မော်စကို၊ မေ-၃၁-၂၀၁၉
မျိုးဆက် (VOM)
စစ်အေးကာလပြီးကတည်းက စတင်သက်ဝင်ခဲ့တဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်ကနေ ရုရှားနိုင်ငံ နှုတ်ထွက်မယ့် ဥပဒေကြမ်းတရပ်ကို သမ္မတ ဗလာဒီမာပူတင်က ရုရှားပါလီမန်ကို မေ ၃၀ ရက်မှာ တင်သွင်းလိုက်ပါတယ်။
တာလတ်ပစ်နျူကလီယားစာချုပ် (အိုင်အင်န်အက်ဖ်) ကနေ ဖေဖော်ဝါရီလမှာ အမေရိကန်က နှုတ်ထွက်ပြီးနောက် အဲဒီစာချုပ်ကနေ ကိုယ်တိုင်နှုတ်ထွက်မယ့် ဥပေဒကြမ်းကို ပူတင်က ပါလီမန်ကို တင်သွင်းလိုက်တာဖြစ်ပါတယ်။
လိုအပ်တယ်လို့ ယူဆပါက အိုင်အင်န်အက်ဖ် စာချုပ်ကိုပြန်လည် ၀င်ရောက်နိုင်မယ့် ရုရှားသမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ခွင့်ပြုပေးထားတဲ့ ပြဌာန်းချက်တခုလည်း အဲဒီ ဥပဒေကြမ်းမှာ ပါဝင်နေပါတယ်။
ရုရှားနိုင်ငံဟာ စာချုပ်ကိုချိုးဖောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲပြောဆိုပြီး ရက် ၆၀ အတွင်း ရုရှားက စာချုပ်ကို လိုက်နာမှုမရှိဘူးဆိုရင် သဘောတူစာချုပ်ကနေ အမေရိကန်နှုတ်ထွက်မယ်လို့ ထုတ်ပြန်ပြီး မကြာမီမှာဘဲ အိုင်အင်န်အက်ဖ်စာချုပ်မှာ ပါဝင်နေတာကို ရပ်ဆိုင်းထားမယ်လို့ ပူတင်က ဖေဖော်ဝါရီလမှာ ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။
နျူကလီးယားလက်နက်ထိန်းချုပ်ရေး စာချုပ်ကို အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ယူနီယမ် သမ္မတ မဃ်ဟေးဂေါ်ဘာချော့ဗ်တို့ ၁၉၈၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အကွာအဝေး ၃၁၀ မိုင်ကနေ ၃၄၁၇ မိုင်အတွင်း ပစ်လွှတ်နိုင်တဲ့ မြေပြင်အခြေစိုက် ဒုံးပျံတွေအားလုံးကို တားမြစ်ပိတ်ပင်ထားပါတယ်။
Ref : UPI
Photo : Russian Defence Ministry
#voiceofmyanmar #နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်ကနေရုရှားနှုတ်ထွက်တော့မယ် #မော်စကို