ပုသိမ်မြို့ပေါ်မှာ အပူဒဏ်ကာကွယ်ဖို့ အပူကာ ဇာစိမ်းတွေ လူငယ်တွေ ကိုယ်ထူကိုယ်ထ တပ်ဆင်

ပုသိမ် ၊ မတ်လ ၃ -၂၀၁၉

ကိုအောင် (VOM)

 

ပုသိမ်မြို့မှာ အပူဒဏ်ကိုကာကွယ်ဖို့အတွက် လူငယ်တချို့ဦးဆောင်ပြီး အပူကာ ဇာစိမ်းအမိုးတွေကို လမ်းဆုံ မီးပွိုင့်တွေနဲ့ လမ်းတချို့မှာ လိုက်လံတပ်ဆင်ပေးနေပါတယ် ။

 

အဲ့လိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုရဲမင်းထူးက ” လူငယ်​​တွေ​တောင်​မှ ​တော်​​တော်​အပူဒဏ်​ခံစား​နေရတယ်​ ၊ လူကြီး​တွေ ခရီးသွား​တွေ မီးပွိုင့်​​တွေမှာ ရပ်​တဲ့အခါ ပိတ်​စိမ်းပါး​လေး​တွေ အုပ်​​ပေးလိုက်​ရင်​ အဆင်​​ပြေမယ်​လို့ ထင်​လို့ လုပ်​ဖြစ်​ခဲ့တာပါ ” လို့ပြောပါတယ် ။

 

မြို့မိမြို့ဖများနှင့်​ ​စေတနာရှင်​များစု​ပေါင်းပြီး အပူခံအမိုးတွေကို ကိုယ်ထူကိုယ်ထဝယ်ယူခဲ့ပြီး ဌာနဆိုင်ရာများရဲ့ ကူညီမူနဲ့အခုလို ဆောင်ရွက်ဖြစ်တယ်လို့သူကဆက်ပြောပါတယ် ။

 

ပုသိမ်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုဟန်ကျော်က ” ​နေ​ရောင်​အပူချိန်​က တအားမြင့်​လာပြီ ၊ မြင့်​လာ​တဲ့အခါကျ​တော့ မီးပွိုင့်​ရပ်​​စောင့်​​နေတဲ့ စက္ကန့်​ပိုင်းအတွင်းမှာ လူရဲ့အသားအ​ရေကိုထိနိုင်​တဲ့ အပူဒဏ်​ကို ကြိုတင်​ကာကွယ်​​ပေးတဲ့ အ​နေနဲ့ လုပ်​တဲ့အတွက်​ ကြိုဆိုပါတယ်​။ ​ကျေးဇူးလည်းတင်​ပါတယ်​ ” လို့သူရဲ့အမြင်ကိုပြောပါတယ် ။

 

မြန်မာနိင်ငံမှာ ယခုနစ်အတွင်း နေ့အပူချိန်များမြင့်တက်ခဲ့ပြီး ပုသိမ်မြို့မှာတော့ဧပြီလကုန်က နစ်ပေါင်း၇၃နစ်မှာအမြင့်ဆုံးအပူချိန်၄၁ဒသမ၅ဒီဂရီစင်တီဂရိတ်ဖြစ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမူဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ် ။

မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့မှာတော့ မြို့တော်စည်ပင်က အကုန်ကျခံပြီး လူစည်ကားတဲ့ မီးပွိုင့်တွေမှာ ရပ်ပြီးလမ်းကူးဖို့စောင့်ရတဲ့ ဆိုင်ကယ်တွေအတွက် အပူဒဏ်သက်သာဖို့. ဇကာစိမ်းတွေကို ပြီးတဲ့ အပတ်ကတည်းက တပ်ဆင်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ပုသိမ် #အပူကာ

Related posts

Leave a Comment

VOM News

FREE
VIEW