ပြည်​သူ့သ​ဘောဆန္ဒမပါဘဲ ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူး တင်​​မြှောက်​လို့ သာကေတ ၃ရပ်​ကွက်​​ပြည်​သူ ထောင်ချီဆန္ဒပြ

ရန်ကုန် မေ ၄-၂၀၁၉   သစ်တော် (VOM)   သာ​ကေတမြို့နယ်​ အမှတ် ၃ ရန်​​ပြေရပ်​ကွက်​မှာ ပြည်​သူ့သ​ဘောဆန္ဒမပါဘဲ ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူး အသစ်​တင်​​မြှောက်​ခဲ့တာကြောင့်​ ရပ်​ကွက်​​နေပြည်​သူ ၃၀၀၀ ခန့်ဟာ  ဒီနေ့ ​ ည​နေ ၃နာရီက သာ​ကေတမြို့နယ် ​မြကန်​သာပန်းခြံ​ဘေးရှိ​ ထွေအုပ်​ရုံး​ရှေ့မှာ ဆန္ဒ​​ပြခဲ့ကြပါတယ်​။   အရင်ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​ဟောင်းဟာ လွန်​ခဲ့တဲ့ရက်​ပိုင်းက​ ရပ်​ကွက်​ထဲမှာရှိတဲ့  စာသင်​​ကျောင်းအုတ်တံတိုင်းဖြိုချခဲ့မှု​ကြောင့် ရာထူးကထုတ်ခံရပြီး သူ့နေရာကို လူအများရဲ့ သဘောဆန္ဒမပါဘဲ ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူးအသစ်​တင်​​မြှောက်​ခဲ့​တာလို့ ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်   “အများပြည်​သူကြည်​ညိုအားထားရတဲ့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​ဟောင်းကို မြို့နယ်​​ထွေအုပ်​ကတာဝန်​မှ ရပ်​စဲတာကိုကန့်​ကွက်​ပါတယ်​ သူကိုအုပ်​ချုပ်​ရေးမှူးအဖြစ်​ပြန်​လည် ပေးအပ်​​စေချင်​ပါတယ်​”လို့ ဆန္ဒပြရာတွင်​ပါဝင်​ခဲ့သူတစ်​ဦးက​ပြောပါတယ်။   သူတို့ ဆန္ဒထုတ်​​ဖော်​ရာမှာ ကျွေး​ကြော်​သံတွေအဖြစ်​ ၃/ ရန်​​ပြေရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးဦးဝင်းကြိုင်​အားပြန်​လည်ခန့်​ထား​ရေး ၊  ၃/ရန်​​ပြေရပ်​ကွက်​အများပိုင်​​ဘောလုံးကွင်း ​မြေ​နေရာပိုင်​ဆိုင်​မှု အမှုမှန်​​ပေါ်​ပေါက်​​ရေး ၊  ရန်​​ပြေရပ်​ကွက်​ ​ဘောလုံးကွင်း အများပိုင်​​မြေ​နေရာ ကျူ​ကျော်ထားသူများအား အလိုမရှိ ၊…

Read More

ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်​တွေကို ရာသီဥတုဒဏ် ခိုလှုံဖို့နေရာ​တွေ သတ်မှတ်

ရန်​ကုန်​ ၊ မေ ၄-၂၀၁၉ သူရိန် (VOM)     ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်​တွေလှိုင်းဒဏ် ၊လေဒဏ် ခိုလှုံနိုင်ဖို့ ပြည်နယ်နဲ့တိုင်း ၄ခုမှာ ရာသီဥတုဒဏ်ခိုလှုံဖို့​ နေရာ​တွေကို ငါးလုပ်ငန်းဦးစီးဌာနက သတ်​မှတ်​​ပေးလိုက်​​ပါတယ်​။   ငါးဖမ်း​ရေယာဉ်​​တွေအ​နေနဲ့ ရာသီဥတုဒဏ် ခိုလှုံဖို့သတ်မှတ်ပေးထားတဲ့ ၁၅ နေရာမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကမင်းဂံချောင်းအတွင်း ၊ ပေါက်တောမြို့နယ်က ဖရုံဂါကျွန်း ၊ ကျောက်ဖြူမြို့နယ်က ငလပွေ့ချောင်း ၊ သံတွဲမြို့နယ်က ဆင်ခေါင်း ဆိပ်ကမ်းနဲ့ သဗြုချိုင် ၊ တောင်ကုတ်မြို့နယ်က သင်္ဘောဆိပ် ၊ ဂွမြို့နယ်က တင်တောကျေးရွာအုပ်စု ၊ အမော်ချိုင် ၊ ဧရာဝတီတိုင်းငပုတောမြို့နယ်က ဟိုင်းကြီးကျွန်းနဲ့ ပြင်ခရိုင်ချောင်းဝကျေးရွာ ၊ဘိုကလေးမြို့နယ်က ကဒုံကနိကျေးရွာ ၊ မွန်ပြည်နယ်ရေးမြို့နယ်ကဝါးကျွန်းနဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က လောင်းလုံဘုတ်ကျွန်း၊ မြိတ်မြို့နယ်က တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်က ပြင်စဘုကျွန်းတို့ဖြစ်ပါတယ်​။…

Read More

ဇီးကုန်း နတ္တလင်းမှာ လေပြင်းကြောင့် ကားလမ်း ရထားလမ်း ယာယီပိတ်

ဇီးကုန်း မေလ ၄-၂၀၁၉ မိုးယံ ( VOM) မေ ၄ရက် ဒီ​နေ့ည​နေ ၅နာရီခွဲ အချိန်​ခန့်​က တိုက်​ခတ်​သွားတဲ့​ လေပြင်း​ကြောင့်​ ဇီးကုန်းမြို့နတ္တလင်းမြို့နား ရန်​ကုန်​-ပြည်​ ကားလမ်းတစ်​​လျောက်​နဲ့ မီးရထားလမ်းတစ်​​လျောက်​ သစ်​ပင်​ကြီးတွေပြိုလဲပြီး  လမ်းတွေပိတ်​ဆို့​နေလို့ ကားလမ်းလည်းပိတ်နေသလို ရန်​ကုန်​-ပြည်​ အမြန်​ရထားလည်း သွားဖို့ခက်ခဲနေတာကြောင်ရ့ပ်ထားရပါတယ်။   ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်နဲ့ နတ္တလင်းမြို့နယ်​ထဲက  ရန်​ကုန်​-ပြည်​ ကားလမ်း တစ်​​လျောက်​၊ ရထားလမ်းတစ်​​လျောက်​မှာ တိုက်​ခတ်​ခဲ့တဲ့မုန်​တိုင်း​ကြောင့်​ နတ္တလင်းမြို့ မှ ကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်​နားမှာ ဒီနေ့​ ည​နေ ၆ နာရီ ပြည်​ကိုထွက်မယ့် ရန်ကုန်-ပြည် အမြန်ရထား ထွက်မရဖြစ်နေပါတယ်။    ဗီအိုအမ်က ဇီးကုန်းဘူတာ ရုံပိုင်လေး ဦးအောင်နိုင်ထွန်းကို ညဦးပိုင်း ၈ နာရီဝန်းကျင်က မေးကြည့်တော့   `သစ်​ပင်​က ၁၀ ပင်​​လောက်​ရထားလမ်း​ပေါ် လဲကျ​နေတာ ကျွန်​​တော်​တို့ ဒီကဝန်​ထမ်း​တွေ…

Read More

ပြည်မှာ ပထမဆုံးအကြိမ် ကရင်စာပေယဉ်ကျေးမှုသင်တန်းဖွင့်

ပြည် ၊  မေ ၄-၂၀၁၉ ဂျန်ကိုးလ် (VOM)   ပဲခူးတိုင်း၊ ပြည်မြို့မှာ ကရင်စာပေသင်တန်းကို ပထမဦးဆုံးအကြိမ်အဖြစ် တလကြာ ဖွင့်လှစ်သင်ကြားမယ်လို့ ကရင်စာပေနဲ့ယဉ်ကျေးမှု့ကော်မတီကသိရပါတယ် အချိန်တလကြာမြင့်မယ့်  အဲဒီသင်တန်းကို ဒီကနေ့မေလ၄ရက်နေ့မနက်ပိုင်းက ပြည် ကမ်းနားလမ်းမှာရှိတဲ့ ဘုရားကျောင်းမှာပြုလုပ်ခဲ့ပါတယ်။   “စာပေနဲ့ ယဉ်ကျေးမှုကော်မတီကလည်း မကြာခင်ကမှ ဖွဲ့စည်းထားတယ်ပေါ့နော် ပြန်ပြီးတော့မှ စုစည်းပြီးတော့ ကရင်စာပေရော ယဉ်ကျေးမှုရော စလေ့ထုံးစံတွေ ပြန်လည်ဖော်ထုတ်ဖို့ပေါ့နော် ကျမတို့အဲလိုစီစဉ်ထားတယ်ကရင်စာပေကို ပြန်ပြီးတော့ စတင် သင်ကြားမယ့် အစီအစဉ်ဖြစ်ပါတယ်”လို့ ပြည်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ နန့်သက်သက်ဝင်းကပြောပါတယ်   ကရင်စာပေသင်တန်းကိုလာရောက်သင်ယူတဲ့ စောဟေဘလုထူးကတော့ “ကျနော်တို့ကိုယ်တိုင် ကရင်ဘာသာစကားကို စီကာပတ်ကုံးကျအောင် ဖတ်လည်းမဖတ်တတ်ဘူး ပြောလည်းမပြောတတ်ဘူး အခုနောက်ပိုင်း ကျနော့်နောက်က ငယ်တဲ့ကလေးတွေကို ကြည့်လို့ရှိရင် ပြောတတ်တာ ဆိုတာ အရမ်းနည်းသွားပြီး စိုးရိမ်စရာရှိတယ် အခုလို သင်တန်းတွေရှိလာတဲ့အတွက် ၀မ်းမြောက်တယ် ကျနော်တို့…

Read More

ဂျပန်ပင်လယ်ပြင်ကို တာတိုပစ်ဒုံးပျံတွေနဲ့ မြောက်ကိုရီးယား ပစ်ခတ်

ပြုံးယမ်း၊ မေ-၄-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားနိုင်ငံဟာ  တာတိုပစ်ဒုံးပျံ      တွေကို မေ ၃ ရက်က စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က အတည်ပြုပြောဆိုပါတယ်။ ဒုံးပျံတွေကို မြောက်ကိုရီးယား နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဟိုဒိုကျွန်းကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။   ဒီလိုစမ်းသပ်တာဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံတစ်စင်းကို မြောက်ကိုရီးယားစမ်းသပ်ပြီးနောက်ပိုင်း ပထမဆုံး ဒုံးပျံစမ်းသပ်မှုဖြစ်ပါတယ်။ ဒါ့အပြင် မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကိုလည်း စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြီးခဲတဲ့လမှာ ထုတ်ဖော်ပြောဆိုပါတယ်။   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့တဲ့ ဗီယက်နမ်ထိပ်သီးဆွေးနွေးပြီးနောက်ပိုင်း ပထမဆုံး ဒုံးပျံစမ်းသပ်မှုလည်းဖြစ်ပါတယ်။   ဒါပေမယ့်လည်း တာတိုပစ်ဒုံးပျံတွေပစ်ခတ်တာဟာ မြောက်ကိုရီးယားရဲ့ ကတိက၀တ်ဖြစ်တဲ့ တာဝေးပစ်ဒုံးပျံ ဒါမှမဟုတ် နျူကလီးယားဒုံးပျံတွေ မစမ်းသပ်ဘူးဆိုတဲ့ ကတိကို…

Read More

အရပ်သားတွေကို စစ်ဆေးတဲ့အခါ ဂျပန်ခေတ်ကလို ရွာတစ်ရွာလုံးကိုခေါ် ၊ နေပူပြင်မှာစုထားတာမျိုးတွေမလုပ်ဘဲ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း

စစ်တွေ၊ မေ ၄-၂၀၁၉ ခိုင်လင်းစံ (VOM)   တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသက ပြည်သူတွေကို သံသယနဲ့စစ်ဆေးမှု တွေ ပြုလုပ်တဲ့အခါမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ကို အရေးကြီး အဆိုတစ်ရပ်အဖြစ် ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။   ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းကဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး ပဉ္စမနေ့မှာ အရေးကြီးအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။     “သံသယနဲ့စစ်ဆေးမှုတွေကို မလုပ်နဲ့လို့ကျွန်တော်တို့က မပြောဘူး။ သံသယရှိတယ်ဆိုရင် ဖမ်းပါ၊ ဆီးပါ၊ စစ်ဆေးပါ။ ဒါပေမယ့် ဥပဒေနဲ့အညီလုပ်ဖို့ကိုပဲ ပြောတာပါ။ အခုရွာသားတွေ သေဆုံးမှုတွေရှိနေတယ်။ ထိခိုက်နစ်နာနေရတယ်။ဂျပန်ခေတ်တွေမှာလိုပဲ ရွာတစ်ရွာကိုဝင်လာလို့ရင် တစ်ရွာလုံးလာကြ ခေါ်ပြီးတော့ နေပူပြင်မှာစုထားတယ်။ ထမင်းမစားရဘူး။ ရေမသောက်ရဘူး။ ဥပဒေနဲ့အညီလုပ်ဖို့ကို ညွှန်ကြားပေးဖို့အတွက် အစိုးရကိုတိုက်တွန်းတာ ဖြစ်ပါတယ်။”လို့ အဆိုတင်သွင်းသူ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က…

Read More

မင်းကင်း-ကလေး ခရီးသည်တင်ယာဉ်တိမ်းမှောက် လူ ၄ဦး ဒဏ်ရာရ

မင်းကင်း၊ မေ ၄ ၊၂၀၁၉ မိုင်ချယ်ရီ (VOM)   စစ်ကိုင်းတိုင်း၊ မင်းကင်း နဲ့ ကလေး ပြေးဆွဲနေတဲ့ ရောင်နီယာဉ်လိုင်း အသင်းက ခရီးသည် ၁၃ ဦး တင်ဆောင် မောင်းနှင်လာတဲ့ ကားတိမ်းမှောက်ရာကနေ  ခရီးသည် ၄ ဦး ဒဏ်ရာ ရတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ မနက် ၁၀ နာရီ အချိန်လောက် က ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းမြို့မရဲစခန်းကနေ သိရပါတယ်။   ရောင်နီယာဉ်လိုင်း ကားအသင်း က ကိုချမ်းမြေ့သူ (၂၂) နှစ် မောင်းနှင်လာတဲ့ ကားဟာဆိုရင် မင်းကင်းမြို့နဲ့ မြို့မကျေးရွာ မိုင်တိုင်အမှတ် ၁၂၁ နဲ့ ၁၂၂ အကြား တောင်ကုန်းအတက်မှာ စလစ်ဖြစ်ပြီး နောက်ပြန်လျောကျရာကနေ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဒီလိုတိမ်းမှောက်တာကြောင့် ကားပေါ်ပါ ခရီးသည် ၁၃ ဦးထဲကနေ…

Read More

ပြန်လည်ထူထောင်ရေးစခန်း(ယခင်ဘိန်းဖြတ်စခန်း)ဖောက်ထွင်းခံရ

ပြည် ၊ မေ ၄ – ၂၀၁၉ ဂျန်ကိုးလ်   ပဲခူးတိုင်းပြည်မြို့ နယ်ဝက်ထီးကန်မှာရှိတဲ့ ယခင်ဘိန်းဖြတ်စခန်းလို့ လူသိများတဲ့ လူမှူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပိုင်ပြန်လည်ထူထောင်ရေးစခန်းမှာ ရှိတဲ့အဆောက်အဦတချို့ဖျက်စီးခိုးယူခံခဲ့ရတာနဲ့ပတ်သက်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့အမှု့ဖွင့်ထားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။   ဖြစ်စဉ်နဲ့ပတ်သက်ပြီးဝက်ထီးကန်နယ်မြေရဲစခန်းက (ပ)၂၈-၂၀၁၉ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးဥပဒေပုဒ်မ၆(၁)နဲ့အမှု့ဖွင့်လက်ခံခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။   ပြန်လည်ထူထောင်ရေးစခန်းအတွင်းက အဆောင်၅ခုမှာရှိတဲ့ သစ်ချောင်းရေ ၂၁၂ ချောင်း၊ သွပ် ၃၀၀ ချပ်ခန့် ကာလတန်ဖိုး ၁၉ သိန်း ကျော် ရှိတယ်လို့ဆိုပါတယ်။   ”အဆောက်အဦးတွေက လူနေဆောင်တော့မဟုတ်ဘူး၊ နွားခြံနဲ့ ဆိတ်မွေးမြူရေးခြံ၅လုံး အဟောင်းတော့ အဟောင်း၊ ဒါပေမယ့် ယိုယွင်းနေတာမဟုတ်ဘူး၊ သင်္ကြန်မတိုင်ခင်က ရေတိုင်ကီ သွားသယ်ခိုင်းတုန်းက ရှိသေးတယ်၊ နောက်ပိုင်းမှဖျက်စီးခိုးယူခံရတာ ဖြစ်တယ်။” လို့  ပြန်လည်ထူထောင်ရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းကပြောပါတယ်။   ဒီပြန်လည်ထူထောင်ရေးစခန်းဟာ   အရင်ကပြည်ထဲရေးဝန်ကြီးဌာန…

Read More

ခရီးသည် ၁၃၆ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး မြစ်အတွင်းကျ

ဖေလော်ရီဒါ၊ မေ-၄-၂၀၁၉ မျိုးဆက်(VOM)   ခရီးသည် ၁၃၆ ဦးတင်ဆောင်လာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ်တစ်စင်းဟာ မေ ၃ ရက်က လေယာဉ်ကွင်းမှာ ဆင်းသက်ရန်ကြိုးစားရာကနေ ပြေးလမ်းချော်ပြီး ဖလော်ရီဒါနယ်ပြည် ဂျက်ဆန်ဗီလီအနီးရှိ စိန့်ဂျွန်မြစ်အတွင်းကို ထိုးဆင်းသွားခဲ့တယ်လို့ ဂျက်ဆန်ဗီလီလေကြောင်းထိန်းသိမ်းရေးစခန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။   ထိခိုက်ဒါဏ်ရာရရှိသူအရေအတွက်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်တာမရှိသေးပေမယ့် ခရီးသည်၂၁  ဦး အသေးစားဒါဏ်ရာရရှိခဲ့ပြီး လေယာဉ်ဟာ  မိုးကြိုးအကြီးအကျယ်ပစ်နေစဉ်အတွင်း ဆင်းသက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဒေသခံ ရုပ်မြင်သံကြားသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။   လေယာဉ်ဟာ ဂွမ်တာနာမိုရေတပ်စခန်းကနေ ရောက်ရှိလာပြီး ဒေသစံတော်ချိန်ည ၉နာရီ ၄၀ မိနစ်အချိန်မှာ လေယာဉ်ပြေးလမ်းအဆုံးရှိ မြစ်အတွင်းကို ထိုးကျခဲ့တာလို့ လေကြောင်းထိန်းချုပ်ရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။   လေယောဉ်ပေါ်လိုက်ပါလာသူအားလုံး အသက်ရှင်လျက်ရှိကြောင်း၊ ဒါပေမယ့် လေယာဉ်မှလောင်စာဆီတွေ မြစ်အတွင်းကျဆင်းနေတာကို ထိန်းချုပ်ဖို့ လေယာဉ်အမှုထမ်းတွေက လုပ်ဆောင်နေတယ်လို့…

Read More
VOM News

FREE
VIEW