အစ္စရေးမှာ ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်လို့ ရွေးကောက်ပွဲ ပြန်ကျင်းပရတော့မယ်

ဂျေရုဆလင်၊ မေ-၃၀-၂၀၁၉

မျိုးဆက် (VOM)

 

ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းဖို့အတွက် ၀န်ကြီးချုပ် နေတန်ယာဟုက ဆွေးနွေး လုပ်ဆောင်နိုင်ခြင်းမရှိတဲ့နောက် ပါလီမန်ကို ဖျက်သိမ်းဖို့အတွက် အစ္စရေး လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။

 

ဒီလို မဲခွဲဆုံးဖြတ်လိုက်တာကြောင့် စက်တင်ဘာ ၁၇ ရက်မှာ နောက်ထပ်ရွေးကောက်ပွဲသစ်တခုကို အစ္စရေးနိုင်ငံမှာ ကျင်းပရတော့မှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့လက ရွေးကောက်ပွဲပြီးနောက် လက်ယာယိမ်း ညွန့်ပေါင်းအဖွဲ့သစ်အတွက် သဘောတူညီချက်တခုရရှိဖို့ ၀န်ကြီးချုပ်နေတန်ယာဟုက ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပါဘူး။

 

အဲဒီအကြပ်အတည်းရဲ့ အဓိကအချက်ကတော့  ဂျူးကျမ်းစာသင်ကျောင်းသားတွေအတွက် စစ်မှုထမ်းကင်းလွတ်ခွင့် ဥပဒေကြမ်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ ၀န်ကြီးချုပ်တဦးက မလုပ်ဆောင်နိုင်တာဟာ  အစ္စရေးနိုင်ငံသမိုင်းမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ် နေတန်ယာဟုအနေနဲ့ ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ မေ ၂၉ ရက်က နောက်ဆုံးသတ်မှတ်ချိန်ကျော်လွန်ပြီးနောက် ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ်ကျင်းပဖို့ လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

Ref : BBC

Photo : Reuters

#voiceofmyanmar # အစ္စရေးမှာညွန့်ပေါင်းအစိုးရမဖွဲ့နိုင်လို့ရွေးကောက်ပွဲပြန်ကျင်းပရတော့မယ် # ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW