တစ်လနီးပါးပိတ်ပင်ထားတဲ့ ဇိုခေါထာရ်ကနေ မီဇိုရမ်ပြည်နယ်တွင်း မြန်မာကုန်ပစ္စည်းတင်ပို့မှုကို ပြန်လည်ဖွင့်မယ်

ဧပြီ ၊ ၂၅-၂၀၁၉ TGH ( VOM)   တစ်လနီးပါးပိတ်ပင်ထားတဲ့အိ န္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ဇိုခေါထာရ်ကနေ မီဇိုရမ်ပြည်နယ် တွင်း မြန်မာကုန်ပစ္စည်းတင်ပို့မှုကို ယနေ့ ဧပြီ ၂၅ ရက်မှာ ပြန်လှည်ဖွင့်လှစ်ပေးမလို့ ရိဒ်ခေါ်ဒါရ်မြို့ အမှတ် ၁ အုပ်ချုပ်ရေးမှူး ဦးချန့်လျန်းနာကပြောပါတယ်။   “၂၃ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို ကုန်စည်တင်ပို့မှုနဲ့ပတ်သက်ပြီး ကျန်ဖိုင်းကုန်စည်ပို့ဆောင်ရေး ကားလိုင်းအသင်းနဲ့ဇိုးခေါထာရ် ကုန်စည်ပို့ဆောင်ရေးအသင်း ဆွေးနွေးခဲ့တယ်။ ဒါပြီး ကုန်စည်တင်ပို့မှု ပြန်လည်ဖွင့်လှစ်ဖို့ သဘောတူခဲ့ကြတယ်။ ဧပြီ ၂၅ ရက်နေ့မှာ ဖွင့်လှစ်ပေးမယ်ပေါ့” လို့ ဦးချန့်လျန်းနာကပြောပါတယ်။   ကုန်ပစ္စည်းတင်ဆောင်တဲ့ ယာဉ်တွေပိတ်ပင်ခံရတာကြောင့် မြန်မာနိုင်ငံကနေတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို မြန်မာ-အိန္ဒိယနယ်စပ်၊ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ဇိုခေါထာရ်ကျေးရွာ အထိသာ တင်ပို့နိုင်ပြီး ဇိုခေါထာရ်ကျေးရွာကမှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ အခြားမြို့တွေထံ ဆက်လက်တင်ပို့နိုင်ခြင်းမရှိတော့ပဲ ဇိုခေါထာရ်ကျေးရွာမှာ…

Read More

AA အနေနဲ့ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေမယ့် လုပ်ရပ်မလုပ်ဖို့ ချင်းလူမှုအဖွဲ့ထုတ်ပြန်

ရန်ကုန် ၊ဧပြီ -၂၅-၂၀၁၉ TGH (VOM) ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အနေနဲ့ ပလက်ဝမြို့ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေမယ့် လုပ်ရပ်မျိုး လုံးဝမလုပ်ဖို့ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်ကနေ ဒီကနေ့မှာ တရားဝင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ” AAက ချင်းပြည်နယ်ကို မတည်မငြိမ်မှုတွေဖြစ်အောင် လုပ်နေတယ်။ဖွံ့ဖြိုးရေးကိုလဲ အဟန့်အထားဖြစ်စေသလို ပြည်သူတွေကိုလဲ ကြောက်စိတ်တွေဖြစ်စေတယ်။ ချင်းပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးဟာ အဆင်းရဲဆုံးနဲ့ဖွံ့ဖြိုးမှုနှောက်နှေးနေရတယ်။ အစိုးရဘက်က ဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်နေတဲ့လုပ်ငန်းတွေကို AAကြောင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေရပ်တန့်နေတာတွေ မဖြစ်သင့်ဘူး။” လို့ တစ်ပြည်နယ်လုံးဆိုင်ရာ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက် ဦးဆောင်သူ ဦးယာကုတ်ထန်က ပြောပါတယ်။ AA အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းက ပလက်ဝမြို့မှာ တည်ဆောက်နေတဲ့ ကုလားတန်မြစ်ကူးတံတာအတွက် အသုံးပြုမယ့် တံတားသံဘောင် တန်ချိန်(၃၀၀) ကျော်တင်ဆောင်လာတဲ့သင်္ဘောကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နယ်စပ်ကားလမ်းဖောက်လုပ်တဲ့ ဆုထူးစံကုမ္ပဏီ ၀န်ထမ်း ၈ ဦးကိုလည်း…

Read More

ရွာငံမြို့နယ်မှာ လေပြင်းနဲ့အတူ မိုးသီးကျလို့  စိုက်ပျိုးသီးနှံတွေနဲ့ လူနေအိမ်တွေပျက်စီးမှု သိန်းလေးထောင်နီးပါးရှိနိုင်

နေပြည်တော်၊ ဧပြီ၂၅-၂၀၁၉ ဒီပ(နေပြည်တော်) ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှာ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းက လေပြင်းကျရောက်မှုနဲ့အတူ မိုးသီးများကြွေကျမှုကြောင့် သီးနှံပင်များစွာနဲ့အတူ လူနေအိမ်သွပ်မိုး အများအပြား ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောပါတယ်။ ယင်းမြို့နယ်မှာ လွန်ခဲ့သောနှစ်(၃၀)ခန့်က တစ်ကြိမ်တစ်ခါ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ၂၀၁၆ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှာတစ်ကြိမ် လေပြင်းကျရောက်မှုကြောင့် ပျက်စီးမှုများခဲ့ရပြီး အခု၂၀၁၉ခုနှစ် ဧပြီ(၂၃)ရက်နေ့မှာညလ်း လေပြင်းကျရောက်မှုနဲ့အတူ မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်သွပ်မိုး အများအပြား ပျက်စီးခဲ့ရကြောင်း သိရပါတယ်။ “ဧပြီ(၂၃)ရက်နေ့ ညနေပိုင်းမှာ ရာသီဥတုဖောက်ပြန်ပြီး မိုးသီးကြွေကျတယ် ရပ်ကွက်နဲ့ကျေးရွာ အိမ်ခြေစုစုပေါင်း (၁၉၂၅)အိမ်နဲ့ သွပ်အချပ်ရေပေါင်း (၆၉၅၂၄)ချပ်ပျက်စီးခဲ့တယ် ဆုံးရှုံးမှုကို ပြန်ကြည့်မယ်ဆိုရင် သိန်းပေါင်း(၃၇၀၀)ကျော်ရှိမယ်”လို့ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောကြားခဲ့ပါတယ်။ ကမ္ဘာအနှံ့ ဆယ်စုနှစ်ကာလ(သို့) ရာစုနှစ်ချီ၍ ပြောင်းလဲသွားတဲ့ ရာသီဥတုဖြစ်စဉ် (Climate Change)ကြောင့် မြန်မာနိုင်ငံရဲ့ အသားတင်ရငွေ…

Read More

ကံမ ဥသျှစ်ကုန်းရွာတောင်သူတွေ မြေနုကျွန်းလုပ်ခွင့်မရလို့ ဆန္ဒပြ

ကံမ ဧပြီ ၂၅-၂၀၁၉ ဂျန်​ကိုးလ်​ (VOM)   မ​ကွေးတိုင်း သရက်​ခရိုင်​ ကံမမြို့နယ်​ ဥသျှစ်​ကုန်း​ကျေးရွာ​ဘေးက ဖြတ်​သန်းစီးဆင်းတဲ့ မင်းတုန်း ချောင်းအတွင်းမှာ ​ပေါ်ထွန်းလာတဲ့ ​မြေနုကျွန်းများ ပြန်​လည်​လုပ်​ကိုင်​ခွင့်​ရရှိဘို့ ဥသျှစ်​ကုန်း​ကျေးရွာ​ဒေသခံများက ဧပြီလ၂၅ရက်​မနက်​ပိုင်းမှာ ကံမမြို့​ပေါ်မှာ ဆန္ဒ​ဖေါ်ထုတ်​ခဲ့ကြတယ်​လို့​ဒေသခံများထံကသိရပါတယ်​။   သူတို့​ကျေးရွာအနီးက​ပေါ်ထွန်း​နေတဲ့ ​မြေနုကျွန်းတွေပေါ်မှာ လုပ်ကိုင်​ခွင့်​အမြန်​ပြန်​ရရှိ​ရေး ​မြေစာရင်းဌာနရဲ့ အလွဲတွေပြင်​ဆင်​​ပေး​ရေးအတွက်​ ​တောင်းဆိုမှု​တွေပြုလုပ်​ခဲ့တာလို့သိရပါတယ်​။   “ကျမတို့ ဘိုးဘွားလက်ထက်ကတည်းကလုပ်လာတဲ့မြေတွေ အခုမလုပ်ရတာ သုံးနှစ်လောက်ရှိပြီ အိမ်က ကလေးတွေလည်း အလုပ်မရှိလို့ နိုင်ငံခြားထွက်အလုပ်လုပ်နေရတယ် မြေနုကျွန်းက ကျမတို့ရွာနဲ့ တစ်ဆက် တစ်စပ်တည်း ပေါ်နေတဲ့မြေတွေကို မြေစာရင်းဌာနက တလွဲတွေချထားပေးခဲ့တာ အဲဒီအတွက် အမြန်ဆုံး ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက် တောင်းဆိုရတာပါ”လို့ ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ဒေါ်ကြည်ကြည်မြင့်က ပြောပါတယ်​။   ဆန္ဒ​ဖေါ်ထုတ်​သူတွေဟာ​ ကံမမြို့​ထိပ်​က​နေ မြို့တွင်းလှည့်​ကာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနရှေ့ထိ သွားရောက် တောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်​။  …

Read More

စစ်ကိုင်းမြို့ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာက အမျိုးသားတစ်ဦး ရေနစ်သေဆုံး

စစ်ကိုင်း ဧပြီ ၂၅-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊သောတာပန်ရပ်ကွက် လေးကျွန်းမာန်အောင်စေတီတော်ရှေ့ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာကနေ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုကို ဒီနေ့ နံနက် ၈ နာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံကနေသိရပါတယ်။   ရေနစ်သေဆုံးသူဟာ စစ်ကိုင်းမြို့၊သောတာပန်ရပ်ကွက်အုပ်စု ထွဋ်ခေါင်ရပ်ကွက် နေ ဦးဝင်းအောင် (၄၁ ) နှစ်ဆိုသူဖြစ်ပြီး သေဆုံးသူရဲ့ ညီအကိုတော်စပ်သူ နှစ်ယောက် နဲ့ အတူ ရေချိုးလာရာမှ ယခုကဲ့လို ရေနစ်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သေဆုံးသူရဲ့ညီကိုဝမ်းကွဲတော်စပ်သူ ဦးသန်းထိုက်ကပြောပါတယ်။   ရေနစ်သေဆုံးခဲ့တဲ့ဦးဝင်းအောင် (၄၁ ) နှစ် ရဲ့ရုပ်အလောင်းကို တွေ့ရန်တွက် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း)၊သုခကာရီ( Resuce) ၊မန္တလေးမှ ကယ်ဆယ်ရေးအဖွဲ့ နဲ့ ဒေသခံရေလုပ်သားတို့ ပူးပေါင်းပြီး ရှာဖွေနေကာလက်ရှိအချိန်ထိ ရှာဖွေတွေ့ခြင်းမရှိသေးဘူးလို့အရေးပေါ်ကယ်ဆယ်ရေးဖွဲ့စစ်ကိုင်းမှာ ကူညီပေးနေသူတွေက ပြောပါတယ်။   #voiceofmyanmar #စစ်ကိုင်း  #ရေနစ်

Read More

မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ သိန်းမှာ တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ ဦးရှိနေ

ရန်ကုန် ၊ဧပြီ ၂၅-၂၀၁၉ TGH(VOM)   မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ သိန်းမှာ တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ဦးရှိနေပြီး သေဆုံးသူ ၅၀ ကျော်ရှိတယ်လို့ ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာ ၂၀၁၈ အရသိရပါတယ်။   ပြည်နယ်တွေမှာ တီဘီဖြစ်ပွားနူန်း သိသိသာသာ ကျဆင်းသွားခဲ့ပေမယ့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ တီဘီဖြစ်ပွားနှုန်းကတော့ သိသာတဲ့ကျဆင်းမှုမျိုး မရှိဘူးလို့လည်းသိရပါတယ်။   “ခုလို အခြေအနေမျိုးက  ပြည်သူ့ ကျန်းမာရေး ပြဿနာအဖြစ် ရှိနေဆဲဆိုတာတွေ့ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အဲ့ဒီ နိုင်ငံစာရင်းထဲကနေ ပယ်ဖျက်ခံရဖို့ကို လုပ်ဆောင်နေတယ်” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဧပြီလ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်း ၂၀၁၇ -၂၀၁၈ ဆွေးနွေးပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။     ဒီအခြေနေဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် တီဘီလျော့ကျာမှု အနေအထားဖြစ်သလို …

Read More

နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ကင်ဂျုံအန်နဲ့ ပူတင်တို့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူ

ဗလာဒီဗော့စတော့၊ ဧပြီ-၂၅-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့  ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ ပထမဆုံး အကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြင့်သွားဖို့အတွက် နှစ်ဦးစလုံးက ကတိပြုလိုက်ကြပါတယ်။   ပူတင်နဲ့ ကင်ဂျုံအန်တို့ဟာ  ရုရှားအရှေ့ဖျားရှိ ဗလာဒီဗော့စတော့ဆိပ်ကမ်းမြို့အနီး ရုစကီးကျွန်းပေါ်မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။   ခေါင်းဆောင်နှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့ရေး ဆွေးနွေးကြလိမ့်မယ်လို့ ကရင်မလင်နန်းတော်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဆွေးနွေးပွဲပျက်ပြားပြီးနောက် ရုရှားရဲ့ထောက်ခံမှုရရှိဖို့ကိုလည်း ကင်ဂျုံအန်က မျှော်လင့်နေပါတယ်။   ဟနွိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့  ကင်ဂျုံအန်တို့ရဲ့ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့   သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။   ပူတင်နဲ့ ကင်ဂျုံအန်တို့ရဲ့ ဆွေးနွေးပွဲအဖွင့်မှာတော့ နှစ်နိုင်ငံအကြား ရှည်လျားကြာမြင့်ပြီဖြစ်သတဲ့ ဆက်ဆံရေးကို  ရည်ညွှန်းပြောဆိုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုများလျှော့ချရေးအတွက် ကူညီဖို့ ဆန္ဒရှိတယ်လို့ သမ္မတပူတင်က ပြောပါတယ်။…

Read More

မင်းတပ်မြို့ပြည်သူတွေက ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဦးအောင်သန်း ကို ပြည်သူ့ကိုယ်စာလှယ်ကောင်းဆု ချီးမြှင့်

မင်းတပ် ဧပြီ ၂၅၊၂၀၁၉ မိုင်ချယ်ရီ ( VOM)   ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ရာထူးမှ နုတ်ထွက်ခဲ့ရသူ မင်းတပ်မြို့နယ် က ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သန်း ကို မင်းတပ်မြို့နေ ပြည်သူများ က ဧပြီလ ၂၄ ရက်နေ့က  ပြည်သူ့ကိုယ်စာလှယ်ကောင်းဆု ချီးမြှင့်ခဲ့ပါတယ်။   မင်းတပ်မြို့နေ ပြည်သူတွေ နဲ့ မင်းတပ်မြို့နယ် လွှတ်တော်ကိုယ်စာလှယ်တွေ တွေ့ဆုံးပွဲ ပြုလုပ်တဲ့ ပွဲမှာ မင်းတပ်မြို့နေ ပြည်သူတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။   ချင်းတိုင်းရင်းသားတို့ ရိုးရာ နွာနောက် ဦးချိုးနဲ့ ထုဆစ်ထားတဲ့ ပြည်သူ့ကိုယ်စာလှယ်ကောင်းဆု ကို ပေးအပ်ရတာနဲ့ ပတ်သတ်လို့ ပေးအပ်ရာမှာ အဓိက ဦးဆောင်တဲ့ ဆလိုင်းရှယ်အောင်က အခုလို ပြောပါတယ်။ “နောက်ကိုလည်း သက်တမ်းတွေမှာ…

Read More

လက်​ပံတန်း မှာ ခရီးသည်​တင်​ကားနဲ့ ဆိုင်​ကယ်​တိုက်​လို့ ကိုယ်​ဝန်​(၈)လရှိ​ အမျိုးသမီး​နဲ့ ဆိုင်ကယ်မောင်းသူသေဆုံး

လက်​ပံတန်း ဧပြီ ၂၅ -၂၀၁၉ ​မိုးယံ(ဇီးကုန်း)   ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​ ကျွန်းက​လေးရွာနား ရန်​ကုန်​-ပြည်​ ကားလမ်း ရတနာဆီဆိုင်​ ရှေ့မှာ ဒီ​နေ့ ဧပြီ ၂၅ မနက်​ ၉ နာရီက ရန်​ကုန်​ဘက်​က ​မောင်းလာတဲ့ New Life မှန်​လုံ ခရီးသည်​တင်​ကားက ဆိုင်​ကယ်​တစ်​စီးကို ​နောက်​က တိုက်​မှုဖြစ်​ပွားခဲ့လို့ ဆိုင်​ကယ်​ကယ်​ရီ​မောင်သူနဲ့  ခရီးသည်ကိုယ်​ဝန်​(၈)လရှိ​ အမျိုးသမီး သေဆုံးသွားခဲ့ပါတယ်။ ​ `ယာဉ်​တိုက်​မှု ဖြစ်​တယ်​ကြားလို့ သွားကြည့်​တော့ တိုက်​တဲ့ကား​ရော ဆိုင်​ကယ်​​ရေဘာမှမရှိ​တော့ဘူး ရဲစခန်းကိုသယ်​သွားပြီ အတိုက်​ခံရတဲ့ ​ကောင်​မ​လေးက ကိုယ်​ဝန်​နဲ့ ​​ဆေးရုံမှာ ​သေသွားတယ်​´လို့ ကျွန်းက​လေးရွာအုပ်​ချုပ်​​ရေးမှုး ဦးမြင့်​​ဆွေက ​ပြောပါတယ်​။   လက်​ပံတန်း မြို့နယ်​ ​ချောင်းသာကုန်းရွာမှာ​နေတဲ့ မအိအိ​ဖြူဟာ ကိုထွန်းထွန်းနိုင်မောင်းတဲ့ Luojia 110 အစိမ်း​ရောင်​ ဆိုင်​ကယ်​ကယ်​ရီ နဲ့ မြို့ကို ​ဈေးဝယ်​သွားချိန်မှာ…

Read More
VOM News

FREE
VIEW