ပြည်​သူ့သ​ဘောဆန္ဒမပါဘဲ ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူး တင်​​မြှောက်​လို့ သာကေတ ၃ရပ်​ကွက်​​ပြည်​သူ ထောင်ချီဆန္ဒပြ

ရန်ကုန် မေ ၄-၂၀၁၉

 

သစ်တော် (VOM)

 

သာ​ကေတမြို့နယ်​ အမှတ် ၃ ရန်​​ပြေရပ်​ကွက်​မှာ ပြည်​သူ့သ​ဘောဆန္ဒမပါဘဲ ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူး အသစ်​တင်​​မြှောက်​ခဲ့တာကြောင့်​ ရပ်​ကွက်​​နေပြည်​သူ ၃၀၀၀ ခန့်ဟာ  ဒီနေ့ ​ ည​နေ ၃နာရီက သာ​ကေတမြို့နယ် ​မြကန်​သာပန်းခြံ​ဘေးရှိ​ ထွေအုပ်​ရုံး​ရှေ့မှာ ဆန္ဒ​​ပြခဲ့ကြပါတယ်​။

 

အရင်ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​ဟောင်းဟာ လွန်​ခဲ့တဲ့ရက်​ပိုင်းက​ ရပ်​ကွက်​ထဲမှာရှိတဲ့  စာသင်​​ကျောင်းအုတ်တံတိုင်းဖြိုချခဲ့မှု​ကြောင့် ရာထူးကထုတ်ခံရပြီး သူ့နေရာကို လူအများရဲ့ သဘောဆန္ဒမပါဘဲ ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူးအသစ်​တင်​​မြှောက်​ခဲ့​တာလို့ ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်

 

“အများပြည်​သူကြည်​ညိုအားထားရတဲ့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​ဟောင်းကို မြို့နယ်​​ထွေအုပ်​ကတာဝန်​မှ ရပ်​စဲတာကိုကန့်​ကွက်​ပါတယ်​ သူကိုအုပ်​ချုပ်​ရေးမှူးအဖြစ်​ပြန်​လည် ပေးအပ်​​စေချင်​ပါတယ်​”လို့ ဆန္ဒပြရာတွင်​ပါဝင်​ခဲ့သူတစ်​ဦးက​ပြောပါတယ်။

 

သူတို့ ဆန္ဒထုတ်​​ဖော်​ရာမှာ ကျွေး​ကြော်​သံတွေအဖြစ်​ ၃/ ရန်​​ပြေရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးဦးဝင်းကြိုင်​အားပြန်​လည်ခန့်​ထား​ရေး ၊  ၃/ရန်​​ပြေရပ်​ကွက်​အများပိုင်​​ဘောလုံးကွင်း ​မြေ​နေရာပိုင်​ဆိုင်​မှု အမှုမှန်​​ပေါ်​ပေါက်​​ရေး ၊  ရန်​​ပြေရပ်​ကွက်​ ​ဘောလုံးကွင်း အများပိုင်​​မြေ​နေရာ ကျူ​ကျော်ထားသူများအား အလိုမရှိ ၊ လူထုဆန္ဒပြည့်​​ရေး ​အောင်​ရမယ်လို့ အသီးသီ​ကြွေး​ကြော်​ခဲ့ကြ​ပါတယ်။

 

#voiceofmyanmar #သာကေတ #အုပ်ချုပ်ရေးမှူး #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW