လေဆင်းနှာမောင်းတိုက်လို့ မြို့နယ်ကိုးခုက နေအိမ် ၂၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး လူနဲ့သံဃာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

ဇူလိုင် ၆ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်ခြေ ၂၀၀ ထက်မနည်း အမိုးလန်ပျက်စီးခြင်း ၊ ပြိုကျခြင်းအပြင် ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုတွေဟာမနေ့က ဇူလိုင် ၅ ရက်နေ့ ၊ နေ့လယ် ၂ နာရီဝန်းကျင်လောက်ကစပြီး ညပိုင်း ၉ နာရီလောက်အတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ ဆိုရင် မနေ့က ညနေ ၄ နာရီခွဲလောက်မှာ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားပြီး ညောင်ပင်ဆိပ်ဘုရားကုန်းကျေးရွာမှာ နေအိမ်ကိုးလုံးလောက် အမိုးလန်ပျက်စီးပြီး သစ်ပင်တွေလဲကျမှု ဖြစ်ပွားခဲ့ပါတယ်။ ပေါင်မြို့နယ် ကဒါမြို့သစ်ဘက်မှာတော့ ည ၇ နာရီခွဲလောက်မှာ…

Read More

မဟာဗျူဟာမြောက် ပိုက်လိုင်းလမ်းကြောင်းနှင့် မြန်မာ့အလယ်ပိုင်းက စစ်ရေးစိန်ခေါ်မှု

ဇူလိုင် ၆-၂၀၂၆ KKA(VOM) မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းနဲ့ မကွေးတိုင်းကို ဖြတ်သန်းသွားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းဟာ ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူ (မဒေးကျွန်း)ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ထောင်ချီ ရှည်လျားတဲ့ မဟာဗျူဟာမြောက် စီမံကိန်းကြီး ဖြစ်ပါတယ်။ ဒီပိုက်လိုင်းတလျှောက် လုံခြုံရေးကို အစိုးရတပ်မတော်က တာဝန်ယူထားပါတယ်။ ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ်အသီးသီးမှာလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေလှုပ်ရှားနေကြပါတယ်။ မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်းရာ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ ရေစကြို၊ ပခုက္ကူ၊ ပေါက်၊ မကွေး စတဲ့ မြို့နယ်တွေအတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ NUG လက်အောက်ခံ PDF တပ်‌တွေနဲ့ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ ၅၀ နီးပါးရှိနေပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေစုဆောင်းပြီး ဖွဲ့စည်းထားတဲ့ ပြောက်ကျားအဖွဲ့ငယ်လေး‌တွေကလည်း ပိုက်လိုင်းအနီးဝန်းကျင် ကျေးလက်ဒေသတွေမှာ လှုပ်ရှားနေတာတွေ…

Read More

SKY Villa ပိုင်ရှင်ကို ထောင်ဒဏ် ၅ နှစ်ချတဲ့အမှု တရားလိုရော တရားခံရော အထက်အဆင့်ဆင့်ကို ပြင်ဆင်ခွင့်နဲ့ အယူခံတက်ဖို့ နှစ်ဘက်စလုံးကစီစဥ်နေ

မန္တလေး၊ ဇူလိုင်- ၆- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဖမ်းဆီးပြီးနောက် အာမခံပေးထားရာက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်တရားရုံးက ပြန်ကြားရေးအရာရှိ ပြောပြတာက ” ဦးနိုင်ထွန်းလင်းကို ၂၃ ရက် ၆ လ ၂၀၂၆ ခုနှစ်က ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာပါ၊ ကျမတို့ရုံးမှာတော့ ဒီတမှုနဲ့ပဲ စွဲဆိုထားတာပါ၊ ပထမတုန်းကတော့ အာမခံနဲ့ ရင်ဆိုင်ခဲ့ပါတယ်၊ အောင်မြေသာစံခရိုင်တရားရုံးကနေ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉က/၂၀၂၆ အမှုတွဲကိုကြည့်ရှုဖို့ခေါ်ထားတဲ့အတွက် ပေးပို့ထားပါတယ်” VOM ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။…

Read More

ထန်းတပင်က ၅ နှစ်ကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိ

ဇူလိုင် ၆ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ KG တက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကို ဒီကနေ့ ဇူလိုင် ၆ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ် ။ တရားခံက အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင် ဆိုသူဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း ၊ နတ်တလင်းမြို့နယ်မှာ ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ နတ်တလင်းမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ” မြို့နယ်ရဲမှူးပါတဲ့အဖွဲ့က မြို့ပေါ်ရပ်ကွက်တွေထဲကို နယ်မြေလုံခြုံရေး ကင်းလှည့်ချိန်မှာ သူကို( တရားခံ)…

Read More
VOM News

FREE
VIEW