ရန်ကုန်တိုင်းမှာ တနှစ်ဆယ်လအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀၄ ခု ခွင့်ပြုခဲ့

ရန်ကုန် ၊ မေ ၃၀ – ၂၀၁၉

သိင်္ဂီ (VOM)

 

အချိန် တနှစ်ဆယ်လအတွင်း  ရန်ကုန်တိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀၄ ခုကို ခွင့်ပြုခဲ့တယ်လို့ မနေ့ မေလ ၂၉ ရက်က ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ  ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

 

 

“ရန်ကုန်မှာက manufacturing (ကုန်ထုတ်လုပ်မှု) ကဏ္ဍကို ရင်းနှီးမြှုပ်နှံတာ ပိုများတယ်၊ ကျန်တဲ့ စက်မှုကဏ္ဍ ၊ ဟိုတယ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနဲ့ တခြားကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံတာတွေ ရှိနေပါတယ်။” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီး ဦးမျိုးခိုင်ဦးက  ပြောပါတယ်။

 

 

ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ စတင်ခွင့်ပြုပေးခဲ့တဲ့  ၂၀၁၇ ခုနှစ် ဩဂုတ် ကနေ ၂၀၁၉ ခုနှစ် မေ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀၄ ခုကို  ခွင့်ပြုခဲ့တာဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၁ သိန်း ၃ ထောင်ကျော်ကို ဖန်တီးပေးနိုင်သလို အမေရိကန်ဒေါ်လာ ၃၀၈.၃၀၉ မီလီယံ နဲ့  မြန်မာကျပ်ငွေ ၇၃.၈ ဘီလျံ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

အခုလို မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက ရင်းနှီးမြှပ်နှံမှု အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

 

#voiceofmyanmar # ရန်ကုန်တိုင်းမှာနှစ်နှစ်နီးပါးအတွင်းရင်းနှီးမြှုပ်နှံမှု၂၀၄ခုခွင့်ပြုခဲ့ #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW