ပြန်လည်ထူထောင်ရေးစခန်း(ယခင်ဘိန်းဖြတ်စခန်း)ဖောက်ထွင်းခံရ

ပြည် ၊ မေ ၄ – ၂၀၁၉

ဂျန်ကိုးလ်

 

ပဲခူးတိုင်းပြည်မြို့ နယ်ဝက်ထီးကန်မှာရှိတဲ့ ယခင်ဘိန်းဖြတ်စခန်းလို့ လူသိများတဲ့ လူမှူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပိုင်ပြန်လည်ထူထောင်ရေးစခန်းမှာ ရှိတဲ့အဆောက်အဦတချို့ဖျက်စီးခိုးယူခံခဲ့ရတာနဲ့ပတ်သက်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့အမှု့ဖွင့်ထားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီးဝက်ထီးကန်နယ်မြေရဲစခန်းက (ပ)၂၈-၂၀၁၉ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးဥပဒေပုဒ်မ၆(၁)နဲ့အမှု့ဖွင့်လက်ခံခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

ပြန်လည်ထူထောင်ရေးစခန်းအတွင်းက အဆောင်၅ခုမှာရှိတဲ့ သစ်ချောင်းရေ ၂၁၂ ချောင်း၊ သွပ် ၃၀၀ ချပ်ခန့် ကာလတန်ဖိုး ၁၉ သိန်း ကျော် ရှိတယ်လို့ဆိုပါတယ်။

 

”အဆောက်အဦးတွေက လူနေဆောင်တော့မဟုတ်ဘူး၊ နွားခြံနဲ့ ဆိတ်မွေးမြူရေးခြံ၅လုံး အဟောင်းတော့ အဟောင်း၊ ဒါပေမယ့် ယိုယွင်းနေတာမဟုတ်ဘူး၊ သင်္ကြန်မတိုင်ခင်က ရေတိုင်ကီ သွားသယ်ခိုင်းတုန်းက ရှိသေးတယ်၊ နောက်ပိုင်းမှဖျက်စီးခိုးယူခံရတာ ဖြစ်တယ်။” လို့  ပြန်လည်ထူထောင်ရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းကပြောပါတယ်။

 

ဒီပြန်လည်ထူထောင်ရေးစခန်းဟာ   အရင်ကပြည်ထဲရေးဝန်ကြီးဌာန မူးယစ်အထူးတပ်ဖွဲ့ကနေ တာဝန်ယူဆောင်ရွက်တဲ့ ဘိန်းဖြတ်စခန်းဖြစ်ပြီး  ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်ဖေဖေါ်ဝါရီလ ကမှလူကယ်ပြန်ဌာနကို လွှဲပြောင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

#voiceofmyanmar #ပြည် #ဖောက်ထွင်းမှု

Related posts

✕
VOM News

FREE
VIEW