နတ္တလင်းမှာ ယာဉ်​တိုက်​မှု ဖြစ်လို့ စာရင်းအင်းဦးစီးဌာန လက်​​ထောက်​ဦးစီးမှူးသေဆုံး

နတ္တလင်း ​မေ ၃ -၂၀၁၉ မိုးယံ (ဇီးကုန်း)   ပြည်​ခရိုင်​ နတ္တလင်းမြို့ နယ်​ ရွာသာကုန်းရွာနဲ့ ​ဂေါက်​ကွင်းကြား ရန်​ကုန်​-ပြည်​ ကားလမ်းမှာ ​မေလ ၂ရက်​ ည ၂နာရီခန့်​ က ဆိုင်​ကယ်​နဲ့ ကားမျက်​နှာချင်းဆိုင်​ တိုက်​မိလို့ သာယာဝတီခရိုင်​ လယ်​ယာမြေ စီမံခန့်​ခွဲ​ရေးနှင့်​စာရင်းအင်းဦးစီးဌာန လက်​​ထောက်​ဦးစီးမှူး ​သေဆုံးသွားတယ်​လို့ နတ္တလင်းမြို့ မရဲစခန်း က သိရပါတယ်​။   ရန်​ကုန်​-ပြည်​ လမ်းအတိုင်း ရန်​ကုန်​ကနေ  ပြည်​ဘက်​ကို လက်​​ထောက်​ဦးစီးမှူး ဦးဘိုဘို​အောင်​ စီးနင်းလာ​တဲ့ ၅၉ ယ /၇၁၆၀ Loujia110 ​ကျောက်​စိမ်း​ရောင်​ဆိုင်​ကယ်​နဲ့ ပြည်ကနေ  ရန်​ကုန်​ကို မောင်းလာတဲ့   YGN 6J / Probox အဖြူ​ရောင်​ကားဟာ  မျက်​နှာချင်းဆိုင်​ တိုက်​မိလို့  ဦးဘိုဘို​အောင်​ကို  ဒဏ်​ရာတွေနဲ့ နတ္တလင်းမြို့ ပြည်​သူ့​ဆေးရုံပို့ပြီး ဆေးကုသစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။…

Read More

ပုသိမ်မြို့ပေါ်မှာ အပူဒဏ်ကာကွယ်ဖို့ အပူကာ ဇာစိမ်းတွေ လူငယ်တွေ ကိုယ်ထူကိုယ်ထ တပ်ဆင်

ပုသိမ် ၊ မတ်လ ၃ -၂၀၁၉ ကိုအောင် (VOM)   ပုသိမ်မြို့မှာ အပူဒဏ်ကိုကာကွယ်ဖို့အတွက် လူငယ်တချို့ဦးဆောင်ပြီး အပူကာ ဇာစိမ်းအမိုးတွေကို လမ်းဆုံ မီးပွိုင့်တွေနဲ့ လမ်းတချို့မှာ လိုက်လံတပ်ဆင်ပေးနေပါတယ် ။   အဲ့လိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုရဲမင်းထူးက ” လူငယ်​​တွေ​တောင်​မှ ​တော်​​တော်​အပူဒဏ်​ခံစား​နေရတယ်​ ၊ လူကြီး​တွေ ခရီးသွား​တွေ မီးပွိုင့်​​တွေမှာ ရပ်​တဲ့အခါ ပိတ်​စိမ်းပါး​လေး​တွေ အုပ်​​ပေးလိုက်​ရင်​ အဆင်​​ပြေမယ်​လို့ ထင်​လို့ လုပ်​ဖြစ်​ခဲ့တာပါ ” လို့ပြောပါတယ် ။   မြို့မိမြို့ဖများနှင့်​ ​စေတနာရှင်​များစု​ပေါင်းပြီး အပူခံအမိုးတွေကို ကိုယ်ထူကိုယ်ထဝယ်ယူခဲ့ပြီး ဌာနဆိုင်ရာများရဲ့ ကူညီမူနဲ့အခုလို ဆောင်ရွက်ဖြစ်တယ်လို့သူကဆက်ပြောပါတယ် ။   ပုသိမ်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုဟန်ကျော်က ” ​နေ​ရောင်​အပူချိန်​က တအားမြင့်​လာပြီ ၊ မြင့်​လာ​တဲ့အခါကျ​တော့ မီးပွိုင့်​ရပ်​​စောင့်​​နေတဲ့ စက္ကန့်​ပိုင်းအတွင်းမှာ လူရဲ့အသားအ​ရေကိုထိနိုင်​တဲ့ အပူဒဏ်​ကို ကြိုတင်​ကာကွယ်​​ပေးတဲ့…

Read More

အခြေခံစပါးဈေးနူန်း အနည်းဆုံး  ၆သိန်းနဲ့ ၇သိန်း ဝန်းကျင်သတ်မှတ်ပေးမှ တောင်သူတွေအဆင်ပြေမယ်

ရန်ကုန် ၊မေ ၃-၂၀၁၉ သိင်္ဂီ(VOM )   နိုင်ငံတော်ကနေ သတ်မှတ်ပေးမယ့် အခြေခံစပါးဈေးနူန်းက အနည်းဆုံး ၆၀၀၀၀၀ သိန်းအထက် ၇သိန်း ဝန်းကျင်ဖြစ်မှ  တောင်သူတွေ အတွက် အဆင်ပြေမှာဖြစ်တာကြောင့်  အဲဒီနူန်းထားအတိုင်း သတ်မှတ်ပေးဖို့ စပါးစိုက် တောင်သူတချို့က တောင်းဆိုလိုက်ပါတယ်။   ” စပါး တင်း တစ်ရာကို ၆သိန်း လောက်မှအဆင်ပြေတယ်။ ဒါတောင်အရမ်းကြီး အဆင်ပြေတာမဟုတ်သေးဘူး။ စပါးစစိုက်ပျိုးဖို့ လယ်ထဲစဆင်းပြီဆိုကတည်းက လယ်တစ်ဧက ကိုမြေသြဇာ ၊  ရိပ်သိမ်းပြီး  အိတ်ထဲအရောက်ဆိုရင် ၂သိန်းဝန်းကျင် ၊ ၂သိန်း ကျော်လောက်ဖြစ်နေတယ်။ တချို့စပါးဆို ဝယ်သူမရှိတော့ ဈေးနှိမ်ခံရတယ်”လို့ ပြည်မြို့နယ် ၊ တွင်းဗြည်းအုပ်စု ကြို့ရသာရွာ စပါးစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဆန်းဦးက ပြောပါတယ်။   လက်ရှိမှာတော့ မိုးစပါးစိုက်ဧက ကျန်တဲ့ စပါးအဟောင်းတွေက စပါး တင်း ၁၀၀…

Read More

ဒေါ်လာ ၇ သန်းတန်းဖိုးရှိ မူးယစ်ဆေးဝါးတွေ သြစတြေးလျ သက်ကြီးစုံတွဲဆီ မှားရောက်

မဲလ်ဘုန်း၊ မေ-၃-၂၀၁၉ မျိုးဆက် (VOM)   သြစတြေးလျနိုင်ငံရှိ သက်ကြီးစုံတွဲဆီကို ဒေါ်လာ ၇ သန်းတန်ဖိုးရှိ မက်သာအဖက်တမင်း မူးယစ်ဆေးတွေပါတဲ့ ပါဆယ်ထုတ်တစ်ခု မှားယွင်းပြီးရောက်ရှိခဲ့ပါတယ်။   ပါဆယ်ထုတ်ထဲမှ အဖြူရောင်အမှုန့်တွေထည့်ထားတဲ့ အိပ်တွေကို တွေ့ရှိပြီးနောက် အဲဒီစုံတွဲက ရဲတပ်ဖွဲ့ကို ခေါ်ယူအကြောင်းကြားခဲ့တယ်လို့ အေဘီစီ သတင်းဌာနက ဖော်ပြပါတယ်။ ပါဆယ်ထုတ်ထဲမှာ မူးယစ်ဆေး ၂၀ ကီလိုဂရမ်ရှိတဲ့ အိပ်တွေပါရှိတယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောပါတယ်။   ထောက်လှမ်းရေတွေက အနီးနားရှိ အိမ်တစ်အိမ်က အမျိုးသားတစ်ဦးကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး အဲဒီနေအိမ်ကနေ နောက်ထပ် မူးယစ်ဆေး ၂၀ ကီလိုဂရမ်ကိုတွေ့ရှိခဲ့ကြပါတယ်။   ဒီလိုမူးယစ်ဆေးဝါးတွေ မှားယွင်းလက်ခံမိတဲ့အတွက် သြစတြေးလျ သက်ကြီ စုံတွဲက မယုံကြည်နိုင်အောင်ဖြစ်နေပြီး သူတို့ဟာ ဘယ်လို့အမှားကိုမှ ကျူးလွန်တာ မရှိဘူးလို့ တာဝန်ရှိသူတွေက အာမခံခဲ့ကြပါတယ်။   မူးယစ်ဆေးဝါးတွေရှာဖွေတွေ့ရှိပြီးနောက် ဘန်ဒူရာ…

Read More

ကလေးမြို့မှာ ရာသီဥတု ပုံမမှန်ခြင်းကြောင့် တွင်းရေများ ခမ်းခြောက်

ကလေး မေ ၃၊ ၂၀၁၉ မိုင်ချယ်ရီ- ( VOM)   စစ်ကိုင်းတိုင်း ကလေးမြို့နယ် အတွင်းမှာရှိတဲ့ တွင်းရေတွေ  ခမ်းခြောက်ပြီး သောက်သုံးရေ ရှားပါးတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရခြင်းက ရာသီဥတု ပုံမမှန်တာကြောင့် ဖြစ်တယ်လို့  မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ကလေးခရိုင်ရုံးရဲ့ ခရိုင်ဦးစီးအရာရှိ ဦးတင်စိုး က သုံးသပ် ပြောကြားလိုက်ပါတယ်။     ကလေးခရိုင် မိုးလေ၀သ နှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရုံး ရဲ့ ကလေးမြို့အတွက် နေ့အပူချိန်တွေကို တွက်ချက်ထားတဲ့ အချက်အလက်တွေ အရ ဒီနှစ် ဧပြီလ မှာ ဆိုရင် ၈ ရက်ဆက်တိုက် နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်လွန်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို နေ့ရက်ဆက်တိုက် နေ့အပူချိန်တွေ ပူပြင်းခဲ့တဲ့ အပြင် မိုးရွာသွန်းမှုဟာဆိုရင်…

Read More

ပါကစ္စတန်မှာ လူ ၉၀ ကျော် အိပ်ခ်ျအိုင်ဗီ ကူးစက်အောင်လုပ်တဲ့ ဆရာဝန်ကို ဖမ်းဆီး

ကရာချီ ၊ မေ-၃-၂၀၁၉ မျိုးဆက် (VOM)   ပါကစ္စတန်နိုင်ငံမှာ ကလေးငယ် ၆၅ ဦးအပါအ၀င် လူပေါင်း ၉၀ ကျော်ကို အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်အောင် မသန့်ရှင်းတဲ့ ဆေးထိုးအပ်ပြွန်အသုံးပြုခဲ့တဲ့ ဆရာဝန်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေက မေ ၃ ရက်မှာပြောပါတယ်။   ဒီလို အိပ်ခ်ျအိုင်ဗီကူးစက်ခံရတဲ့ ဖြစ်စဉ်ဟာ လာကာနာမြို့ တောင်ဘက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ တိုင်ကြားချက်အရ ဆရာဝန်ကိုဖမ်းဆီးလိုက်တယ်လို့ ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ခမ်ရန်နာဝပ်ဇ်က ပြောပါတယ်။   အဲဒီဆရာဝန်မှာလည်း အိပ်ခ်ျအိုင်ဗီ ကူးစက်ခံထားရတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ မြို့ဆင်ခြေဖုံးမှာနေတဲ့ကလေးငယ် ၁၈ ဦးမှာ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်ခံနေရတာကို ပြီးခဲ့တဲ့ အပတ်က စစ်ဆေးတွေ့ရှိပြီးနောက် အာဏာပိုင်တွေက ပထမဆုံးအကြိမ် သတိပေးခဲ့ပြီး ကျန်းမာရေးတာဝန်ရှိသူတွေက ချက်ချက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။   လူကိုးဆယ်ကျော်မှာ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်ခံနေရတာကို…

Read More

အပစ်ခတ်ရပ်စဲရေးကာလတိုးပြီး ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာသင့်တော်တယ်လို့  RCSS ထုတ်ပြန်

မေ ၃-၂၀၁၉ သစ်တော် (VOM)   ရှမ်းပြည်လည်ထူးထောင်ရေးကောင်စီ (RCSS) က တပ်မတော်ကနေ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကာလ ထပ်မံတိုးမြှင့်တာနဲ့ပတ်သတ်ပြီး ကြိုဆိုကြောင်းကို မနေ့ မေလ ၂ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ဧပြီလ ၃၀ရက်မှာ အပစ်အခတ် ရပ်စဲရေး ကာလကို  ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့တာနဲ့ပတ်သက်ပြီး VOM ဆက်သွယ်မေးမြန်းမှုကိုဖြေကြားခဲ့တာဖြစ်ပါတယ်။   ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းတာသင့်တော်တယ် အပစ်အခတ် ရပ်စဲရေး ကာလကို ထပ်မံ တိုးမြှင့်တာကိုလက်ခံတယ်လို့  (RCSS) မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဖ  ဒီနေ့ ပြောလိုက်ပါတယ်။     ” ကြိုဆိုတယ်ဆိုတာက ကျွန်တော်တို့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းတာသင့်တော်တယ်ပေါ့  ဒါကြောင့်ကြိုဆိုထောက်ခံတယ်  နှစ်လဆိုတာတော့တော်တော်လေးကိုနည်းပါတယ်  လေးလ ဖြစ်ဖြစ် ငါးလဖြစ်ဖြစ်ပေါ့…

Read More

စဥ့်ကိုင်မှာ ရှေ့နေတစ်ယောက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

စဥ့်ကိုင်  မေ  ၃ -၂၀၁၉ မောင်တာရာ (VOM)   မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့မှာ အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးဌေးကျော်ဆိုသူက ဥပဒေအာဏာ သက်ရောက်မှု အညီအမျှဖြစ်ရေးအတွက် ဒီနေ့  နံနက် ၉ နာရီက  စဥ့်ကိုင်မြို့ပေါ်မှာ  တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။   ”အရင်တခါ ဆန္ဒထုတ်ဖော်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်ခဲ့တာ၊ ဒါပေမယ့်လည်း ထိရောက်မှုမရှိခဲ့ဘူး။ တာဝန်ရှိတဲ့လူတွေအားလုံးက လစ်လျှူရှုနေကြတယ် ။ အခုအကြိမ်က တရားဥပဒေ စိုးမိုးမှုမရှိရုံမကဘူး ဥပဒေချိုးဖောက်တဲ့သူများကို အရေးယူရာမှာ ဘက်လိုက်မှု ဖုံးကွယ်မှုများနဲ့ ပြစ်မှုကျူးလွန်သူကို တွေ့ရှိပါလျှက် အမှုဖွင့်ထားရုံမှအပ အရေးယူဆာင်ရွက်မှုတွေ အချိန်ဆွဲနေတာ ” ဟု အထက်တန်းရှေ့နေ ဦးဌေးကျော်က က ပြောပါတယ်။     စဥ့်ကိုင်မြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး  သက်ဆိုင်ရာအလိုက် လုပ်ဆောင်မှုအားနည်းနေမှုအပေါ် အထက်တန်းရှေ့နေ ဦးဌေးကျော်ဟာ တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့်…

Read More

စစ်ဘေးရှောင်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို မတားဆီးဖို့နဲ့ NGO/INGO တွေကို ခွင့်ပြုပေးဖို့ လွှတ်တော်မှာ အဆိုတင်

စစ်တွေ၊ မေ ၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံ သုံးသောင်းကျော်ဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ယာယီကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြရတာ ၅ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။   အဲ့ဒီစစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေသလို စားဝတ်နေရေးအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတာကြောင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေကို မတားဆီးဖို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO တွေက အကူအညီပေးတာတွေကို ခွင့်ပြုပေးဖို့အတွက် မေလ ၂ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။   “လောလောဆယ်မှာ စစ်ပွဲတွေက ရပ်နိုင်မယ့်အနေအထားမတွေ့ရဘူး။ စစ်ဘေးရှောင်တွေကလည်းတိုးလာနေတယ်။ ဒါကြောင့် ရေရှည်မှာအခက်အခဲတွေ ပိုပြီးတော့ကြုံရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတာအဖွဲ့အစည်းတွေက ကူညီခွင့်ရမှပဲ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုကိုတင်သွင်းရတာဖြစ်ပါတယ်။”လို့ အဆိုတင်သွင်းသူ ဦးအောင်ကျော်ထွီးကပြောပါတယ်။   လက်ရှိမှာတော့ စစ်ဘေးရှောင်တွေကို…

Read More

ဇာတ်ကားအတူရိုက်ဖို့ နေတိုးကို ရှိန်နေတယ်ဆိုတဲ့ နေခြည်ဦး

ရန်ကုန် မေ ၃- ၂၀၁၉   သင်းသဒ္ဒါ (VOM)     Beauty Blogger တယောက်ကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ ရို့မန့်ဇာတ်ကားရိုက်ဖို့ နေတိုးကို ရှိန်နေတယ်လို့ ဆိုပါတယ်။   ”ဒီဇာတ်ကားမရိုက်ခင် ကိုနေတိုးနဲ့တွဲသရုပ်ဆောင်ရမယ် ဆိုတော့ ဟုတ်ရောဟုတ်ရဲ့လားပေါ့။ နေခြည်လို အသစ်တစ်ယောက်ကို လက်ခံရိုက်ကူးမယ်ဆိုတော့ ကိုယ့်လိုအသစ်တစ်ယောက်အတွက် ဇာတ်လမ်းအတွက် လိုအပ်ချက်တွေရှိနေရင် စိတ်များငြိုငြင်မလားပေါ့။ စွယ်စုံရမင်းသားတစ်ယောက်လို့ နေခြည်က သတ်မှတ်ထားတယ်။ ဒီရို့မန့်ကားဆိုတော့ နေခြည်က ကိုနေတိုးကို နည်းနည်းတော့ရှိန်ပါတယ်။ သူ့က ကိုယ့်ကိုအရမ်း ချစ်ပြရမှာလေ။ ကိုယ့်အရမ်းလေးကြိုက်တဲ့မင်းသား၊ အရမ်းလေးစားရတဲ့ မင်းသားရိုက်ရမှာ ကာရိုက်တာထဲ မုဒ်မ ရောက်မှာနေခြည် စိတ်ပူပါတယ်”လို့ဆိုပါတယ်။     သူမကတော့ဒါရိုက်တာ ( အာရုဏ်ဦး)  ပွင့်သိဂီဇော် က ရိုက်ကူးမယ့် ”အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားမှာတော့ နေရွှေသွေးအောင်က ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပြီးတော့  နေတိုး…

Read More
VOM News

FREE
VIEW