နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ကင်ဂျုံအန်နဲ့ ပူတင်တို့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူ

ဗလာဒီဗော့စတော့၊ ဧပြီ-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့  ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ ပထမဆုံး အကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြင့်သွားဖို့အတွက် နှစ်ဦးစလုံးက ကတိပြုလိုက်ကြပါတယ်။

 

ပူတင်နဲ့ ကင်ဂျုံအန်တို့ဟာ  ရုရှားအရှေ့ဖျားရှိ ဗလာဒီဗော့စတော့ဆိပ်ကမ်းမြို့အနီး ရုစကီးကျွန်းပေါ်မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

ခေါင်းဆောင်နှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့ရေး ဆွေးနွေးကြလိမ့်မယ်လို့ ကရင်မလင်နန်းတော်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဆွေးနွေးပွဲပျက်ပြားပြီးနောက် ရုရှားရဲ့ထောက်ခံမှုရရှိဖို့ကိုလည်း ကင်ဂျုံအန်က မျှော်လင့်နေပါတယ်။

 

ဟနွိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့  ကင်ဂျုံအန်တို့ရဲ့ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့   သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။

 

ပူတင်နဲ့ ကင်ဂျုံအန်တို့ရဲ့ ဆွေးနွေးပွဲအဖွင့်မှာတော့ နှစ်နိုင်ငံအကြား ရှည်လျားကြာမြင့်ပြီဖြစ်သတဲ့ ဆက်ဆံရေးကို  ရည်ညွှန်းပြောဆိုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုများလျှော့ချရေးအတွက် ကူညီဖို့ ဆန္ဒရှိတယ်လို့ သမ္မတပူတင်က ပြောပါတယ်။

 

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး လက်ရှိမှာ ရပ်တန့်နေတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွေကသာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ပြသနာကို ဖြေရှင်းဖို့အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ ရုရှားကယုံကြည်တယ်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။

 

တရုတ်၊ ဂျပန်၊ ရုရှား၊ အမေရိကန်အပါအ၀င် တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံပါဝင်တဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ၂၀၀၃ ခုနှစ်မှ စတင်ခဲ့ပြီး လက်ရှိမှာတော့ ဆွေးနွေးပွဲတွေ ရပ်တန့်နေပါတယ်။

 

Ref: BBC

Photo :Reuters

#voiceofmyanmar  #ပူတင် #ကင်ဂျုံအန်  #ရုရှား  #မြောက်ကိုရီးယား

 

Related posts

Leave a Comment

VOM News

FREE
VIEW