ခရီးသည် ၁၃၆ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး မြစ်အတွင်းကျ

ဖေလော်ရီဒါ၊ မေ-၄-၂၀၁၉

မျိုးဆက်(VOM)

 

ခရီးသည် ၁၃၆ ဦးတင်ဆောင်လာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ်တစ်စင်းဟာ မေ ၃ ရက်က လေယာဉ်ကွင်းမှာ ဆင်းသက်ရန်ကြိုးစားရာကနေ ပြေးလမ်းချော်ပြီး ဖလော်ရီဒါနယ်ပြည် ဂျက်ဆန်ဗီလီအနီးရှိ စိန့်ဂျွန်မြစ်အတွင်းကို ထိုးဆင်းသွားခဲ့တယ်လို့ ဂျက်ဆန်ဗီလီလေကြောင်းထိန်းသိမ်းရေးစခန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

 

ထိခိုက်ဒါဏ်ရာရရှိသူအရေအတွက်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်တာမရှိသေးပေမယ့် ခရီးသည်၂၁  ဦး အသေးစားဒါဏ်ရာရရှိခဲ့ပြီး လေယာဉ်ဟာ  မိုးကြိုးအကြီးအကျယ်ပစ်နေစဉ်အတွင်း ဆင်းသက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဒေသခံ ရုပ်မြင်သံကြားသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

 

လေယာဉ်ဟာ ဂွမ်တာနာမိုရေတပ်စခန်းကနေ ရောက်ရှိလာပြီး ဒေသစံတော်ချိန်ည ၉နာရီ ၄၀ မိနစ်အချိန်မှာ လေယာဉ်ပြေးလမ်းအဆုံးရှိ မြစ်အတွင်းကို ထိုးကျခဲ့တာလို့ လေကြောင်းထိန်းချုပ်ရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

လေယောဉ်ပေါ်လိုက်ပါလာသူအားလုံး အသက်ရှင်လျက်ရှိကြောင်း၊ ဒါပေမယ့် လေယာဉ်မှလောင်စာဆီတွေ မြစ်အတွင်းကျဆင်းနေတာကို ထိန်းချုပ်ဖို့ လေယာဉ်အမှုထမ်းတွေက လုပ်ဆောင်နေတယ်လို့ ဂျက်ဆင်ဗီလီမြို့တော်ဝန် လန်နီကာရီက ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

 

အဲဒီဘိုးအင်းလေယာဉ်မတော်တဆဖြစ်ပွားတာကို သိရှိကြောင်းနဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြစ်ပွားရတဲ့ ကြောင်းရင်း၊  အချက်အလက်တွေစုဆောင်းနေတယ်လို့  ဘိုးအင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။

 

Ref : Reuters

Photo : JACKSONVILLE SHERIFF’S OFFICE

#voiceofmyanmar #အမေရိကန်ဖလော်ရီဒါနယ်ပြည် #လေယာဉ်ပြေးလမ်းချော်

Related posts

✕
VOM News

FREE
VIEW