အရှင်လတ်လတ် မီးရှို့အသတ်ခံရတဲ့ ဆယ်ကျော်သက်မိန်းကလေးအမှု လူ ၁၆ ဦးကို စွဲချက်တင်

ဒါကာ၊ မေ-၃၀-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားခံရတယ်ဆိုတဲ့  သတင်းတွေထွက်ပေါ်ပြီးနောက် ဆယ်ကျော်သက်မိန်းကလေးတဦးကို အရှင်လတ်လတ်မီးရှို့အသတ်ခံရတဲ့ တုန်လှုပ်ဖွယ်လူသတ်မှုနဲ့ ပတ်သက်ပြီး လူ ၁၆ ဦးကို စွဲချက်တင်လိုက်ပါတယ်။

 

အသက် ၁၉ နှစ်အရွယ် နျူဆရက်ဂျာဟန်ရာဖီဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို တိုင်ကြားပြီးနောက် ရက်အနည်းငယ်အကြာ ဧပြီ ၆ ရက်မှာတော့ သူမပညာသင်ကြားနေတဲ့ အစ္စလာမ်စာသင်ကျောင်းရဲ့ ခေါင်မိုးပေါ်မှာ ရေနံဆီနဲ့လောင်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

ဒီလူသတ်မှုနဲ့  ပတ်သက်ပြီး စွဲချက်တင်ခံရသူတွေထဲမှာ အဲဒီဘာသာရေးကျောင်းရဲ့ ကျောင်းအုပ်ဆရာဖြစ်သူ ဆာရက်ယူဒီဒိုလာဟာ အဓိကပါဝင်သူ ဖြစ်ပါတယ်။

 

ကျောင်းအုပ်ဆရာအပေါ် ဆယ်ကျော်သက်မိန်းကလေးက စွပ်စွဲတိုင်ကြားတာတွေကို ရုပ်သိမ်းပေးဖို့ သူမက  ငြင်းဆိုချိန်မှာတော့ ကျောင်းအုပ်ဆရာဟာ မိန်းကလေးကိုသတ်ဖြတ်ဖို့ သူ့လူတွေကို အမိန့်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားခံရသူတွေရဲ့ အားနည်းချက်တွေ၊ မတရားခံရတာတွေအပေါ် မီးမောင်းထိုးပြတဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။

Ref : BBC

Photo : Family handout

#voiceofmyanmar #အရှင်လတ်လတ်မီးရှို့အသတ်ခံရတဲ့ဆယ်ကျော်သက်မိန်းကလေးအမှု #လူ၁၆ဦးကို စွဲချက်တင်  #အိန္ဒယ #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW