စစ်ကိုင်းမြို့ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာက အမျိုးသားတစ်ဦး ရေနစ်သေဆုံး

စစ်ကိုင်း ဧပြီ ၂၅-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့၊သောတာပန်ရပ်ကွက် လေးကျွန်းမာန်အောင်စေတီတော်ရှေ့ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာကနေ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုကို ဒီနေ့ နံနက် ၈ နာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံကနေသိရပါတယ်။

 

ရေနစ်သေဆုံးသူဟာ စစ်ကိုင်းမြို့၊သောတာပန်ရပ်ကွက်အုပ်စု ထွဋ်ခေါင်ရပ်ကွက် နေ ဦးဝင်းအောင် (၄၁ ) နှစ်ဆိုသူဖြစ်ပြီး သေဆုံးသူရဲ့ ညီအကိုတော်စပ်သူ နှစ်ယောက် နဲ့ အတူ ရေချိုးလာရာမှ ယခုကဲ့လို ရေနစ်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သေဆုံးသူရဲ့ညီကိုဝမ်းကွဲတော်စပ်သူ ဦးသန်းထိုက်ကပြောပါတယ်။

 

ရေနစ်သေဆုံးခဲ့တဲ့ဦးဝင်းအောင် (၄၁ ) နှစ် ရဲ့ရုပ်အလောင်းကို တွေ့ရန်တွက် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း)၊သုခကာရီ( Resuce) ၊မန္တလေးမှ ကယ်ဆယ်ရေးအဖွဲ့ နဲ့ ဒေသခံရေလုပ်သားတို့ ပူးပေါင်းပြီး ရှာဖွေနေကာလက်ရှိအချိန်ထိ ရှာဖွေတွေ့ခြင်းမရှိသေးဘူးလို့အရေးပေါ်ကယ်ဆယ်ရေးဖွဲ့စစ်ကိုင်းမှာ ကူညီပေးနေသူတွေက ပြောပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း  #ရေနစ်

Related posts

Leave a Comment

VOM News

FREE
VIEW