုမှ မပါဝင်သလို ဓါတ် ခွဲခန်းကိစ္စ၊ မွေးမြူ ရေးနည်စနစ်နဲ့ ပတ်သက်တဲ့ကိစ္စတွေလည်းမပါဝင်ဘူးလို့ဆိုပါတယ်။ဒါကြောင့် အမျိုးသားငါးမွေးမြူ ခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ တင်ပြရန်စီစဉ်ခြင်းဖြစ်တယ်လို့  ငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။

 

ပြည်ထောင်စုလွှတ်တော်က ကြေငြာတာက ငါးမွေးမြူ ခြင်းဆိုင်ရာ ဥပဒေမူကြမ်းပေါ့။ လက်ရှိတည်ဆဲဥပဒေကလည်း ငါးမွေးမြူခြင်းဆိုင်ရာဥပဒေပဲ။ အခုပြန်ပြီး အသစ်ရေးဆွဲမယ့် ဥပဒေကလည်း ဒါပဲ။  ရေသယံဇာတ၊ မြေသယံဇာ ပေါကြွယ်ဝတယ်၊ ရာသီဥတုက သင့်တင့်မျှတတယ်၊ မွေးမြူရေးကိုတိုးချဲ့ဖို့ အလားအလာများစွာရှိနေတယ်၊ ဒီဟာကိုစနစ်တကျထူထောင်ဖို့ဆိုတာ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းက ပါလာတယ်။ ကျွန်တော်တို့က ဒီငါးမွေးမြူခြင်းဥပဒေအသစ်ပြန်လည်ရေးဆွဲချိန်မှာ ဥပဒေနာမည်ကအစပြောင်းလဲဖို့တင်ပြသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

 

ဒါကြောင့် ငါးမွေးအစာနဲ့ ပတ်သက်ပြီး ရောင်း/ဝယ် တင် သွင်းမှုတွေကို အဲဒီဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲသွားဖို့နဲ့၊ ရောဂါထိန်းချုပ်ကာကွယ်ရေးတွေအပြင် မွေးမြူ ရေးနည်းစနစ်တွေကိုပါ ထည့်သွင်းပြဋ္ဌာန်းဖို့  လိုအပ်နေတာကြောင့်  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က မွေးမြူရေးပညာရှင်၊ မွေးမြူ ရေးနှင့် ကုသရေးဆရာဝန်၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွးနွေး အကြံပြုတင်ပြသွားမယ်လို့ပြောပါတယ်။

 

ဒါ့အပြင် အပြင်ငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့  မူဝါဒပိုင်း၊ လုပ်ငန်းစဉ်တွေချမှတ်ဆောင်ရွက်နိုင်ဖို့ အပါအဝင် လိုအပ်တဲ့ကိစ္စတွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပါ ဗဟိုကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရန် တင်ပြသွားမယ်လို့ဆိုပါတယ်။

#voiceofmyanmar  #ငါးလုပ်ငန်းအဖွဲ့ချုပ် #ငါးမွေးမြူရေးလုပ်ငန်းဥပဒေ #အမျိုးသားငါးမွေးမြူခြင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေ

Related posts

Leave a Comment

VOM News

FREE
VIEW