မင်းကင်း-ကလေး ခရီးသည်တင်ယာဉ်တိမ်းမှောက် လူ ၄ဦး ဒဏ်ရာရ

မင်းကင်း၊ မေ ၄ ၊၂၀၁၉

မိုင်ချယ်ရီ (VOM)

 

စစ်ကိုင်းတိုင်း၊ မင်းကင်း နဲ့ ကလေး ပြေးဆွဲနေတဲ့ ရောင်နီယာဉ်လိုင်း အသင်းက ခရီးသည် ၁၃ ဦး တင်ဆောင် မောင်းနှင်လာတဲ့ ကားတိမ်းမှောက်ရာကနေ  ခရီးသည် ၄ ဦး ဒဏ်ရာ ရတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ မနက် ၁၀ နာရီ အချိန်လောက် က ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းမြို့မရဲစခန်းကနေ သိရပါတယ်။

 

ရောင်နီယာဉ်လိုင်း ကားအသင်း က ကိုချမ်းမြေ့သူ (၂၂) နှစ် မောင်းနှင်လာတဲ့ ကားဟာဆိုရင် မင်းကင်းမြို့နဲ့ မြို့မကျေးရွာ မိုင်တိုင်အမှတ် ၁၂၁ နဲ့ ၁၂၂ အကြား တောင်ကုန်းအတက်မှာ စလစ်ဖြစ်ပြီး နောက်ပြန်လျောကျရာကနေ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဒီလိုတိမ်းမှောက်တာကြောင့် ကားပေါ်ပါ ခရီးသည် ၁၃ ဦးထဲကနေ အမျိုးသမီး၃ ဦး နဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ဒဏ်ရာမရတဲ့ ခရီးသည်တွေကိုတော့ မနက်ကပဲ တစ်ခြားကားနဲ့ ခရီးဆက်သွားကြပါတယ်။ဒဏ်ရာ ရတဲ့ ခရီးသည်တွေကို တော့ မင်းကင်းမြို့က ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေပါတယ်” လို့ မင်းကင်းမြို့မရဲစခန်း က ရဲအရာရှိ တစ်ဦး က ပြောပါတယ်။

 

ဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီး မင်းကင်းမြို့မရဲစခန်း မှာ ယာဉ်မောင်းကို ယာဉ်(ပ) ၅/၂၀၁၉ ၊ပုဒ်မ -၃၃၇/၃၃၈  နဲ့ အမှုဖွင့် ဖမ်းဆီးထားပြီး အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မင်းကင်း #ယာဉ်တိမ်းမှောက်

Related posts

✕
VOM News

FREE
VIEW