နတ္တလင်းမှာ ယာဉ်​တိုက်​မှု ဖြစ်လို့ စာရင်းအင်းဦးစီးဌာန လက်​​ထောက်​ဦးစီးမှူးသေဆုံး

နတ္တလင်း ​မေ ၃ -၂၀၁၉

မိုးယံ (ဇီးကုန်း)

 

ပြည်​ခရိုင်​ နတ္တလင်းမြို့ နယ်​ ရွာသာကုန်းရွာနဲ့ ​ဂေါက်​ကွင်းကြား ရန်​ကုန်​-ပြည်​ ကားလမ်းမှာ ​မေလ ၂ရက်​ ည ၂နာရီခန့်​ က ဆိုင်​ကယ်​နဲ့ ကားမျက်​နှာချင်းဆိုင်​ တိုက်​မိလို့ သာယာဝတီခရိုင်​ လယ်​ယာမြေ စီမံခန့်​ခွဲ​ရေးနှင့်​စာရင်းအင်းဦးစီးဌာန လက်​​ထောက်​ဦးစီးမှူး ​သေဆုံးသွားတယ်​လို့ နတ္တလင်းမြို့ မရဲစခန်း က သိရပါတယ်​။

 

ရန်​ကုန်​-ပြည်​ လမ်းအတိုင်း ရန်​ကုန်​ကနေ  ပြည်​ဘက်​ကို လက်​​ထောက်​ဦးစီးမှူး ဦးဘိုဘို​အောင်​ စီးနင်းလာ​တဲ့ ၅၉ ယ /၇၁၆၀ Loujia110 ​ကျောက်​စိမ်း​ရောင်​ဆိုင်​ကယ်​နဲ့ ပြည်ကနေ  ရန်​ကုန်​ကို မောင်းလာတဲ့   YGN 6J / Probox အဖြူ​ရောင်​ကားဟာ  မျက်​နှာချင်းဆိုင်​ တိုက်​မိလို့  ဦးဘိုဘို​အောင်​ကို  ဒဏ်​ရာတွေနဲ့ နတ္တလင်းမြို့ ပြည်​သူ့​ဆေးရုံပို့ပြီး ဆေးကုသစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

ယာဉ်​တိုက်​မှု ကြောင့်​ ဆိုင်​ကယ်​နဲ့ ကား ပျက်​စီးမှုတန်​ဖိုး (၅၀၀၀၀၀)ကျပ်​ခန့်​ ပျက်​ဆီးခဲ့ပြီး အမှုကို နတ္တလင်းမြို့ မရဲစခန်း တာဝန်​မှူး ဒုရဲအုပ်​ အိအိဖြိုးက တရားလိုလုပ်ပြီးယာဉ်​(ပ)၁၁/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က အရ  ပရိုဘောက်ကားမောင်းသူ မောင်အောင်ကို အမှုဖွင့်​အရေးယူထားတယ်​လို့ သိရပါတယ်​။

 

#voiceofmyanmar #နတ္တလင်း  #ယာဉ်တိုက်မှု

 

Related posts

Leave a Comment

VOM News

FREE
VIEW