မင်းတပ်မြို့ပြည်သူတွေက ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဦးအောင်သန်း ကို ပြည်သူ့ကိုယ်စာလှယ်ကောင်းဆု ချီးမြှင့်

မင်းတပ် ဧပြီ ၂၅၊၂၀၁၉

မိုင်ချယ်ရီ ( VOM)

 

ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ရာထူးမှ နုတ်ထွက်ခဲ့ရသူ မင်းတပ်မြို့နယ် က ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သန်း ကို မင်းတပ်မြို့နေ ပြည်သူများ က ဧပြီလ ၂၄ ရက်နေ့က  ပြည်သူ့ကိုယ်စာလှယ်ကောင်းဆု ချီးမြှင့်ခဲ့ပါတယ်။

 

မင်းတပ်မြို့နေ ပြည်သူတွေ နဲ့ မင်းတပ်မြို့နယ် လွှတ်တော်ကိုယ်စာလှယ်တွေ တွေ့ဆုံးပွဲ ပြုလုပ်တဲ့ ပွဲမှာ မင်းတပ်မြို့နေ ပြည်သူတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

 

ချင်းတိုင်းရင်းသားတို့ ရိုးရာ နွာနောက် ဦးချိုးနဲ့ ထုဆစ်ထားတဲ့ ပြည်သူ့ကိုယ်စာလှယ်ကောင်းဆု ကို ပေးအပ်ရတာနဲ့ ပတ်သတ်လို့ ပေးအပ်ရာမှာ အဓိက ဦးဆောင်တဲ့ ဆလိုင်းရှယ်အောင်က အခုလို ပြောပါတယ်။

“နောက်ကိုလည်း သက်တမ်းတွေမှာ လေးဦး ထွက်ပေါ်လာတဲ့ အချိန်မှာ ကျွန်တော်တို့မြို့အတွက် ကျွန်တော်တို့ ဒေသအတွက် ဆောင်ရွက်တဲ့ အမတ်တွေကို ပြည်သူတွေကနေ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ပေးသွားတော့မှာပါ။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ အမတ်တွေထဲက ဦးအောင်သန်း ဟာဆိုရင် ပြည်နယ်မှာ ဒုဥက္ကဌအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့ တိုင်စာတစ်ခု နဲ့ ထွက်ဖို့ ဆိုပြီး ဖိအားပေးခံခဲ့ရတယ်။ သူက ပြည်နယ် မှာ ဘတ်ဂျတ်စီးဆင်းမှုတွေကို တော်တော်များများ ဝေဖန်ထောက်ပြခဲ့တယ်။ မြို့လမ်းချဲ့တဲ့ ကိစ္စဆိုရင် ဘယ်သူမှ မလုပ်ရဲတဲ့ ကိစ္စကို သူ့ကို တိုင်ကြတောကြမယ် ပြသနာအကြီးကြီးတက်မယ်ဆိုတာ သိတာတောင် ဒေသအကျိုးအတွက် ရဲရဲဝံ့ဝံ့လုပ်ပေးခဲ့လို့ ဒီဆုကို ပေးအပ်တာပါ” လို့ ပြောပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ပြည်နယ်လွှတ်တော်ဒုဥက္ကဌအဖြစ် နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်သန်း ဟာဆိုရင် မင်းတပ်မြို့တွင်းလမ်းတာချဲ့ တာနဲ့ ပတ်သက်ပြီး အတိုင်ခံခဲ့ရာကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကနေ ရာထူးကနေ နုတ်ထွက်ဖို့ ညွန်ကြားခံခဲ့ရပါတယ်။ ဒီလို ညွန်ကြားခံခဲ့ရပြီး မတ်လ ၂၈ ရက်နေ့ မှာတော့ ပြည်နယ်လွှတ်တော် မှာ ကျင်းပတဲ့ ပုံမှန်အစည်းအဝေးမှာ လွှတ်တော် ဒုဥက္ကဌရာထူးကနေ နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။ ဒီလို နုတ်ထွက်မှု ပြီးတဲ့နောက်မှာ မင်းတပ်မြို့နေ ပြည်သူတွေ ပြည်သူ့ကိုယ်စာလှယ်ကောင်းဆု ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #မင်းတပ်  #ချင်းပြည်နယ် #ပြည်သူ့ကိုယ်စားလှယ်ကောင်းဆု

Related posts

Leave a Comment

VOM News

FREE
VIEW