ဦးဝီရသူအပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေ ကင်းငြိမ်းစေဖို့ ဆုတောင်းမှုပြုလုပ်

မန္တလေး၊ မေ ၃၀-၂၀၁၉ ဟိန်းကို(VOM)   ဆရာတော်ဦးဝီရသူအပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေ ကင်းငြိမ်းစေဖို့အတွက် ဆရာတော်ရဲ့ တပည့် ဒကာ၊ ဒကာမတွေ စုပေါင်းပြီး ဒီနေ့ညနေပိုင်းက မန္တလေးမြို့က အိမ်တော်ရာဘုရားမှာ ဆုတောင်းမှုပြုလုပ်ခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #ဦးဝီရသူအတွက်ဆုတောင်းမှုပြုလုပ်#  

Read More

ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်ခရီးသွားမယ့် မြန်မာနိုင်ငံသားနှစ်ဦး မန္တလေးကို ရောက်ရှိ

မန္တလေး၊ မေ ၃၀-၂၀၁၉ ဟိန်းကို(VOM)   မြန်မာနိုင်ငံကနေ ဥရောပနိုင်ငံများကို BMW မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်ခရီးသွားမယ့် မြန်မာနိုင်ငံသားနှစ်ဦးဟာ မေလ (၂၆) ရက်နေ့မှာ ရန်ကုန်ကနေစထွက်လာပြီး ဒီနေ့နံမနက်ပိုင်းက မန္တလေးမြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။   ခရီးသွားကြာမြင့်ချိန် (၅) လတာ ခန့်မှန်းထားပြီး အင်္ဂလန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀) ကို ဖြတ်သန်းဖို့အတွက် မိုင်ပေါင်း (၃၀၀၀၀) ကျော်မောင်းနှင်ခရီးသွားမှာ ဖြစ်ပါတယ်။   #voiceofmyanmar #ဆိုင်ကယ်နဲ့ကမ္ဘာလှည့်မယ် # မြန်မာနိုင်ငံသားနှစ်ဦး #မန္တလေး

Read More

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူအတွက် ဆုတောင်းပွဲလုပ်

ရန်ကုန် ၊ မေ ၃၀ – ၂၀၁၉ သိင်္ဂီ (VOM)   ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းပွဲကို အမျိုးသားရေးလှုပ်ရှားသူတွေ ၊ မျိုးချစ်ရဟန်းသံဃာတွေနဲ့ ဆရာတော်ကို ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ပေါင်း ထောင်ဂဏန်းကျော်လောက်က ဒီနေ့ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။   အဲဒီဆုတောင်းပွဲမှာ အမျိုးသားရေဝါဒီဆရာတော် ဦးဝီရသူဟာ သူပုန်၊ အကြမ်းဖက်သမား၊  လက်နက်စွဲကိုင်တော်လှန်နေတဲ့ တော်လှန်ရေးသမားမဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ဓမ္မတရားကို ကိုင်စွဲထားသူဖြစ်တယ်လို့ ဆိုပါတယ်။   “ဘယ်သူတွေ ဘယ်နေရာမှာ ထလုပ်မလဲမသိဘူး၊ နောက်ရက်တွေမှာ ဆရာတော်ကို ချစ်မြတ်နိုးတဲ့ အနယ်နယ်အရပ်ရပ်က သူတွေက ဒီကနေ့ပြုလုပ်သလို  ရိုးရိုးတန်းတန်းစီတန်း လှည့်လည်တာမျိုးလည်း ရှိလာနိုင်ပေမယ့် တကယ်လို့  ခုအခြေအနေထက် ပိုဆိုးတဲ့  ပြသနာတွေ ဖြစ်လာခဲ့ရင်တော့ ဒါဟာ  ဆရာတော်ဦးဝီးရသူကို ဖမ်းဆီးဆောင်ရွက်ဖို့လုပ်တဲ့ အစိုးရရဲ့တာဝန်သာဖြစ်တယ်။”လို့ အမျိုးသားရေးအဖွဲ့…

Read More

မြန်မာနိုင်ငံမှာ တနှစ်ကိုကားအစီးရေ ၂၅၀၀ ထုတ်လုပ်မယ်လို့ တိုယိုတာကုမ္ပဏီကြေညာ

တိုကျို၊ မေ-၃၀-၂၀၁၉ မျိုးဆက် (VOM)   တိုယိုတာကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဟိုင်းလပ် ပစ်ကပ်ကားတွေကို စတင်ထုတ်လုပ်သွားမယ်လို့ တိုယိုတာ ကုမ္ပဏီက မေ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။     မြန်မာနိုင်ငံမှာ ကားစက်ရုံသစ်ကို သီလ၀ါအထူးစီးပွားရေးဇုန်မှာ တည်ဆောက်သွားမှာဖြစ်ပြီး semi knock-down စနစ်ကိုအသုံးပြုကာ နှစ်စဉ် ကားအစီးရေ ၂၅၀၀ ကို ထုတ်လုပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။   ဒီစီမံကိန်းအတွက် တိုယိုတာဟာ ဒေါ်လာ ၅၂ ဒသမ ၆ သန်းကျော် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပြီး စက်ရုံကို ၀န်ထမ်းအင်အား ၁၃၀ နဲ့ လည်ပတ်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တိုယိုတာဟာ Hilux, Vios, Rush နဲ့ အခြားကားအမျိုးအစားတွေကို တင်သွင်းရောင်းချနေပါတယ်။…

Read More

အရှင်လတ်လတ် မီးရှို့အသတ်ခံရတဲ့ ဆယ်ကျော်သက်မိန်းကလေးအမှု လူ ၁၆ ဦးကို စွဲချက်တင်

ဒါကာ၊ မေ-၃၀-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားခံရတယ်ဆိုတဲ့  သတင်းတွေထွက်ပေါ်ပြီးနောက် ဆယ်ကျော်သက်မိန်းကလေးတဦးကို အရှင်လတ်လတ်မီးရှို့အသတ်ခံရတဲ့ တုန်လှုပ်ဖွယ်လူသတ်မှုနဲ့ ပတ်သက်ပြီး လူ ၁၆ ဦးကို စွဲချက်တင်လိုက်ပါတယ်။   အသက် ၁၉ နှစ်အရွယ် နျူဆရက်ဂျာဟန်ရာဖီဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို တိုင်ကြားပြီးနောက် ရက်အနည်းငယ်အကြာ ဧပြီ ၆ ရက်မှာတော့ သူမပညာသင်ကြားနေတဲ့ အစ္စလာမ်စာသင်ကျောင်းရဲ့ ခေါင်မိုးပေါ်မှာ ရေနံဆီနဲ့လောင်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။   ဒီလူသတ်မှုနဲ့  ပတ်သက်ပြီး စွဲချက်တင်ခံရသူတွေထဲမှာ အဲဒီဘာသာရေးကျောင်းရဲ့ ကျောင်းအုပ်ဆရာဖြစ်သူ ဆာရက်ယူဒီဒိုလာဟာ အဓိကပါဝင်သူ ဖြစ်ပါတယ်။   ကျောင်းအုပ်ဆရာအပေါ် ဆယ်ကျော်သက်မိန်းကလေးက စွပ်စွဲတိုင်ကြားတာတွေကို ရုပ်သိမ်းပေးဖို့ သူမက  ငြင်းဆိုချိန်မှာတော့ ကျောင်းအုပ်ဆရာဟာ မိန်းကလေးကိုသတ်ဖြတ်ဖို့ သူ့လူတွေကို အမိန့်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။   အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး…

Read More

ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကျင်းပ

စစ်တွေ၊ မေ ၃၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကို ဒီကနေ့ မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေအတွင်း စစ်တွေမြို့ အာရိယာန်ခန်းမမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။   အဲ့ဒီညီလာခံကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က ကိုယ်စားလှယ်ပါင်း ၃၀၀ နီးပါး တက်ရောက်ဆွေးနွေး နေကြတာဖြစ်ပြီး ပါတီတွင်း အပြောင်းအလဲကိစ္စတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြန်ကြားရေးကော်မတီက သိရပါတယ်။   “ကျွန်တော်တို့ပါတီမှာက ညီလာခံကို ငါးနှစ်တကြိမ်စီ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲ့ဒီအပြင် ပါတီတွင်းပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်မယ်။ ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကိုလည်း အဓိကဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”လို့ ညီလာခံပြန်ကြားရေးကော်မတီဝင် ဦးအောင်ဝင်းက ပြောပါတယ်။   ဒါ့အပြင် ဒီညီလာခံကနေ ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေမှာ လူငယ်တွေကိုပါ ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်ပြီးတော့ ဗဟိုကော်မတီ အရည်အတွက်ကိုလည်း လျှော့ချပြီးတော့ ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့…

Read More

အစ္စရေးမှာ ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်လို့ ရွေးကောက်ပွဲ ပြန်ကျင်းပရတော့မယ်

ဂျေရုဆလင်၊ မေ-၃၀-၂၀၁၉ မျိုးဆက် (VOM)   ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းဖို့အတွက် ၀န်ကြီးချုပ် နေတန်ယာဟုက ဆွေးနွေး လုပ်ဆောင်နိုင်ခြင်းမရှိတဲ့နောက် ပါလီမန်ကို ဖျက်သိမ်းဖို့အတွက် အစ္စရေး လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။   ဒီလို မဲခွဲဆုံးဖြတ်လိုက်တာကြောင့် စက်တင်ဘာ ၁၇ ရက်မှာ နောက်ထပ်ရွေးကောက်ပွဲသစ်တခုကို အစ္စရေးနိုင်ငံမှာ ကျင်းပရတော့မှာဖြစ်ပါတယ်။   ပြီးခဲ့တဲ့လက ရွေးကောက်ပွဲပြီးနောက် လက်ယာယိမ်း ညွန့်ပေါင်းအဖွဲ့သစ်အတွက် သဘောတူညီချက်တခုရရှိဖို့ ၀န်ကြီးချုပ်နေတန်ယာဟုက ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပါဘူး။   အဲဒီအကြပ်အတည်းရဲ့ အဓိကအချက်ကတော့  ဂျူးကျမ်းစာသင်ကျောင်းသားတွေအတွက် စစ်မှုထမ်းကင်းလွတ်ခွင့် ဥပဒေကြမ်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။   ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ ၀န်ကြီးချုပ်တဦးက မလုပ်ဆောင်နိုင်တာဟာ  အစ္စရေးနိုင်ငံသမိုင်းမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။   ၀န်ကြီးချုပ် နေတန်ယာဟုအနေနဲ့ ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ မေ ၂၉ ရက်က နောက်ဆုံးသတ်မှတ်ချိန်ကျော်လွန်ပြီးနောက် ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၄၅…

Read More

မူလအစီအစဉ်အတိုင်း တိုင်းသံဃာ့မဟာနာယကရုံးကို ဦးဝီရသူ ကြွမယ်   မန္တလေး မေ – ၃၀ -၂၀၁၉ နေလင်း (VOM)   ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူနဲ့ ဒီနေ့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ VOM  အဆက်အသွယ်ရခဲ့ပါတယ်။ နောက်ဆုံးအခြေအနေကို လျှောက်ထားကြည့်တော့   VOM။            ။ ဆရာတော် အခုဘယ်ရောက်နေလဲ ဘုရား။ ဦးဝီရသူ။         ။ဦးဇင်း အခုရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးကို ကြွဖို့စီစဉ်နေပါတယ်။     VOM။            ။သံဃာ့မဟာနာယကနဲ့တွေ့ဖို့ အစီအစဉ်က ဆိုင်းငံ့တယ်ဆိုတော့ ဘယ်လိုဖြစ်မလဲဘုရား။ ဦးဝီရသူ။          ။အဲဒီစာက အစစ်လားမသိဘူး၊ ကျောင်းကိုလည်း လာမပို့ဘူး။   လိုင်းပေါ်မှာပဲတွေ့တယ်။ တချို့ကလည်းအတုကြီးလို့ပြောတော့ ကျုပ်တို့ဘယ်လိုဆက်လုပ်ရမလဲ မသိဘူး။     VOM။            ။သာသနာရေးဝန်ကြီးဌာနကို တပည့်တော်တို့ စုံစမ်းကြည့်တော့…

Read More

ရန်ကုန်တိုင်းမှာ တနှစ်ဆယ်လအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀၄ ခု ခွင့်ပြုခဲ့

ရန်ကုန် ၊ မေ ၃၀ – ၂၀၁၉ သိင်္ဂီ (VOM)   အချိန် တနှစ်ဆယ်လအတွင်း  ရန်ကုန်တိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀၄ ခုကို ခွင့်ပြုခဲ့တယ်လို့ မနေ့ မေလ ၂၉ ရက်က ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ  ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။     “ရန်ကုန်မှာက manufacturing (ကုန်ထုတ်လုပ်မှု) ကဏ္ဍကို ရင်းနှီးမြှုပ်နှံတာ ပိုများတယ်၊ ကျန်တဲ့ စက်မှုကဏ္ဍ ၊ ဟိုတယ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနဲ့ တခြားကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံတာတွေ ရှိနေပါတယ်။” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီး ဦးမျိုးခိုင်ဦးက  ပြောပါတယ်။     ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ စတင်ခွင့်ပြုပေးခဲ့တဲ့  ၂၀၁၇ ခုနှစ် ဩဂုတ် ကနေ ၂၀၁၉ ခုနှစ် မေ…

Read More

ရန်ကုန်မြို့သစ်စီမံကိန်းကို ချေးငွေနဲ့ တည်ဆောက်မည်မဟုတ်

ရန်ကုန်၊ မေ ၃၀ – ၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်မြို့သစ် စီမံကိန်းကို ချေးငွေရယူပြီး တည်ဆောက်မှာမဟုတ်သလို ရင်းနှီးမြှုပ်နှံဟန်ပြပြီး မြေဈေးကစားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုလည်း လက်မခံဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။   “ဒီစီမံကိန်းနဲ့ပတ်သက်လို့  နောင်လာနောင်သားတွေကို ချေးငွေဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်ဆိုပြီး ဆွေးနွေးနေတာတွေ ကြားပါတယ်။ ကျနော်တို့ကတော့  ပိုက်ဆံချေးငွေယူပြီး ဒီမြို့ကြီးကို တည်ဆောက်ဖို့ လုံးဝအစီအစဉ် မရှိပါဘူး၊ လုံးဝမလုပ်ပါဘူး။ ချေးငွေချေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့မရှိဘူး၊ ကျနော်တို့ လုပ်ချင်တဲ့ပုံစံက နိုင်ငံတကာကနေ ငွေထုပ်နဲ့လာပြီး တည်ဆောက်ပေးတဲ့ အခြေအနေမျိုးလုပ်ချင်တာပါ။ ဒီထဲမှာ ကျနော်တို့အကြောက်ဆုံးက လာတော့ရင်းနှီးမြှုပ်နှံတယ်၊ ဆိုင်းဘုတ်ပဲထောင်ပြီး မြေပဲကစားနေတဲ့ အခြေအနေမျိုး၊ ဒါမျိုးမမျှော်မှန်းထားဘူး။ ဒီလိုအလုပ်ကိုလည်း လက်ခံမှာမဟုတ်ဘူး။” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။   မေလ ၂၉ ရက်က ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ပြုလုပ်ခဲ့တဲ့…

Read More
VOM News

FREE
VIEW