ခရီးသည်​တင်​ကားတ​စီး မိုင်းခွဲခံရ

မြေပုံ၊ မေ ၃၁-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​၊ မြေပုံမြို့နယ်​အတွင်း ခရီးသည်​တင်​ကားတစီး ဒီနေ့ညနေ ၅ နာရီလောက်​မှာ မိုင်းခွဲတိုက်​ခိုက်​ခံခဲ့ရတာ ဖြစ်​ပါတယ်​။ အဲ့ဒီကားဟာ စစ်​တွေကနေ ရန်​ကုန်​ကို ခရီးသည်​တွေနဲ့ ပြေးဆွဲလာခဲ့တဲ့တာဖြစ်ပြီး မြေပုံမြို့နယ်ကို ဖြတ်​သန်းနေချိန်​မှာ အခုလို မိုင်းခွဲခံလိုက်​ရတာ ဖြစ်​ပါတယ်​။   “မိုင်းထိတာက ရွှေမန်းရတနာကားပါ။ ခရီးသည်​တင်​ကား ဖြစ်​ပါတယ်​။ အဲ့ဒီကားကရှေ့က ကျွန်​တော်​တို့က နောက်​က ကားပါ။ နည်းနည်းတော့ လှမ်းတယ်​။ ပေါက်​သံကိုတော့ အကျယ်​ကြီးကြားလိုက်​ရတယ်​။ ကားကပျက်​စီးသွားတာပေါ့။ လူတော့မထိခိုက်​ဘူး။”လို့ ခရီးသည်​ ဦးသန်းမောင်​က ပြောပါတယ်​။   ပေါ်ကွဲမှုကြောင့်​ ကားရဲ့ညာဘက်​နောက်​ဘီးနဲ့ အစိပ်​အပိုင်းတချို့ပျက်​စီးသွားပေမယ့်​ ခရီးသည်​တွေ ထိခိုက်​မှုမရှိခဲ့ဘူးလို့ ပြောပါတယ်​။ မိုင်းပေါက်​ကွဲမှုဖြစ်​ပွားခဲ့အတွက်​ ကားပေါ်မှာပါလာတဲ့ခရီးသည်​တွေကိုတော့ နောက်​ကားတစီးနဲ့ ပြန်လည်ပို့ဆောင်​ပေးခဲ့တာ ဖြစ်​ပါတယ်​။   #voiceofmyanmar #ခရီးသည်တင်ကားတစီးမိုင်းခွဲခံရ #ရခိုင်  #မြေပုံ

Read More

တရားမဝင်ရွှေတူးဖော်မှုတွေ ပပျောက်ဖို့ ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထား

စစ်ကိုင်း၊ မေ – ၃၁ – ၂၀၁၉ မောင်တာရာ (VOM)   စစ်ကိုင်းတိုင်း၊ ခန္တီးဒေသမှာ တရားမဝင်ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ပပျောက်ဖို့အတွက်  ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရတာဖြစ်တယ်လို့  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သိရပါတယ်။   “ခန္တီးဒေသ အထက်ပိုင်းမှာ တရားမဝင်ရွှေတူးတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒါကြောင့် အဲဒီဒေသမှာ ကျနော် တာဝန်ထမ်းဆောင်စဉ်ကတည်းကပဲ ဆန်နဲ့ဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့် ထိန်းချုပ်ရတာလည်းဆိုတော့ အဲဒီမှာ တရားမဝင်လုပ်ငန်းတွေ၊ တရားမဝင်ရွှေတူးတာတွေ အဲဒီလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောပါတယ်။   စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မနေ့ မေ ၃၀ ရက်က ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တတိယ (၁) နှစ်တာ ကာလအတွင်းပြုပြင်ပြောင်းလဲတိုးတက်မှုတွေနဲ့ပက်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ…

Read More

နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်ကနေ ရုရှားနှုတ်ထွက်တော့မယ်

မော်စကို၊ မေ-၃၁-၂၀၁၉ မျိုးဆက် (VOM)   စစ်အေးကာလပြီးကတည်းက စတင်သက်ဝင်ခဲ့တဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်ကနေ ရုရှားနိုင်ငံ နှုတ်ထွက်မယ့် ဥပဒေကြမ်းတရပ်ကို သမ္မတ ဗလာဒီမာပူတင်က ရုရှားပါလီမန်ကို မေ ၃၀ ရက်မှာ တင်သွင်းလိုက်ပါတယ်။   တာလတ်ပစ်နျူကလီယားစာချုပ် (အိုင်အင်န်အက်ဖ်) ကနေ ဖေဖော်ဝါရီလမှာ  အမေရိကန်က နှုတ်ထွက်ပြီးနောက် အဲဒီစာချုပ်ကနေ ကိုယ်တိုင်နှုတ်ထွက်မယ့် ဥပေဒကြမ်းကို ပူတင်က ပါလီမန်ကို တင်သွင်းလိုက်တာဖြစ်ပါတယ်။   လိုအပ်တယ်လို့ ယူဆပါက အိုင်အင်န်အက်ဖ် စာချုပ်ကိုပြန်လည် ၀င်ရောက်နိုင်မယ့် ရုရှားသမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ခွင့်ပြုပေးထားတဲ့  ပြဌာန်းချက်တခုလည်း အဲဒီ ဥပဒေကြမ်းမှာ ပါဝင်နေပါတယ်။   ရုရှားနိုင်ငံဟာ  စာချုပ်ကိုချိုးဖောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲပြောဆိုပြီး ရက် ၆၀ အတွင်း ရုရှားက စာချုပ်ကို လိုက်နာမှုမရှိဘူးဆိုရင် သဘောတူစာချုပ်ကနေ အမေရိကန်နှုတ်ထွက်မယ်လို့…

Read More

လုံခြုံရေးကြောင့်ဆိုပြီး စစ်တွေမြို့မရဲစခန်းအနီးက ဆိုင်ခန်းတွေကို ဖယ်ရှားခိုင်း

စစ်တွေ၊ မေ ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့လမ်းမကြီးပေါ်က မြို့မရဲစခန်းရဲ့ အပြင်ဘက် ပတ်လည်မှာရှိနေတဲ့ ဈေးဆိုင်ခန်းတွေကို လုံခြုံးရေးကြောင့်ဆိုပြီး ဖယ်ရှားခိုင်းနေတာ ဖြစ်ပါတယ်။   “စာထုတ်တာကတော့ ၈ လပိုင်းလောက်က ထင်ပါတယ်။ မမှတ်မိတော့ဘူးဗျ။ အဲ့ဒီတုန်းက ကျနော်တို့ကို ပြောတာက ခြံစည်းရိုးခတ်မယ်၊ ဖယ်သင့်ရင်ဖယ်ပေးရမယ်လို့ ပြောတာပေါ့။ အခုနောက်ပိုင်းမှာတော့ လုံခြုံးရေးအရဖယ်ရှားတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။”လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးသာမြင့်က ပြောပါတယ်။   အဲ့ဒီဈေးဆိုင်ခန်းတွေရှိတဲ့နေရာဟာ ရဲစခန်းပိုင်မြေနေရာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကနေ ရဲတပ်ဖွဲ့ကဆောက်လုပ်ပြီး  ငှားရမ်းထားခဲ့တာ ဖြစ်ပါတယ်။ အရင်က ရဲဌာနအနနဲ့ ရံပုံငွေရရှိရေးအတွက် ငှားရမ်းပေးခဲ့တာဖြစ်ပေမယ့် အခုလက်ရှိမှာတော့ ဒေသအခြေအနေအရ လုံခြုံရေးစိုးရိမ်ရတာကြောင့် အခုလိုဖယ်ရှားခိုင်းရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။   ခုလိုဖယ်ရှားခိုင်းတာနဲ့ပတ်သက်လို့ ဈေးဆိုင်ပိုင်ရှင်တွေဘက်က ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်၊…

Read More

အမေရိကန်နဲ့ ဆွေးနွေးပွဲ မအောင်မြင်လို့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတွေ ကွပ်မျက်ခံရ

ဆိုးလ်၊ မေ-၃၁-၂၀၁၉ မျိုးဆက် (VOM)   ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့  အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့အတွက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အမေရိကန်ဆိုင်ရာ အထူးကိုယ်စားလှယ် ကင်ဟုတ်ချောတို့ကို မြောက်ကိုရီးယားက ကွပ်မျက်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းဌာနက တခုက မေ ၃၁ ရက်မှာ ဖော်ပြပါတယ်။   သူတို့ဟာ အဲဒီထိပ်သီးဆွေးနွေးပွဲအတွက် လုပ်ငန်းဖော်ဆောင်ရေးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီး မအောင်မြင်တဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး ကွပ်မျက်ခံလိုက်ရတာပါ။   ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ အတူဆောင်ရွက်ခဲ့တဲ့ မြောက်ကိုရီးယား အထူးကိုယ်စားလှယ် ကင်ယုံချောကိုလည်း ရာထူးကနေထုတ်ပယ်ပြီး အဓမ္မခိုင်းစေတာတွေနဲ့ အယူဝါဒဆိုင်ရာ ပညာပေးတာတွေ လုပ်ခဲ့တယ်လို့ ချိုဆန်အယ်ဘို သတင်းစာက ဖော်ပြပါတယ်။   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဒီပြည်မှာ မငြိမ်သက်မှုတွေနဲ့ မကျေနပ်မှုတွေကို အာရုံလွှဲစေဖို့အတွက်…

Read More

အရပ်သားများ ထိခိုက်သေဆုံးမှု ANP အစီရင်ခံစာထုတ်ပြန်

စစ်တွေ၊ မေ ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးနေရမှုနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ စုံစမ်းရေးကော်မရှင်က လေ့လာရေးသားထားတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။   “မတရားဖမ်းဆီးခံရမှုတွေ၊ ဖမ်းဆီးခံရင်းနဲ့ သေဆုံးသွားရတဲ့ကိစ္စတွေ၊ ရခိုင်တွေရဲ့အသည်းနှလုံးဖြစ်တဲ့ မြောက်ဦးကို ထိခိုက်ခံရတဲ့အနေအထားတွေ စသဖြင့်၊ ပြီးတော့ နေရပ်ကိုစွန့်ပြီးတော့ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ လက်တွေ့ အတိဒုက္ခတွေကို အများဆုံးတိတိကျကျထင်ဟပ်ပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။”လို့ ကော်မရှင် ဥက္ကဌ ဒေါ်အေးနုစိန်က ပြောပါတယ်။   ဒါ့အပြင် တိုက်ပွဲမဟုတ်ဘဲနဲ့ ပစ်ခတ်လို့ ဒဏ်ရာရသေဆုံးကြမှုမှာ မြောက်ဦး၊ဘူသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်ဘက်တွေမှာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။   “ တပတ်အတွင်း တင်ပြပါဆိုတဲ့ အနေအထားကို ကျွန်မတို့က…

Read More

ဦးဝီရသူအပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေ ကင်းငြိမ်းစေဖို့ ဆုတောင်းမှုပြုလုပ်

မန္တလေး၊ မေ ၃၀-၂၀၁၉ ဟိန်းကို(VOM)   ဆရာတော်ဦးဝီရသူအပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေ ကင်းငြိမ်းစေဖို့အတွက် ဆရာတော်ရဲ့ တပည့် ဒကာ၊ ဒကာမတွေ စုပေါင်းပြီး ဒီနေ့ညနေပိုင်းက မန္တလေးမြို့က အိမ်တော်ရာဘုရားမှာ ဆုတောင်းမှုပြုလုပ်ခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #ဦးဝီရသူအတွက်ဆုတောင်းမှုပြုလုပ်#  

Read More

ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်ခရီးသွားမယ့် မြန်မာနိုင်ငံသားနှစ်ဦး မန္တလေးကို ရောက်ရှိ

မန္တလေး၊ မေ ၃၀-၂၀၁၉ ဟိန်းကို(VOM)   မြန်မာနိုင်ငံကနေ ဥရောပနိုင်ငံများကို BMW မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်ခရီးသွားမယ့် မြန်မာနိုင်ငံသားနှစ်ဦးဟာ မေလ (၂၆) ရက်နေ့မှာ ရန်ကုန်ကနေစထွက်လာပြီး ဒီနေ့နံမနက်ပိုင်းက မန္တလေးမြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။   ခရီးသွားကြာမြင့်ချိန် (၅) လတာ ခန့်မှန်းထားပြီး အင်္ဂလန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀) ကို ဖြတ်သန်းဖို့အတွက် မိုင်ပေါင်း (၃၀၀၀၀) ကျော်မောင်းနှင်ခရီးသွားမှာ ဖြစ်ပါတယ်။   #voiceofmyanmar #ဆိုင်ကယ်နဲ့ကမ္ဘာလှည့်မယ် # မြန်မာနိုင်ငံသားနှစ်ဦး #မန္တလေး

Read More

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူအတွက် ဆုတောင်းပွဲလုပ်

ရန်ကုန် ၊ မေ ၃၀ – ၂၀၁၉ သိင်္ဂီ (VOM)   ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းပွဲကို အမျိုးသားရေးလှုပ်ရှားသူတွေ ၊ မျိုးချစ်ရဟန်းသံဃာတွေနဲ့ ဆရာတော်ကို ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ပေါင်း ထောင်ဂဏန်းကျော်လောက်က ဒီနေ့ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။   အဲဒီဆုတောင်းပွဲမှာ အမျိုးသားရေဝါဒီဆရာတော် ဦးဝီရသူဟာ သူပုန်၊ အကြမ်းဖက်သမား၊  လက်နက်စွဲကိုင်တော်လှန်နေတဲ့ တော်လှန်ရေးသမားမဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ဓမ္မတရားကို ကိုင်စွဲထားသူဖြစ်တယ်လို့ ဆိုပါတယ်။   “ဘယ်သူတွေ ဘယ်နေရာမှာ ထလုပ်မလဲမသိဘူး၊ နောက်ရက်တွေမှာ ဆရာတော်ကို ချစ်မြတ်နိုးတဲ့ အနယ်နယ်အရပ်ရပ်က သူတွေက ဒီကနေ့ပြုလုပ်သလို  ရိုးရိုးတန်းတန်းစီတန်း လှည့်လည်တာမျိုးလည်း ရှိလာနိုင်ပေမယ့် တကယ်လို့  ခုအခြေအနေထက် ပိုဆိုးတဲ့  ပြသနာတွေ ဖြစ်လာခဲ့ရင်တော့ ဒါဟာ  ဆရာတော်ဦးဝီးရသူကို ဖမ်းဆီးဆောင်ရွက်ဖို့လုပ်တဲ့ အစိုးရရဲ့တာဝန်သာဖြစ်တယ်။”လို့ အမျိုးသားရေးအဖွဲ့…

Read More

မြန်မာနိုင်ငံမှာ တနှစ်ကိုကားအစီးရေ ၂၅၀၀ ထုတ်လုပ်မယ်လို့ တိုယိုတာကုမ္ပဏီကြေညာ

တိုကျို၊ မေ-၃၀-၂၀၁၉ မျိုးဆက် (VOM)   တိုယိုတာကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဟိုင်းလပ် ပစ်ကပ်ကားတွေကို စတင်ထုတ်လုပ်သွားမယ်လို့ တိုယိုတာ ကုမ္ပဏီက မေ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။     မြန်မာနိုင်ငံမှာ ကားစက်ရုံသစ်ကို သီလ၀ါအထူးစီးပွားရေးဇုန်မှာ တည်ဆောက်သွားမှာဖြစ်ပြီး semi knock-down စနစ်ကိုအသုံးပြုကာ နှစ်စဉ် ကားအစီးရေ ၂၅၀၀ ကို ထုတ်လုပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။   ဒီစီမံကိန်းအတွက် တိုယိုတာဟာ ဒေါ်လာ ၅၂ ဒသမ ၆ သန်းကျော် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပြီး စက်ရုံကို ၀န်ထမ်းအင်အား ၁၃၀ နဲ့ လည်ပတ်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တိုယိုတာဟာ Hilux, Vios, Rush နဲ့ အခြားကားအမျိုးအစားတွေကို တင်သွင်းရောင်းချနေပါတယ်။…

Read More
VOM News

FREE
VIEW