စဥ့်ကိုင်မှာ ရှေ့နေတစ်ယောက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

စဥ့်ကိုင်  မေ  ၃ -၂၀၁၉

မောင်တာရာ (VOM)

 

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့မှာ အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးဌေးကျော်ဆိုသူက ဥပဒေအာဏာ သက်ရောက်မှု အညီအမျှဖြစ်ရေးအတွက် ဒီနေ့  နံနက် ၉ နာရီက  စဥ့်ကိုင်မြို့ပေါ်မှာ  တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 

”အရင်တခါ ဆန္ဒထုတ်ဖော်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်ခဲ့တာ၊ ဒါပေမယ့်လည်း ထိရောက်မှုမရှိခဲ့ဘူး။ တာဝန်ရှိတဲ့လူတွေအားလုံးက လစ်လျှူရှုနေကြတယ် ။ အခုအကြိမ်က တရားဥပဒေ စိုးမိုးမှုမရှိရုံမကဘူး ဥပဒေချိုးဖောက်တဲ့သူများကို အရေးယူရာမှာ ဘက်လိုက်မှု ဖုံးကွယ်မှုများနဲ့ ပြစ်မှုကျူးလွန်သူကို တွေ့ရှိပါလျှက် အမှုဖွင့်ထားရုံမှအပ အရေးယူဆာင်ရွက်မှုတွေ အချိန်ဆွဲနေတာ ” ဟု အထက်တန်းရှေ့နေ ဦးဌေးကျော်က က ပြောပါတယ်။

 

 

စဥ့်ကိုင်မြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး  သက်ဆိုင်ရာအလိုက် လုပ်ဆောင်မှုအားနည်းနေမှုအပေါ် အထက်တန်းရှေ့နေ ဦးဌေးကျော်ဟာ တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ၂၀၁၈ ခုနှစ် မေ ၂၉ ရက်နေ့က တစ်ကြိမ် တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။ ယခုအကြိမ်ဟာ သူ့ရဲ့ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ်။

 

 

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုမှာ ဥပဒေအာဏာ သက်ရောက်မှု အညီအမျှဖြစ်ရေး စာတန်းပါဗီနိုင်း ကိုင်ဆောင်ပြီး စဥ့်ကိုင်မြို့ ရန်ကုန် – မန္တလေး အဝေးပြေးကားလမ်းဘေးရှိ  ပြည်သူ့ပန်းခြံရှေ့ကနေ စဥ့်ကိုင်မြို့တွင်းသို့  ဗိုလ်တေဇလမ်းအတိုင်း မြို့သစ်ရပ်ရှိ စုပေါင်းရုံးအထိ  ထို့ကနေ မင်းရဲကျော်စွာလမ်အတိုင်း ငြိမ်းချမ်းစွာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ရာ ပြည်သူ့ပန်းခြံသို့ပြန်လည်ရောက်ရှိပြီး နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ရုတ်သိမ်းခဲ့ပါတယ်။

 

#voiceofmyanmar  #စဥ့်ကိုင် #ရှေ့နေ #တကိုယ်တော်ဆန္ဒထုတ်ဖေါ်

Related posts

Leave a Comment

VOM News

FREE
VIEW