လက်​ပံတန်း မှာ ခရီးသည်​တင်​ကားနဲ့ ဆိုင်​ကယ်​တိုက်​လို့ ကိုယ်​ဝန်​(၈)လရှိ​ အမျိုးသမီး​နဲ့ ဆိုင်ကယ်မောင်းသူသေဆုံး

လက်​ပံတန်း ဧပြီ ၂၅ -၂၀၁၉

မိုးယံ(ဇီးကုန်း)

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​ ကျွန်းက​လေးရွာနား ရန်​ကုန်​-ပြည်​ ကားလမ်း ရတနာဆီဆိုင်​ ရှေ့မှာ ဒီ​နေ့ ဧပြီ ၂၅ မနက်​ ၉ နာရီက ရန်​ကုန်​ဘက်​က ​မောင်းလာတဲ့ New Life မှန်​လုံ ခရီးသည်​တင်​ကားက ဆိုင်​ကယ်​တစ်​စီးကို ​နောက်​က တိုက်​မှုဖြစ်​ပွားခဲ့လို့ ဆိုင်​ကယ်​ကယ်​ရီ​မောင်သူနဲ့  ခရီးသည်ကိုယ်​ဝန်​(၈)လရှိ​ အမျိုးသမီး သေဆုံးသွားခဲ့ပါတယ်။

`ယာဉ်​တိုက်​မှု ဖြစ်​တယ်​ကြားလို့ သွားကြည့်​တော့ တိုက်​တဲ့ကား​ရော ဆိုင်​ကယ်​​ရေဘာမှမရှိ​တော့ဘူး ရဲစခန်းကိုသယ်​သွားပြီ အတိုက်​ခံရတဲ့ ​ကောင်​မ​လေးက ကိုယ်​ဝန်​နဲ့ ​​ဆေးရုံမှာ ​သေသွားတယ်​´လို့ ကျွန်းက​လေးရွာအုပ်​ချုပ်​​ရေးမှုး ဦးမြင့်​​ဆွေက ​ပြောပါတယ်​။

 

လက်​ပံတန်း မြို့နယ်​ ​ချောင်းသာကုန်းရွာမှာ​နေတဲ့ မအိအိ​ဖြူဟာ ကိုထွန်းထွန်းနိုင်မောင်းတဲ့ Luojia 110 အစိမ်း​ရောင်​ ဆိုင်​ကယ်​ကယ်​ရီ နဲ့ မြို့ကို ​ဈေးဝယ်​သွားချိန်မှာ ရန်​ကုန်​က​နေ ပြည်​ဘက်​ကို မောင်းနှင်​လာတဲ့ KING LONG BUS ဖြူပြာ​ရောင်​  မှန်​လုံ ခရီးသည်​တင်​ကားနဲ့ တိုက်​မိပြီး ​ဆေးရုံကို့ပို့​ဆောင်​ ကုသ​နေစဉ်​ ကိုယ်​ဝန်​သည်​ မအိအိ​ဖြူသေဆုံးသွားတာဖြစ်ပါတယ်။ ဆိုင်ကယ်​​မောင်းနှင်​သူ ကိုထွန်းထွန်းနိုင်​ မှာ ​ပေါင်​နှစ်​​ချောင်း စုတ်​ပြဲ နှာ​ခေါင်း​သွေးထွက်​ဒါဏ်​ရာတွေနဲ့ ရန်​ကုန်​​ဆေးရုံကို  လွှဲ​ပြောင်းလိုက်​​ပေမယ့် ဆုံးသွားပြီဖြစ်တယ်လို့ ရဲမှတ်​တမ်းမှာ ဖော်​ပြထားပါတယ်​။

 

ဒီဖြစ်စဉ်မှာ မှန်လုံဘတ်စ်ကားယာဉ်​​မောင်း ဦးဝင်းခင်​ကို ယာဉ်​(ပ)၂၇/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က/၃၃၈/၂၇၉ တို့ဖြင့်​ အမှု​ရေးဖွင့်​ထား​ကြောင်း လက်​ပံတန်း ရဲစခန်းမှ တာဝန်​မှူး ဒုရဲအုပ်​မြတ်​နိုးသူကပြောပါတယ်။

လက်ပံတန်းနားတဝိုက်မှာ ဒီနှစ်ပိုင်း ယာဉ်တိုက်မှုဖြစ်လို့ သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေကို လက်ပံတန်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုနိုင်ပြောပြတာက

 

‘ လက်ပံတန်းတဝိုက်မှာ ၂၀၁၉ခုနှစ်​ ဇန်​န၀ါရီ လ ၁၂ ရက်​က ဧပြီ ၂၅ရက်​ထိ ယာဉ်​တိုက်​မှု ၃၉မှု ဒါဏ်​ရာရလူနာ ၈၉ဦးနဲ့ ​လမ်း​ပေါ်မှာ​သေဆုံးသု၇ဦးရှိသွားပါပြီ ။ ကျွန်​​တော်​တို့အဖွဲ့ အကူအညီ​ပေးထားတာကို​ပြောတာပါ´လို့ ယာဉ်​တိုက်​မှုမှာလိုက်​ပါကူညီခဲ့တဲ့ လက်​ပံတန်း လူမှုကယ်​ဆယ်​​ရေးအဖွဲ့က ကိုနိုင်​က ​ပြောပါတယ်​။

 

#voiceofmyanmar #လက်ပံတန်း #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW