ရုပ်ရှင် ဇာတ်ကားနှစ်ကား ပြိုင်ပြီးရုံတင်နေတဲ့အပေါ် စိုးရိမ်နေတဲ့ နေတိုး

ရန်ကုန် မေ ၄ -၂၀၁၉

သင်းသဒ္ဒါ

 

စွယ်စုံရမင်းသားတစ်ယောက်အဖြစ် ပရိသတ်အသိအမှတ်ပြုထားခံရတဲ့ အကယ်ဒမီနေတိုးကတော့ သူရိုက်ထားတဲ့ဇာတ်ကားနှစ်ကားပြိုင်ရုံတင်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

 

“ရုပ်ရှင်ရေစီးကြောင်းက နှစ်ကားပြိုင်တူ ရုံတင်လိုက်တော့ ဇာတ်လမ်း၊ ဇာတ်အိမ်မတူတာ ကံကောင်းတယ်လို့ ပြောလို့ရတာပေါ့။အရသာမတူတော့ ပရိသတ်ကမျှပြီး ကြည့်လို့ရတာပေါ့။ကျွန်တော် အနေနဲ့လည်း ဇာတ်ကားတွေ တိုက်တဲ့အတွက် တော်တော်လေးကို အန္တရာယ်များပါတယ်။ ဗီဒီိယိုတောင် တ ပြိုင်တည်း ရုံတင်ရင် သွားတာပဲလေ။တော်တော်လေးကို ပြောင်းလဲနိုင်အောင် လုပ်မှရမှာပါ။ ဒီလိုသာဆက် တိုက်ဖြစ်လာရင် ကျွန်တော့်အနေနဲ့လည်း စိုးရိမ်မိပါတယ်”လို့ ဆိုပါတယ်။

 

လက်ရှိမှာ နေတိုးရဲ့ မဟူရာရုပ်ရှင်ရုံ ဇာတ်ကား၊ ပြုံးရွှင်ရေ…ပျော်ရဲ့လား ဇာတ်ကားနှစ်ကား တပြိုင် တည်းရုံတင်နေထားသလို မကြာခင်မှာ ပြဿနာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ဆက်လက် ရုံတင်ဖို့ လည်း ရှိနေပါတယ်။

 

“ဒီဇာတ်ကားတွေအတွက် အခြေအနေကို ခဏခဏလှမ်းမေးရတယ်။ နှစ်ကားလုံးက အရသာမတူတော့ တော်သေးတာပေါ့။နောက် ဒရာမာ ၂ ကား တိုက်တာတို့၊ ဟာသကား ၂ ကားတိုက်တာ တွေ ဖြစ်လာရင် ကျွန်တော်တို့ အတွက်ရော၊ အနုပညာ တစ်လောကလုံး အတွက် ပရိသတ်အတွက်ပါ မ ကောင်းသလို ဖြစ်မယ်။ ရုံကောင်းတွေလည်း အများကြီးလည်း တိုးလာတယ်။ ရိုက်ကူးမှုတွေလည်း အရင် လောက်မများတော့ဘူး။ ဇာတ်ကားကောင်းတွေ ပိုတွေ့ရတယ်”လို့ ဆိုပါတယ်။

 

ခုလို ရုပ်ရှင်ကားတွေ ရုံတင် တိုက်နေတာနဲ့ ပတ်သက်ပြီး ရုပ်ရှင်တွေအနေနဲ့ပဲဖြစ်ဖြစ် ၊ ထုတ်လုပ်သူတွေဖြစ်ဖြစ် ၊ ရုပ်ရှင်အစည်း အရုံးကပဲဖြစ်ဖြစ် ပြသရေး ပတ် သက်တဲ့ အကြောင်းကို နည်းနည်းလေး ညှိနှိုင်းပေးဖို့ လိုနေပြီလို့ နေတိုးကပြောဆိုခဲ့ပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #အနုပညာ  #နေတိုး

Related posts

Leave a Comment

VOM News

FREE
VIEW