တရားမဝင်ရွှေတူးဖော်မှုတွေ ပပျောက်ဖို့ ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထား

စစ်ကိုင်း၊ မေ – ၃၁ – ၂၀၁၉

မောင်တာရာ (VOM)

 

စစ်ကိုင်းတိုင်း၊ ခန္တီးဒေသမှာ တရားမဝင်ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ပပျောက်ဖို့အတွက်  ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရတာဖြစ်တယ်လို့  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သိရပါတယ်။

 

“ခန္တီးဒေသ အထက်ပိုင်းမှာ တရားမဝင်ရွှေတူးတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒါကြောင့် အဲဒီဒေသမှာ ကျနော် တာဝန်ထမ်းဆောင်စဉ်ကတည်းကပဲ ဆန်နဲ့ဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့် ထိန်းချုပ်ရတာလည်းဆိုတော့ အဲဒီမှာ တရားမဝင်လုပ်ငန်းတွေ၊ တရားမဝင်ရွှေတူးတာတွေ အဲဒီလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောပါတယ်။

 

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မနေ့ မေ ၃၀ ရက်က ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တတိယ (၁) နှစ်တာ ကာလအတွင်းပြုပြင်ပြောင်းလဲတိုးတက်မှုတွေနဲ့ပက်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။

 

ခန္တီးမြို့ကနေ ခန္တီးအထက်ပိုင်းဒေသတွေကို သွားမယ့် မော်တော်ရေယာဉ်တွေကို လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကစပြီး ဆန်နဲ့ စက်သုံးဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားခဲ့တာပါ။

 

 

ဒါပေမယ့် ခန္တီး အထက်ပိုင်းဒေသက ကျေးရွာတွေကိုတော့ စာရင်းကောက်ယူပြီး အဲဒီကျေးရွာတွေအတွက် တွက်ချက်ကာ ဆန်နဲ့ စက်သုံးဆီ သယ်ဆောင်ခွင့် ခွင့်ပြု ပေးထာတယ်လို့ ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောပါတယ်။

 

#voiceofmyanmar #တရားမဝင်ရွှေတူးဖော်မှုတွေပျောက်ဖို့ဆန်နဲ့စက်သုံးဆီသယ်ဆောင်ခွင့်ထိန်းချုပ်ထား  #စစ်ကိုင်း  #ခန္တီး

Related posts

Leave a Comment

VOM News

FREE
VIEW