ပြည်မှာ ပထမဆုံးအကြိမ် ကရင်စာပေယဉ်ကျေးမှုသင်တန်းဖွင့်

ပြည် ၊  မေ ၄-၂၀၁၉

ဂျန်ကိုးလ် (VOM)

 

ပဲခူးတိုင်း၊ ပြည်မြို့မှာ ကရင်စာပေသင်တန်းကို ပထမဦးဆုံးအကြိမ်အဖြစ် တလကြာ ဖွင့်လှစ်သင်ကြားမယ်လို့ ကရင်စာပေနဲ့ယဉ်ကျေးမှု့ကော်မတီကသိရပါတယ် အချိန်တလကြာမြင့်မယ့်  အဲဒီသင်တန်းကို ဒီကနေ့မေလ၄ရက်နေ့မနက်ပိုင်းက ပြည် ကမ်းနားလမ်းမှာရှိတဲ့ ဘုရားကျောင်းမှာပြုလုပ်ခဲ့ပါတယ်။

 

“စာပေနဲ့ ယဉ်ကျေးမှုကော်မတီကလည်း မကြာခင်ကမှ ဖွဲ့စည်းထားတယ်ပေါ့နော် ပြန်ပြီးတော့မှ စုစည်းပြီးတော့ ကရင်စာပေရော ယဉ်ကျေးမှုရော စလေ့ထုံးစံတွေ ပြန်လည်ဖော်ထုတ်ဖို့ပေါ့နော် ကျမတို့အဲလိုစီစဉ်ထားတယ်ကရင်စာပေကို ပြန်ပြီးတော့ စတင် သင်ကြားမယ့် အစီအစဉ်ဖြစ်ပါတယ်”လို့ ပြည်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ နန့်သက်သက်ဝင်းကပြောပါတယ်

 

ကရင်စာပေသင်တန်းကိုလာရောက်သင်ယူတဲ့ စောဟေဘလုထူးကတော့ “ကျနော်တို့ကိုယ်တိုင် ကရင်ဘာသာစကားကို စီကာပတ်ကုံးကျအောင် ဖတ်လည်းမဖတ်တတ်ဘူး ပြောလည်းမပြောတတ်ဘူး အခုနောက်ပိုင်း ကျနော့်နောက်က ငယ်တဲ့ကလေးတွေကို ကြည့်လို့ရှိရင် ပြောတတ်တာ ဆိုတာ အရမ်းနည်းသွားပြီး စိုးရိမ်စရာရှိတယ် အခုလို သင်တန်းတွေရှိလာတဲ့အတွက် ၀မ်းမြောက်တယ် ကျနော်တို့ မသိသေးတဲ့သူတွေ သင်လို့ရတယ် ပြောလို့ရတယ်။”လို့ပြောပါတယ်

 

ပြည်မြို့နယ်မှာ ကရင်တိုင်းရင်းသားလူဦးရေဟာ ပြည်မြို့လူဦးရေရဲ့ ၅ရာနုန်းလောက်ရှိပြီး  ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီကိုတော့  ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW