မြန်မာနိုင်ငံမှာ တနှစ်ကိုကားအစီးရေ ၂၅၀၀ ထုတ်လုပ်မယ်လို့ တိုယိုတာကုမ္ပဏီကြေညာ

တိုကျို၊ မေ-၃၀-၂၀၁၉

မျိုးဆက် (VOM)

 

တိုယိုတာကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဟိုင်းလပ် ပစ်ကပ်ကားတွေကို စတင်ထုတ်လုပ်သွားမယ်လို့ တိုယိုတာ ကုမ္ပဏီက မေ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

 

မြန်မာနိုင်ငံမှာ ကားစက်ရုံသစ်ကို သီလ၀ါအထူးစီးပွားရေးဇုန်မှာ တည်ဆောက်သွားမှာဖြစ်ပြီး semi knock-down စနစ်ကိုအသုံးပြုကာ နှစ်စဉ် ကားအစီးရေ ၂၅၀၀ ကို ထုတ်လုပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ဒီစီမံကိန်းအတွက် တိုယိုတာဟာ ဒေါ်လာ ၅၂ ဒသမ ၆ သန်းကျော် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပြီး စက်ရုံကို ၀န်ထမ်းအင်အား ၁၃၀ နဲ့ လည်ပတ်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တိုယိုတာဟာ Hilux, Vios, Rush နဲ့ အခြားကားအမျိုးအစားတွေကို တင်သွင်းရောင်းချနေပါတယ်။

 

မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ စီးပွားရေးအရ မော်တော်ကားအသစ် ၀ယ်လိုအားဟာ မကြာသေးမီ နှစ်တွေအတွင်း တိုးတက်လာခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အစီးရေ ၁၈၀၀၀ အထိရှိခဲ့တဲ့အတွက် ဒီပမာဏဟာ ပြီးခဲ့တဲ့ နှစ်ကထက် နှစ်ဆကျော်ရှိတယ်လို့ သိရပါတယ်။

Ref : Reuters/Automotive World

Photo :Reuters

 

#voiceofmyanmar # မြန်မာနိုင်ငံမှာတနှစ်ကိုကားအစီးရေ၂၅၀၀ထုတ်လုပ်မယ် # တိုယိုတာကုမ္ပဏီကြေညာ #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW